ဟာသာဘာလင် ကွင်းလယ်လူ ဂွမ်ဒူဇီ COVID-19 ကူးစက်ခံရ

အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ် COVID-19 သည် ကမ္ဘာကြီးအား အ ကြီးအကျယ် ခြိမ်းခြောက်လျက်ရှိသလို နယ်ပယ်တိုင်းအပေါ် သက်ရောက်မှုကြီးမားစွာ ရိုက်ခတ်လျက်ရှိသည်။

ကမ္ဘာ့ဘောလုံးလောကတွင်လည်း ရောဂါပိုး ကူးစက်ခံရသူ အရေအတွက် တိုးပွားလျက်ရှိရာ ယခုနောက်ဆုံး ဟာသာဘာလင် ကွင်းလယ်လူ ဂွမ်ဒူဇီမှာလည်း COVID-19 ကူးစက်ခံထားရကြောင်း ဘွန်ဒက်စ်လီဂါကလပ်က ကြေညာသည်။

နွေရာသီ အပြောင်းအရွှေ့တွင် အာဆင်နယ်မှ အဌားပြောင်းရွှေ့လာသော ပြင်သစ်လက်ရွေးစင် ဂွမ်ဒူဇီသည် နိုင်ငံတကာပွဲစဉ်များ ယှဉ်ပြိုင်ကစားအပြီး ပြန်လာချိန်တွင် ရောဂါပိုး ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

၎င်းသည် ကလပ်မှ ကစားသမားများ၊ ဝန်ထမ်းများနှင့် ထိတွေ့ခဲ့ခြင်းမရှိဘဲ ရောဂါလက္ခဏာ ပြသခြင်းမရှိကြောင်း ဟာသာဘာလင်အသင်းက ကြေညာချက်ထုတ်ပြန်သည်။

လက်ရှိအချိန်တွင် ဂွမ်ဒူဇီ၏ ကျန်းမာရေးမှာ ကောင်းမွန်လျက်ရှိသော်လည်း တစ်ဦးတည်း ၁၀ ရက်ခန့် သီးခြားခွဲ နေထိုင်ရမည်ဟုလည်း ဘွန်ဒက်စ်လီဂါကလပ်က ပြောသည်။

လက်ရှိအချိန်တွင် ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်ဒို၊ ကွင်းလယ်လူ မက်ကန်နီးတို့လည်း COVID-19 ကူးစက်ခံထားရသလို ဂွမ်ဒူဇီကလည်း နောက်ဆုံး ကူးစက်ခံရသော နာမည်သိ ကစားသမား ဖြစ်လာသည်။

Ref:allfootball

Facebook Comments Box
Facebook Comment