အကောင်းဆုံးနည်းပြဆုအတွက် ကလော့ပ်၊ နာဂယ်မန်းနှင့် ဟန်ဆီဖလစ်ခ်တို့ ယှဉ်ပြိုင်မည်

၂၀၁၉-၂၀၂၀ ဘောလုံးရာသီအတွက် ယူအီးအက်ဖ်အေ အကောင်းဆုံး အမျိုးသားနည်းပြဆု ဆန်ခါတင်စာရင်းတွင် ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်၊ ဘိုင်ယန်မြူးနစ်နည်းပြ ဟန်ဆီဖလစ်ခ်၊ လိုက်ပ်ဇစ်နည်းပြ နာဂယ်မန်းတို့ ပါဝင်လျက်ရှိသည်။

ကလော့ပ်သည် ယမန်နှစ်ရာသီက လီဗာပူးလ်အသင်းအား ဆယ်စုနှစ် ၃ ခုကြာ ဝေးကွာနေသော အမှတ်ပေးချန်ပီယံဆုကို ဒုတိယနေရာမှ မန်စီးတီးအား ၁၈ မှတ်ဖြတ်ကာ ပထမဆုံးအကြိမ် ရယူပေးနိုင်ခဲ့သည်။

ဟန်ဆီဖလစ်ခ်ကလည်း ဘိုင်ယန်မြူးနစ်အား တစ်ရာသီအတွင်း အဓိကဆုဖလား ၃ လုံး ရယူနိုင်စေရန် အကောင်းဆုံး ဦးဆောင်နိုင်ခဲ့သည်။

ဟော့ဖန်ဟိမ်းနည်းပြဟောင်း အသက် ၃၃ နှစ်အရွယ် နာဂယ်မန်းကလည်း လိုက်ပ်ဇစ်အား ပထမဆုံးအကြိမ် ကိုင်တွယ်သည့်ရာသီမှာပင် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်ထိရောက်အောင် ပို့ဆောင်ပေးနိုင်ခဲ့သည်။

ယူအီးအက်ဖ်အေ အကောင်းဆုံး အမျိုးသားနည်းပြဆုအတွက် ဆန်ခါတင် ၃ ဦးကို နည်းပြ ၈၀ ခန့်ထဲမှ ဥရောပ အားကစားဂျာနယ်လစ်များက မဲပေးရွေးချယ်ထားခြင်း ဖြစ်သည်။

ယူအီးအက်ဖ်အေ၏ အကောင်းဆုံးဆုများ ရွေးချယ်ပွဲကို အောက်တိုဘာ ၁ ရက်တွင် ဆွစ်ဇာလန်နိုင်ငံ၊ Nyon မြို့တွင် ပြုလုပ်မည့် ၂၀၂၀-၂၀၂၁ ချန်ပီယံလိဂ် အုပ်စုအဆင့် မဲခွဲပွဲနှင့်အတူ ကျင်းပသွားမည် ဖြစ်သည်။

Ref:liverpooltv

Facebook Comments Box
Facebook Comment