ဟင်းနရစ်လာဆင်ကို ဘာစီလိုနာနည်းပြအဖွဲ့မှာ မြင်တွေ့ရမလား?

ဘာစီလိုနာနည်းပြသစ်ရော်နယ်ကိုးမန်းသည် ဟင်းနရစ်လာဆင်ကို နည်းပြအဖွဲ့တွင် ခန့်အပ်ရန် စဉ်းစားနေကြောင်း သိရသည်။ ရော်နယ်ကိုးမန်းသည် ဘာစီလိုနာသို့ ရောက်ရှိနေပြီဖြစ်ပြီး ၁၂ နာရီအတွင်းတွင် ဘာစီလိုနာနည်းပြသစ်အဖြစ် တရားဝင် ခန့်အပ်ခံရရန် သေချာနေသည်။

ဘာစီလိုနာသည် ဘိုင်ယန်မြူးနစ်ကို ၈-၂ ဖြင့် ရှုံးနိမ့်ကာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှ ထွက်ခွာရပြီးနောက် နည်းပြဆီတိန်းနှင့် အားကစားဒါရိုက်တာအဲရစ်အဘီဒယ်တို့အား ရာထူးမှ ထုတ်ပယ်ထားသည်။

လာဆင်သည် ၂၀၁၉ ခုနှစ်တုန်းက ဟယ်ဆင်ဘော့မှ ထွက်ခွာပြီးနောက် ကလပ်လက်မဲ့ဖြစ်နေခဲ့သည်မှာ တစ်နှစ်နီးပါးရှိပြီဖြစ်သည်။ ကိုးမန်းနှင့်လာဆင်တို့နှစ်ဦးစလုံးတို့ သည် ဘာစီလိုနာတွင် ကစားသမားအဖြစ် ကျင်လည်ခဲ့ကြဖူးသည့်အပြင် ၁၉၉၅ ခုနှစ်မှ ၁၉၉၇ ခုနှစ်အတွင်းတွင် ဖီယင်နုတွင် အတူတွဲကစားခဲ့ဖူးကြသည်။ လာဆင်သည် ၂၀၀၄ ခုနှစ်တွင် ဆဲလ်တစ်မှ ထွက်ခွာပြီးနောက် ဘာစီလိုနာတွင် ၂ ရာသီကြာကစားခဲ့ဖူးကာ ၅၉ ပွဲကစားရာမှာ ၁၉ ဂိုးသွင်းယူပြီး ချန်ပီယံလိဂ်ဖလားနှင့်လာလီဂါဖလားနှစ်ကြိမ်ဆွတ်ခူးနိုင်အောင် ကူညီခဲ့သည်။ မန်ယူတွင်လည်း ကစားခဲ့ဖူးသည့် အသက် ၄၈ နှစ်ရှိ လာဆင်သည် မွေးရပ်မြေ ဆွီဒင်တွင် ကလပ်ငါးခုကို ကိုင်တွယ်ခဲ့ဖူးသည့် အတွေ့အကြုံရှိသူဖြစ်သည်။

ကိုးမန်းသည် ဘာစီလိုနာနည်းပြအဖွဲ့ကို စိတ်ကြိုက်ခန့်အပ်သွားမည်ဖြစ်ပြီး ပြီးခဲ့သည့်လတုန်း က ဟော်ဖန်ဟိမ်းမှ ထုတ်ပယ်ခြင်းခံခဲ့ရသည့် အယ်လ်ဖရက်ရှရူဒါကို လက်ထောက်အဖြစ် ခန့်အပ်ကာ ဆာလင်ကို ပထမအသင်းနည်းပြအဖွဲ့တွင် တာဝန်ပေးသွားဖို့ရှိသည်။

Ref: Mundo Deportivo

Facebook Comments Box
Facebook Comment