ဟာဗတ်ဇ်ရဲ့ ဟက်ထရစ်ဂိုးတွေနဲ့ လိဂ်ဖလား နောက်တစ်ဆင့် တက်ခဲ့တဲ့ ချဲလ်ဆီး

ပွဲရလဒ်

ချဲလ်ဆီး – ၆

အေဘရာဟမ်(၁၉)၊ ဟာဗတ်ဇ် (၂၈၊၅၅၊၆၅)၊ ဘာကလေ (၄၉)၊ ဂီရောက် (၈၃)

ဘန်လေ – ၀

ကိုင်ဟာဗတ်ဇ်ရဲ့ ဟက်ထရစ်ဂိုးတွေနဲ့အတူ ချဲလ်ဆီးဟာ ကာရာဘောင်းဖလားပွဲမှာ ဘန်စလေကို ၆-၀ ဂိုးဖြင့် ပြတ်ပြတ်သားသား အနိုင်ယူပြီး နောက်တစ်ဆင့်သို့ တက်ရောက်သွားနိုင်ခဲ့ပါတယ်။

အသက် ၂၁ နှစ်ရှိ ဂျာမနီလက်ရွေးစင်ဟာ ယခုလအစောပိုင်းတုန်းက လေဗာကူဆင်မှ ပြောင်းရွှေ့ကြေး ယူရို ၇၁ သန်းဖြင့် ပြောင်းလာပြီးနောက် ချဲလ်ဆီးအတွက် တတိယမြောက်ကစားတဲ့ပွဲမှာ ဟက်ထရစ်သွင်းနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ သူဟာ စီနီယာကစားသမားဘဝမှာ ပထမဆုံး ဟက်ထရစ်သွင်းနိုင်ခဲ့သလို ဖြစ်သလို ၂၀၂၀ ခုနှစ်အတွင်းမှာ ပြိုင်ပွဲအရပ်ရပ်မှာ ၁၈ ဂိုးသွင်းပြီး ၈ ကြိမ်ဖန်တီးထားနိုင်ပါတယ်။ သူဟာ လီဝန်ဒေါ့စကီး (၃၅)၊ မက်ဆီ (၃၂)၊ ရော်နယ်ဒို (၃၁) ပြီးရင် ဂိုးရရှိမှုမှာ ပါဝင်မှုအများဆုံး ဥရောပထိပ်ဆုံးကစားသမားငါးဦးစာရင်းမှာ ပါဝင်နေပါတယ်။

ချဲလ်ဆီးနည်းပြ ဖရန့်လမ်းပတ်ဟာ လီဗာပူးနှင့်ပွဲမှာ ပါဝင်တဲ့ ကစားသမားသုံးဦးကိုဘဲ ဘန်စလေနှင့်ပွဲမှာ အသုံးပြုကာ အပြောင်းအလဲ များစွာ ပြုလုပ်ခဲ့ပါတယ်။ ယခုနွေမှာ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရောက်လာတဲ့ အသက် ၃၆ နှစ်ရှိ တီယာဂိုဆေးလ်ဗားဟာ ချဲလ်ဆီးအတွက် ပထမဆုံးပွဲကို ပါဝင်ကစားခဲ့ပါတယ်။ ဘရာဇီးနောက်ခံလူဟာ ဒီပွဲမှာ သက်တောင့်သက်သာနဲ့ အကောင်းဆုံးကစားသွားခဲ့တာ တွေ့ရပါတယ်။

