သောကြာနှင့်တနင်္လာနေ့ညပွဲများ မရှိမှုအတွက် စပိန်ဘောလုံးအဖွဲ့ချုပ်ကို လာလီဂါတရားစွဲမည်

လာလီဂါသည် ပွဲပြက္ခဒိန်တွင် သောကြာနှင့်တနင်္လာနေ့ညလာလီဂါပွဲစဉ်များ မရရှိမှုအတွက် စပိန်ဘောလုံးအဖွဲ့ချုပ်ကို တရားစွဲဆိုရန် စီစဉ်နေကြောင်း သိရသည်။ စပိန်မီဒီယာများ၏ဖော်ပြချက်အရ လာလီဂါအဖွဲ့ချုပ်သည် သောကြာနှင့်တနင်္လာ နေ့ညပွဲစဉ်များ မရှိမှုနှင့်ပတ်သက်၍ စပိန်ဘောလုံးအဖွဲ့ချုပ်နှင့် ပြေလည်မှုရရှိရေး ဆွေးနွေးသွားမှာမဟုတ်ဘဲ ဝင်ငွေနစ်နာမှုများအတွက် လျော်ကြေးငွေ ရရှိရန်သာ တရားစွဲဆိုသွားမှာ ဖြစ်ကြောင်း သိရသည်။

လာလီဂါအဖွဲ့ချုပ်နှင့်စပိန်ဘောလုံးအဖွဲ့ချုပ်တိုသည် သောကြာနှင့်တနင်္လာနေ့ လာလီဂါပွဲစဉ်များနှင့်ပတ်သက်ပြီး သဘောထားကွဲလွဲသည်မှာ ကြာမြင့်ပြီဖြစ်ပြီး စပိန်ဘောလုံးအဖွဲ့ချုပ်က ယင်းကို အမြဲတမ်း ဆန့်ကျင်ကန့်ကွက်လာခဲ့သည်။

လာလီဂါသည် ၂၀၂၀-၂၁ ရာသီတွင် တနင်္လာနှင့်သောကြာနေ့ညပွဲများကို အချိန်ညှိနှိုင်းလေ့လာမှုပြုလုပ်ကာ ပွဲစဉ်ရေးဆွဲမှုပြုလုပ်ခဲ့သော်လည်း စပိန်ဘောလုံးအဖွဲ့ချုပ်က ကန့်ကွက်မှုနှင့်အတူ ပွဲစဉ်များကို ပြန်လည်ရေးဆွဲမှု ပြလုပ်ခဲ့ရသည်။

ပြီးခဲ့သည့် ရာသီတုန်းက စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌလူးဝစ်ရူဘီယာလက်စ်သည် ဘောလုံးပွဲမရှိတဲ့နေ့လုပ်ဆောင်မှုကိုအောင်မြင်အောင်လုပ်ဆောင်နိုင်ကာ ပရိသတ်များမှာ မိသားစုများနှင့်ကောင်းမွန်သည့် ဆက်ဆံရေးတည်ဆောက်နိုင် ခဲ့သည့်အပြင် အလုပ်ကိုအာရုံစိုက်လုပ်ဆောင်နိုင်ခဲ့သည်။

သို့ရာတွင် လာလီဂါဥက္ကဌဂျာဗီးယားတီဘက်စ်ကမူ လာလီဂါပြိုင်ပွဲအား တနင်္လာနေ့နှင့်သောကြာနေ့တို့တွင် ကစားစေခြင်းဖြင့် တစ်ကမ္ဘာလုံးမှာ ဘောလုံးပရိသတ်များ၊ ရုပ်သံလွှင်ဌာနများကို ပိုမိုဆွဲဆောင်လာနိုင်စေသည်ဟု ယုံကြည်နေသည်။

လာလီဂါနှင့်စပိန်ဘောလုံးအဖွဲ့ချုပ်တို့အကြား အဓိကအားပြိုင်နေသည်မှာ ပွဲစဉ် ဇယားသတ်မှတ်မှုအပေါ် မည်သည့်အဖွဲ့အစည်း၏ဆုံးဖြတ်ချက်က အဓိကကျ သည်ဆိုသည်ကိုအားပြိုင်နေခြင်းလည်း ဖြစ်သည်။

လာလီဂါသည် စပိန်ဘောလုံးအဖွဲ့ချုပ်၏တောင်းဆိုမှုကြောင့် ပြီးခဲ့သည့် ရာသီတုန်းက ကွင်းအတွင်းသို့ ပရိသတ်များ အတတ်နိုင်ဆုံး ဝင်ရောက် ကြည့်နိုင်ရေးအတွက် ပွဲအချိန်ကို အပြောင်းအလဲတစ်ချို့ ပြုလုပ်ကာ လိုက်လျောမှု များ ပြုလုပ်ခဲ့သော်လည်း ယခုအခါ စပိန်ဘောလုံးအဖွဲ့ချုပ်၏စွက်ဖက်နေမှုများအ ပေါ် လုံးဝ လက်မခံတော့ဘဲ နစ်နာမှုများအတွက် တရားစွဲရန် စီစဉ်နေပြီဖြစ်သည်။

Facebook Comments Box
Facebook Comment