အကောင်းဆုံးပုံစံ ရရှိနေသည့် ဝါနာကို အနားပေးရန် လမ်းပတ် အစီအစဉ်မရှိ

ဖရန့်လမ်းပတ်က အကောင်းဆုံးပုံစံ ရရှိနေသည့် တီမိုဝါနာ၏ နေရာမှာ ခြိမ်းခြောက်ခံရခြင်း မရှိဘဲ အလိုအလျှောက် ပွဲထွက်ကစားသမား ဖြစ်နေကြောင်း ပြောကြားလာသည်။ ဖရန့်လမ်းပတ်သည် ပြီးခဲ့သည့်အပတ်က ဘန်လေနှင့်ပွဲတွင် ဝါနာကို အနားပေးရန် စီစဉ်ခဲ့သော်လည်း ပွဲမတိုင်မီသွေးပူလေ့ကျင့်ခန်းအစီအစဉ်တွင် ပူလီဆစ် ဒဏ်ရာရရှိသွားမှုကြောင့် ဘယ်တောင်ပံတွင် အသုံးပြုခဲ့ရသည်။

အမေရိကန်လက်ရွေးစင်ပူလီဆစ်သည် ကြားရက်တုန်းက ချန်ပီယံလိဂ်ပွဲကို လွဲချော်ခဲ့သည့်အ ပြင် ရှက်ဖီးလ်ယူနိုက်တက်နှင့်ပွဲကိုလည်း လွဲချော်ဦးမည် ဖြစ်သည်။ ထို့ကြောင့် ဝါနာသည် ချဲလ်ဆီးတိုက်စစ်တွင် အတွဲညီနေသည့် အေဘရာဟမ်နှင့် ဆက်လက်ပွဲထွက်လာဦးမည် ဖြစ်သည်။

ဖရန့်လမ်းပတ်က ဂျာမနီလက်ရွေးစင်တိုက်စစ်မှူးကို အနားပေးရန် စီစဉ်ခဲ့ကြောင်း၊ သို့ရာတွင် လက်ရှိအခြေအနေတွင် အနားပေးရန် မလိုအပ်သေးကြောင်း ပြောကြားသွားသည်။

ဖရန့်လမ်းပတ်က “ဘန်လေနဲ့ပွဲတုန်းက သူ့ကို အနားပေးဖို့ စီစဉ်ခဲ့တယ်။ ဘန်လေသို့ ခရီး ထွက်ရတယ်။ ပြီးတော့ ရုရှားသို့လည်း သွားရဦးမယ်ဆိုတော့ အနားပေးဖို့ စီစဉ်ခဲ့တာပါ။ တီမိုဟာ ပွဲတွေ အများကြီး ကစားခဲ့ရပြီးပါပြီ။ ကစားသမားတွေ ပွဲအများကြီး ပွဲကစားပြီး အသင်းရဲ့ကစားဟန်မှာ အံဝင်ဂွင်ကျ ကစားရတာ ပျော်နေမှု၊ လိဂ်သစ်မှာ အံဝင်လာတို့က ကျွန်တော့်ခေါင်းထဲမှာ အမြဲတမ်း ချိန်ထိုးနေပါတယ်။ တီမိုအတွက် ဒါက အရေးကြီးတယ်လို့ လည်း ထင်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ကျေနပ်တယ်။ သူ့ကို အတတ်နိုင်ဆုံး လန်းဆန်း နေအောင် စီမံသွားပါမယ်”ဟု ပြောကြားခဲ့သည်။

တီမိုဝါနာ အကောင်းဆုံးပုံစံ ရရှိနေမှုနှင့်အတူ ဂီရောက်မှာ ချဲလ်ဆီး၌ နေရာရရှိရန် ပိုမို ရုန်းကန် လာနေရသည်။ အသက် ၃၄ နှစ်ရှိ ဝါရင့်တိုက်စစ်မှူးသည် ပြီးခဲ့သည့် ရာသီနှောင်းပိုင်းတွင် ၈ ဂိုးသွင်းယူကာ ချဲလ်ဆီးအား ချန်ပီယံလိဂ်ဝင်ခွင့် ရရှိအောင် အဓိကနေရာမှ ကူညီခဲ့သူ ဖြစ်သည်။

ပြင်သစ်တိုက်စစ်မှူးသည် ယခုရာသီတွင် တစ်ပွဲတည်းသာ ပွဲထွက်ခွင့်ရထားပြီး ၁၅၁ မိနစ်တည်းသာ ကစားခွင့်ရထားသည်။ ဝါနာမှာ ယခုရာသီ ပွဲအားလုံးပွဲထွက်ခွင့်ရထားပြီး ၉၇၁ မိနစ်ကစားထားသည်။

ဖရန့်လမ်းပတ်က အသင်းအတွက် အကောင်းဆုံးလုပ်ဆောင်ခဲ့သည့် ဂီရောက်ကို အရန်ခုံသို့ ပို့ထားရန် ခက်ခဲစွာ ဆုံးဖြတ်ထားရကြောင်း ပြောကြားသွားသည်။

လမ်းပတ်က “သူက အကောင်းဆုံးလေ့ကျင့်သလို အသင်းကိုလည်း အားပေးပါတယ်။ အသင်းနဲ့ပတ်သက်လည်း အားလုံးအဆင်ပြေပါတယ်။ ကျွန်တော်က ကစားသမားကောင်း၊ လူကောင်းကို ပွဲကစားခွင့်မရတာ မနှစ်သက်ပါဘူး။ ပြီးခဲ့တဲ့ရာသီတစ်ဝက်လောက်အထိ တမ်မီအေဘရာဟမ်က ပွဲထွက်ခဲ့တယ်။ ပရီးမီးယားလိဂ်ရဲ့ဂိုးအများဆုံးသွင်းသူထဲက တစ် ယောက်ဖြစ်ခဲ့တယ်။ နောက်တော့ အိုလီ(ဂီရောက်)ရောက်လာတယ်။ သူ့ရဲ့ခြေစွမ်းအရမ်းကောင်းမှုနဲ့အတူ ကျွန်တော်တို့ ထိပ်သီးလေးသင်းစာရင်းဝင်ခဲ့တယ်။ ဒီတော့ အသင်းရွေးချယ်တာနဲ့ပတ်သက်ပြီး ဖြေရတာ ခက်ခဲသလို ရွေးရလည်း ခက်ခဲပါတယ်။ အိုလီ(ဂီ ရောက်)ကလည်း တကယ့်ကို ပရော်ဖက်ရှင်နယ်ပီသတဲ့သူတစ်ယောက်ပါ”ဟု ပြောကြားသွားသည်။

Facebook Comments Box
Facebook Comment