ဟာဗက်ဇ် ထွက်ခွာပြီဟု လေဗာကူဆင်နည်းပြ အတည်ပြု

လေဗာကူဆင်နည်းပြ ပီတာဘော့ဇ်က ချဲလ်ဆီးအသင်းမှ ပစ်မှတ်ထားနေသည့် ဂျာမနီလက်ရွေးစင် တောင်ပံကစားသမား ကိုင်ဟာဗက်ဇ်သည် အသင်း၏ ရာသီကြို လေ့ကျင့်ရေးအစီအစဉ်သို့ လာရောက်ခြင်းမရှိသော ကြောင့် အသင်းမှထွက်ခွာပြီဟု ပြောကြားလိုက်သည်။

အသက် ၂၁ နှစ်အရွယ် ဟာဗက်ဇ်သည် ယမန်နေ့ကပြုလုပ်သော လေဗာကူဆင်၏ ရာသီကြို ကြံ့ခိုင်ရေးလေ့ကျင့်မှု အစီအစဉ်သို့ တက်ရောက်ခြင်းမရှိရာ ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးသို့ပြောင်းရွှေ့ရန် သေချာသလောက် ရှိနေပြီဖြစ်သည်။

ချန်ပီယံလိဂ်ဝင်ခွင့် ရရှိထားသော နည်းပြလမ်းပတ်၏ ချဲလ်ဆီးသည် ယမန်နှစ်ရာသီက လေဗာကူဆင်အတွက် ပြိုင်ပွဲစုံ ၁၈ ဂိုးသွင်းထားသော ဟာဗက်ဇ်ကို ပြောင်းရွှေ့ကြေး ပေါင် သန်း ၉၀ ဖြင့် ခေါ်ယူရန်စီစဉ်ထားပြီး ၅ နှစ်စာချုပ် ချုပ်ဆိုမည်ဟု သတင်းထွက်ပေါ်နေသည်။

ချဲလ်ဆီးသည် ယခုရာသီအတွက် တီမိုဝါနာ၊ ဟာကင်ဇီရက်ချ်၊ ဘန်ချီဝဲလ်တို့ကို ပြောင်းရွှေ့ကြေး အမြောက်အများဖြင့် ခေါ်ယူထားသလို ပီအက်စ်ဂျီနောက်ခံလူ သီယာဂိုဆေးလ်ဗားကိုလည်း အလွတ်ခေါ်ယူထားသည်။

လေဗာကူဆင်၏ ရာသီကြို လေ့ကျင့်မှုအစီအစဉ်သို့ ဟာဗက်ဇ်တစ်ယောက်တည်းသာ တက်ရောက်ရန် ပျက်ကွက်ခြင်းမဟုတ်ဘဲ မိုနာကိုသို့ ပြောင်းရွှေ့မည်ဟု သတင်းထွက်နေသော တိုက်စစ်မှူး ကီဗင်ဗော်လန်လည်း ပူးပေါင်းခြင်း မရှိပေ။

လေဗာကူဆင်၏ လတ်တလော အခြေအနေနှင့် ပတ်သက်၍ ပီတာဘော့ဇ်က “ဗော်လန်နဲ့ ဟာဗက်ဇ်တို့ဟာ ကျွန် တော်တို့အသင်းနဲ့ လာရောက်လေ့ကျင့်မယ်လို့ မမျှော်လင့်တော့ပါဘူး။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ အပြောင်း အရွှေ့မှာ ကစားသမားသစ်တွေကို ရှာဖွေရတော့မှာပါ” ဟု ပြောသည်။

Ref:Metro

Facebook Comments Box
Facebook Comment