ဟီဂူယင်၏ အနီးကပ်ဆုံးသူ ဖွင့်ဟလာသည့် ဂျူဗင်တပ်နှင့် အနာဂတ်

ဂွန်ဇာလိုဟီဂူယင်ရဲ့ဖခင်ဖြစ်သူဂျော့က ဂျူဗင်တပ်မှာ သားဖြစ်သူအား ဆက်ရှိနေစေလိုဆဲဖြစ် ကြောင်းနှင့်အာဂျင်တီးနားတိုက်စစ်မှူးမှာ စာချုပ်သက်တမ်းကုန်ဆုံးတဲ့အထိ တူရင်တွင် ရှိနေမယ်လို့ယူဆကြောင်း ပြောကြားလိုက်ပါတယ်။


အာဂျင်တီးနားတိုက်စစ်မှူးဟာ မိခင်နိုင်ငံအာဂျင်တီးနားကလပ်ရေးဗားပလိတ်သို့ ပြောင်းမယ်လို့သတင်းများ ထွက်ပေါ်နေသူလည်းဖြစ်ပါတယ် ။ဒါ့အပြင် ဂျူဗင်တပ်နည်းပြသစ်ပီယာလိုဟာအသင်းကို အပြောင်းအလဲများစွာပြုလုပ်လိုနေပြီး အာရွန်ရမ်ဆေး၊ ခီဒီယာ၊ ဟီဂူယင်တို့ကို ရောင်းချရန် စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ်နေပါတယ်။


ဂျူဗင်တပ်ဟာအဓိကကွင်းလယ်ကစားသမားမာတူဒီကို တစ်နှစ်ကျန်စာချုပ်အား ဖျက်သိမ်းကာထွက်ခွာစေခဲ့ပြီးလည်းဖြစ်ပါတယ်။ မာတူဒီဟာ ဒေးဗစ်ဘက်ဟမ်းပူးတွဲ ပိုင်ဆိုင်တဲ့ အင်တာမီယာမီသို့ သုံးနှစ်စာချုပ်ဖြင့် ပြောင်းသွားခဲ့ပါတယ်။


ဒါပေမယ့်လည်း ဟီဂူယင်ရဲ့ဖခင်ဖြစ်သူကတော့ သားဖြစ်သူဟာ ဂျူဗင်တပ်မှာဘဲ ဆက်ရှိနေမယ်လို့ပြောကြားလာပါတယ်။


ဂျော့က “လာမယ့်နှစ်မှာရေးဗားပလိတ်မှာ ဟီဂူယင် ကစားဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။ဂျူဗင်တပ်ကသူ့ကိုအလိုမရှိတော့ဘူးဆိုတာကလည်းသတင်းအမှားပါ။ဂျူဗင်တပ်ကသူ့ကိုအလိုရှိနေတုန်းဖြစ်ပါတယ်။သူ့စာချုပ်ကိုလည်းဖျက်သိမ်းမှာမဟုတ်ပါဘူး။ကျွန်တော်ကတော့စာချုပ်သက်တမ်းကုန်တဲ့အထိဒီမှာရှိနေမယ်လို့ထင်ပါတယ်။အဲဒါပြီးရင်တော့ရေးဗားပလိတ်(သို့မဟုတ်)အခြားနေရာသို့သူသွားနိုင်ပါတယ်”လို့ပြောကြားသွားပါတယ်။
အသက်၃၂နှစ်ရှိ ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးဟောင်းဟာ၂၀၁၉-၂၀ရာသီမှာစီးရီးအေပွဲ ၃၂ပွဲကစားခွင့်ရရှိခဲ့ကာ ၈ဂိုးသွင်းယူပြီး ၄ကြိမ်ဖန်တီးထားနိုင်ခဲ့ပါတယ်။ ဟီဂူယင်ရဲ့လက်ရှိ စာချုပ်မှာ၂၀၁ခုနှစ်၊ဇွန်လမှာကုန်ဆုံးပါမယ်။

Facebook Comments Box
Facebook Comment