ဘန်စလေဟာ ပွဲအစပိုင်း ကူလေးဝုဒ်ရောရဲ့ အဝေးကန်ချက်နဲ့ ချဲလ်ဆီးဂိုးသမားကာဘယ်လီရိုကို ခြိမ်းခြောက်နိုင်ခဲ့ပေမယ့် ပွဲချိန် ၁၉ မိနစ်မှာ ဘန်စလေအလယ်တန်းကစားသမားက နောက်တန်းကို ဘောလုံးပြန်ပေးမှုကို အေဘရာဟမ်က လုယူပြီး ချဲလ်ဆီးအတွက် ဦးဆောင်ဂိုးစတင်သွင်းယူခဲ့ပါတယ်။ ယခုပွဲမှာ ချဲလ်ဆီးဟာ ဘန်စလေကို ပြင်းပြင်းထန်ထန် တိုက်စစ်ဆင်တာမျိုး မပြုလုပ်ဘဲ သက်တောင့်သက်သာနဲ့ ပွဲကို ထိန်းကာ အကောင်းဆုံးကစားသွားကာ ဘန်စလေဟာလည်း အမှားများစွာ ပြုလုပ်ခဲ့မှုကြောင့် ဂိုးတွေ ပေးခဲ့ရတာလည်း ဖြစ်ပါတယ်။ ပွဲချိန် ၂၈ မိနစ်မှာ မောင့်ရဲ့ ချပေးမှုကို အေဘရာဟမ် အသာလေး ဟပေးလိုက်မှ တဆင့် ဟာဗတ်ဇ်ဟာ အနိမ့်ဘော အသာအယာကန်ကာ သူ့ရဲ့ပထမဆုံး ချဲလ်ဆီးဂိုးကို သွင်းယူခဲ့ပါတယ်။ ဒုတိယပိုင်း ပွဲချိန် ၄၉ မိနစ်မှာ ဟာဗတ်ဇ်ရဲ့ ဘန်စလေ နောက်ခံလူဆီမှ ဖျက်ထုတ်လိုက်တဲ့ ဘောလုံးမှ တဆင့် ဘာကလေက ဧရိယာအစပ်မှအနိမ့်ဘောကန်ကာ ချဲလ်ဆီးအတွက် တတိယဂိုးသွင်းယူခဲ့ပါတယ်။ ပွဲချိန် ၅၅ မိနစ်မှာ ဘန်စလေ နောက်ခံလူအမှားကနေ အေဘရာဟမ်ရဲ့ဖနောင့်နဲ့ပေါက်ချပေးမှုကနေ တဆင့် ဟာဗတ်ဇ်က သူ့ရဲ့ ဒုတိယမြောက်ဂိုးကို သွင်းယူခဲ့ပါတယ်။ ဟာဗတ်ဟာ သူ့ရဲ့ ဟက်ထရစ်ဂိုးကို ပွဲချိန် ၆၅ မိနစ်မှာ အေဘရာဟမ်ရဲ့ ဖန်တီးမှုကနေဘဲ ဘန်စလေ ဂိုးသမားကို ကျော်ကာ အကာအကွယ်မဲ့နေတဲ့ ဂိုးပေါက်ထဲသို့ ကန်ပြီး သွင်းယူခဲ့ပါတယ်။ ချဲလ်ဆီးအတွက် အပိတ်ဂိုးကို ချဲလ်ဝဲလ်ရဲ့ ဖြတ်တင်ဘောကနေ ဂီရောက်က ခေါင်းတိုက် သွင်းယူခဲ့ပါတယ်။

ပွဲထွက်လူစာရင်း

ချဲလ်ဆီးလူစာရင်း

ဂိုး – ကာဘီလီရို။

နောက်တန်း – အက်ဇ်ပီလီကူတာ၊ တိုမိုရီ၊ ဆေးလ်ဗား (ဇူးမား ၆၁)၊ အီမာဆင်။

အလယ်တန်း – ဘာကလေ၊ ကိုဗာဆစ်၊ ဟက်ဆင်အိုဒွိုင်။

ရှေ့တန်း – မောင့်၊ ဟာဗတ်ဇ်၊ အေဘရာဟမ်

ဘန်စလေ လူစာရင်း

ဂိုး – ကောလင်း

နောက်တန်း – ဆိုးလ်ဘူအာ၊ ဟယ်မဲ၊ ဝီလီယမ်၊ လုခ်ဝင်း။

အလယ်တန်း – ရစ်ဇ်မိုင်ယာ (အိုဒူအော် ၇၁ )၊ မိုဝက်၊ စတိုင်လက်စ်၊ ဝုဒ်ရော (သောမတ်စ် ၄၅)။

ရှေ့တန်း – ရှာမက်၊ ဖရေဇာ (ချာပလင် ၅၇)။

Facebook Comments Box
Facebook Comment