
အကောင်းဆုံးပုံစံ ရရှိနေတဲ့ အာဆင်နယ်တို့ လက်စတာကို အနိုင်ယူကာ လိဂ်ဖလား နောက်တစ်ဆင့်သို့ တက်ရောက်
ပွဲရလဒ်
လက်စတာ – ၀
အာဆင်နယ် – ၂
ဖုချ် (၅၇၊ OG) ၊ နကီတာ (၉၀)
ခရစ္စတီယန်ဖုချ်ရဲ့ OG ဂိုး၊ အက်ဒီနကီတာရဲ့ ဂိုးနဲ့အတူ အာဆင်နယ်ဟာ လက်စတာကို ကာရာဘောင်းဖလား တတိယအဆင့်မှာ အနိုင်ရရှိခဲ့ပါတယ်။ လက်စတာကို အနိုင်ရရှိလာတဲ့ အာဆင်နယ်ဟာ စတုတ္ထအဆင့်မှာ လီဗာပူးနှင့် ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ အာဆင်နယ်ဟာ ယနေ့ည လီဗာပူး-လင်ကွန်းပွဲစဉ်မှ အနိုင်ရရှိတဲ့အသင်းနဲ့ စတုတ္ထအဆင့်မှာ ရင်ဆိုင်ကစားရမှာ ဖြစ်ပါတယ်။
ယခုနိုင်ပွဲကြောင့် အာတီတာ ဦးဆောင်တဲ့ အာဆင်နယ်ဟာ ယခုရာသီမှာ ပွဲတိုင်း အနိုင်ရရှိတဲ့ မှတ်တမ်းကောင်းကို ဆက်လက် ရယူထားနိုင်ပါတယ်။ ၎င်းတို့ဟာ လက်စတာပွဲမတိုင်မီ လီဗာပူးကို ကွန်မြူနတီဒိုင်းမှာလည်းကောင်းအနိုင်ရရှိခဲ့သလို ပရီးမီးယားလိဂ်အဖွင့်ပွဲနှစ်ပွဲလုံးလည်း အနိုင်ရရှိထားပါတယ်။
အာတီတာဟာ ကစားသမားအပြောင်းအလဲ ၇ ခုအထိ ပြုလုပ်ခဲ့ပေမယ့် တောင့်တင်းတဲ့အသင်းနဲ့ဘဲ ပွဲထွက်လာခဲ့တာ ဖြစ်ပြီး ကွင်းလယ်ဖန်တီးရှင် အိုဇေးလ်အတွက် နေရာမရှိသေးပါဘူး။ အိုဇေးလ်ဟာ ဇွန်လနောက်ပိုင်းမှာ အာဆင်နယ်အတွက် တစ်ပွဲမျှ ကစားခွင့်မရသေးပါဘူး။

ကလပ်ရဲ့စံချိန်တင် ပြောင်းရွှေ့ကြေးရှင် ပီပီ ပွဲထွက်လာပြီး အာဆင်နယ် တိုက်စစ်ကို နကီတာ၊ နယ်လ်ဆင်တို့နဲ့ ဦးဆောင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ နှစ်ပွဲဆက် အနိုင်ရထားတဲ့ လက်စတာမှာလည်း မော်ဂန်၊ ဖုချ်၊ အယ်ဘရိုက်တန်၊ မက်ဒီဆင်၊ အီဟန်နာချိုတို့ ပါဝင်ခဲ့ပါတယ်။ မက်ဒီဆင်ဟာ ၂၀၂၀-၂၁ ရာသီမှာ လက်စတာအတွက် ပထမဆုံးအကြိမ်အဖြစ် ပွဲထွက်ကစားခဲ့တာဖြစ်ပြီး သူ့ကန်ချက် ဂိုးတိုင်ထိသွားခဲ့လို့ အာဆင်နယ်တို့ သက်သာရာရခဲ့တာပါ။
ယခုပွဲမှာ အာဆင်နယ်ရဲ့ ဘူကာယိုဆာကာဟာ အကောင်းဆုံးပုံစံနဲ့ ဆက်လက် ကစားသွားခဲ့ပြီး အာဆင်နယ်မှာ ဆက်လက် ပုံမှန်ပွဲထွက်ကစားဖို့ ထိုက်တန်နေကြောင်း ပြသခဲ့သလို နကီတာကလည်း အကောင်းဆုံးပုံစံနဲ့ ကစားခဲ့ပါတယ်။ နကီတာရဲ့ လက်စတာဂိုးသမားကို အသာမကျော်ပြီး သွင်းတဲ့ဂိုးကို ဝက်စ်မော်ဂန် ခေါင်းတိုက်ဖျက်ထုတ်ခဲ့လို ဒီပွဲမှာ သူ နှစ်ဂိုး မရခဲ့တာပါ။

