
ဟယ်ရီကိန်းကို စူပါစတားဖြစ်အောင် လုပ်ပေးမယ်လို့ မော်ရင်ညို ကတိပေးခဲ့
စပါးနည်းပြ ဟိုဆေးမော်ရင်ညိုသည် ဒုတိယအသင်းခေါင်းဆောင် အင်္ဂလန်တိုက်စစ်မှူး ဟယ်ရီကိန်းကို ကမ္ဘာ့အ ကောင်းဆုံးကစားသမားတစ်ဦးဖြစ်လာအောင် ကူညီပေးသွားမည်ဟုပြောကြားခဲ့ကြောင်း ၎င်းတို့နှစ်ဦး ပထမဆုံး တွေ့ ဆုံခဲ့မှုကို ကိုးကား၍ talksport သတင်းဌာနက ဖော်ပြသည်။
ပေါ်တို၊ ချဲလ်ဆီး၊ အင်တာမီလန်၊ ရီးရဲလ်မက်ဒရစ်၊ မန်ယူတို့ကို ကိုင်တွယ်ကာ အောင်မြင်မှုများရယူခဲ့သည့် မော် ရင်ညိုသည် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလအတွင်း ထုတ်ပယ်ခံခဲ့ရသော ပိုချက်တီနို၏နေရာကိုအစားဝင်ကာ လန်ဒန်အ ခြေစိုက် စပါးကို ကိုင်တွယ်ခဲ့ခြင်းဖြစ်သည်။
ပရီးမီးယားလိဂ်သို့ တစ်ကျော့ပြန်ရောက်ရှိလာပြီးနောက် မော်ရင်ညိုသည် ဟယ်ရီကိန်းနှင့် ပထမဆုံးတွေ့ဆုံမှုအ တွင်း နှစ်ယောက်သားအပြန်အလှန်ဆွေးနွေးခဲ့သည်များအား Amazon Prime Video က လာမည့်သြဂုတ်လ ၃၁ ရက် တွင် All or Nothing အမည်ဖြင့် ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။ အဆိုပါတွေ့ဆုံမှုအတွင်း မော်ရင်ညိုနှင့် ဟယ်ရီကိန်းတို့သည် အသင်း၏အနာဂတ်အစီအစဉ်၊ လတ်တလောအနေ အထား အပါအဝင် ဘောလုံးရေးရာကိစ္စများအပေါ် ဆွေးနွေးခဲ့ကြသည်။
မော်ရင်ညိုက စပါးကစားသမားများမှာ ၎င်း၏အသင်းဟောင်း မန်ယူမှ ကစားသမားများထက် ပိုကောင်းသည်ဟု ပြောသလို ဟယ်ရီကိန်းကိုလည်း ကမ္ဘာ့အကောင်းဆုံး စူပါစတားကစားသမားများအနက် တစ်ဦးအပါအဝင်ဖြစ် အောင် ကူညီပေးမည်ဟုလည်း ပြောသည်။
မော်ရင်ညိုသည် ၂၀၁၉-၂၀၂၀ ရာသီတွင် စပါးကို အဆင့် ၆ နေရာရရှိစေခဲ့ပြီး အသက် ၂၇ နှစ်အရွယ် ဟယ်ရီ ကိန်းကလည်း ပရီးမီးယားလိဂ် ၁၈ ဂိုးအပါအဝင် ပြိုင်ပွဲစုံ ၂၄ ဂိုး သွင်းယူခဲ့သည်။
Ref: talksport