ပရီးမီးယားလိဂ်မှာ အကောင်းဆုံးပုံစံ ပြသနေတဲ့ လက်စတာဟာ ပထမအစ ၅ မိနစ်အတွင်းမှာဘဲ အီဟန်နာချိုရဲ့ ကန်ချက်တွေရဲ့ အာဆင်နယ်ကို နှစ်ကြိမ်တိုင်တိုင် ခြိမ်းခြောက်နိုင်ခဲ့ပြီး အာဆင်နယ်ဂိုးသမားလီနို ခြေထောက်နဲ့ တားဆီးနိုင်ခဲ့လို့ ကံကောင်းခဲ့ပါတယ်။ ဒါပေမယ့် ပွဲချိန်ကြာလာတာနဲ့အမျှ အာတီတာ လက်အောက်မှာ အကောင်းဆုံးပုံစံရရှိနေတဲ့ အာဆင်နယ်ဟာ ပွဲကို အလှပဆုံး ထိန်းချုပ် ကစားနိုင်ခဲ့ပါတယ်။ အထူးသဖြင့် ဆာကာဟာ အထူးခြေစွမ်းပြနိုင်ခဲ့တာ တွေ့ရပြီး ခြိမ်းခြောက်မှု များစွာ ပြုလုပ်နိုင်ခဲ့ပါတယ်။ ပွဲချိန် ၂၀ မိနစ်မှာ ဆာကာရဲ့ ဘယ်တောင်ပံကနေ အတွင်းသို့ ထိုးဖောက် ဝင်ရောက်ပြီး ဧရိယာအပြင်မှ အပြင်းကန်ချက်ကို လက်စတာ ဂိုးသမား ပုတ်ထုတ်ကာကွယ်နိုင်ခဲ့လို့ ဂိုးမရခဲ့တာပါ။ ပထမပိုင်းမှာ လက်စတာဟာ ဂိုးရနိုင်တဲ့အခွင့်အရေး ရခဲ့ပါသေးတယ်။ ဂျိမ်းစ်မက်ဒီဆင်ရဲ့ ဧရိယာအစပ်မှာ ဝေ့ဝိုက်ကန်ချက် အာဆင်နယ်ဂိုးသမား လီနို ငုတ်တုပ်မေ့ခဲ့ပြီး တိုင်ထိသွားလို့ သက်သာရာ ရခဲ့တာပါ။ ဒုတိယပိုင်းမှာလည်း အာဆင်နယ်ကဘဲ တိုက်စစ်ပိုင်း အသာနဲ့ ကစားသွားခဲ့ပြီး ပွဲချိန် ၅၇ မိနစ်မှာ ပီပီရဲ့ ထိုးဖောက် ဖြတ်တင်ဘောကို ဖုချ်က ဖျက်ထုတ်ရာမှာ ကိုယ့်ဂိုးကိုယ်သွင်းမိပြီး အာဆင်နယ်တို့ ဦးဆောင်ဂိုး ရခဲ့ပါတယ်။ နကီတာဟာ အာဆင်နယ်အတွက် ဒုတိယဂိုး သွင်းနိုင်လုနီးပါး ဖြစ်ခဲ့ပေမယ့် သူ့ရဲ့ လက်စတာဂိုးသမားအပေါ်ကနေ အသာမ သွင်းမှုကို မော်ဂန် ခေါင်းတိုက် ဖျက်ထုတ်သွားလို့ နစ်နာခဲ့ရပါတယ်။ ပွဲချိန် ၈၁ မိနစ်မှာ လက်စတာတို့ ချေပဂိုးလုနီးပါးဖြစ်ခဲ့ပါတယ်။ အယ်ဘရိုက်တန်ရဲ့ ဖရီးကစ်ကနေ ပီရက်ဇ်ရဲ့ အနီးကပ်ခေါင်းတိုက်ချက် ဘေးထွက်သွားလို့ နစ်နာခဲ့ရပါတယ်။ ပွဲချိန် မိနစ် ၉၀ မှာတော့ အာဆင်နယ်တို့ ဒုတိယအနိုင်ဂိုးရခဲ့ပါတယ်။ လူစားဝင်လာတဲ့ ဘယ်လီရန်ရဲ့လက်စတာခံစစ်သို့ ထိုးဖောက်ပြီး အနိမ့်ဘောပေးပို့လိုက်မှုကနေ နကီတာက အနီးကပ် ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ပွဲထွက် လူစာရင်း
လက်စတာလူစာရင်း
ဂိုး – ဝတ်။
နောက်တန်း – အေမာတေး၊ မော်ဂန် ၊ ဖုချ် ၊ သောမတ်စ်။
အလယ်တန်း – ချောက်ဟူရီ၊ ဒေါဘူရီဟေးလ် (ပီရက်ဇ် ၇၆)၊ အယ်ဘရိုက်တန်၊ မက်ဒီဆင် (ပရက် ၇၂)၊ ဂရေး။
ရှေ့တန်း – အီဟန်နာချို။
အာဆင်နယ်လူစာရင်း
ဂိုး – လီနို။
နောက်တန်း – ဟိုးဒင်း၊ ဒေးဗစ်လုဇ်၊ ကိုလာဆီနစ်၊ မိုင်းလန်းနီလက်စ်။
အလယ်တန်း – ဝီလ်လော့ခ် (စီဘယ်လို့စ် ၇၈ မိနစ်)၊ အယ်နီနီ၊ ဆာကာ (ဘယ်လီရန် ၈၇ )။
ရှေ့တန်း – ပီပီ၊ နကီတာ၊ နယ်လ်ဆင် (ဝီလီယံ ၇၂)။
#soccer88