
သုံးဂိုးပြတ်ရှုံးနေရာမှာ သရေလိုက်ကစားနိုင်ခဲ့တဲ့ ချဲလ်ဆီး
ပွဲရလဒ်
ဝက်စ်ဘရွန်း – ၃
ရော်ဘင်ဆင် (၄၊ ၂၅)၊ ဘာတလေ (၂၇)
ချဲလ်ဆီး – ၃
မောင့် (၅၅)၊ ဟတ်ဆင်ဟိုဒွိုင်း (၇၀)၊ အေဘရာဟမ် (၉၀+၃)
ပထမပိုင်းမှာ ၃-၀ ဂိုးဖြင့် ရှုံးနိမ့်နေခဲ့ပေမယ့်လည်း ချဲလ်ဆီးဟာ အကြီးကျယ်ဆုံး ပြန်လည်နိုးထပြီး နာကျင်အချိန်ပိုမှာ တမ်မီအေဘရာဟမ် သွင်းယူတဲ့ နောက်ကျ ချေပဂိုးကြောင့် ဝက်စ်ဘရွန်းမှာ အဖိုးတန် ရမှတ် ၁ မှတ် ရယူနိုင်ခဲ့ပါတယ်။

ယခုပွဲမှာ ဖရန့်လမ်းပတ်ဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ အမှားတွေ လုပ်ခဲ့တဲ့ ကီပါကို အရန်ခုံသို့ ပို့ပြီး ကာဘယ်လီရိုအား ပွဲထွက်ဂိုးသမားအဖြစ် အသုံးပြုခဲ့ပါတယ်။ တီယာဂိုဆေးလ်ဗားက ချဲလ်ဆီးခံစစ်ကို ဦးဆောင်လာပြီး အသင်းခေါင်းဆောင်အဖြစ်ပါ ဦးဆောင်ခွင့်ရခဲ့ပါတယ်။ ဒါပေမယ့် တီယာဂိုဟာ ယခုပွဲမှာ ချဲလ်ဆီးခံစစ်ကို အကောင်းဆုံးဦးဆောင်နိုင်ခဲ့ခြင်း မရှိတဲ့အပြင် သူ့အမှားကြောင့် ဝက်စ်ဘရွန်းတို့ ဒုတိယဂိုး ရရှိသွားခဲ့တာလည်း ဖြစ်ပါတယ်။ ယခုပွဲပထမပိုင်းမှာ ချဲလ်ဆီး နောက်တန်း စိတ်ပျက်စရာကောင်းလောက်အောင် ဆိုးရွားခဲ့ပြီး ဖရန့်လမ်းပတ်ဟာလည်း နည်းပြခုံကနေ အကြီးအကျယ် ဒေါသထွက်နေခဲ့တာ တွေ့ရပါတယ်။

ဝက်စ်ဘရွန်းဟာ ယခုပွဲမှာလည်း ပေးဂိုး ၃ ဂိုးပေးခဲ့ရတာကြောင့် ၁၉၆၃-၆၃ ရာသီတုန်းက လိဂ်ပွဲ သုံးပွဲမှာ အာဆင်နယ်အသင်း ၁၁ ဂိုးပေးခဲ့ရပြီးနောက် ပထမဆုံး လိဂ်ပွဲ ၃ ပွဲမှာ ၁၁ ဂိုးပေးရတဲ့အသင်းဖြစ်လာခဲ့ပါတယ်။ ဝက်စ်ဘရွန်းဟာ ပထမပိုင်း မိနစ် ၃၀ အတွင်းမှာ သုံးဂိုး သွင်းယူထားနိုင်ခဲ့ကာ ယခုရာသီ သူတို့အတွက် ပထမဆုံးနိုင်ပွဲရဖို့ သေချာသလောက် အနေအထားသို့ ရောက်ခဲ့ပါတယ်။ ပွဲအစ ၄ မိနစ်မှာဘဲ အလွန်ဆိုရဲ့ ရှေ့မကြည့် နောက်မကြည့် ခေါင်းတိုက်ပေးအမှု အမှားကနေ ကော့စတာပီရီယာ ရရှိသွားပြီး အနည်းငယ် ဆွဲပြေးပြီး ချပေးမှုကနေ တဆင့် ရော်ဘင်ဆင်က ဘယ်ခြေရဲ့ ဂိုးသမားရဲ့ ညာထောင့်ကို အနိမ့်ဘောအပြင်းကန်ပြီး ဝက်စ်ဘရွန်းအတွက် ဦးဆောင်ဂိုး သွင်းယူခဲ့ပါတယ်။ ချဲလ်ဆီးဟာ ချေပဂိုးရနိုင်တဲ့အခွင့်အရေး ကြုံခဲ့ပါသေးတယ်။ မောင့်ရဲ့ ဖြတ်တင်ဘောကနေ တိုက်စစ်မှူးဝါနာ အပိုင်ပိတ်သွင်းခွင့်ရခဲ့ပေမယ့် အပေါ်ဘားထိသွားလို့ နစ်နာခဲ့ရပါတယ်။ ပွဲချိန် ၂၄ မိနစ်မှာ တီယာဂိုရဲ့ဘောလုံးထိန်းမှု မသေမသပ် အမှားကနေ ရော်ဘင်ဆင် ရရှိသွားပြီး ဆွဲပြေးကာ ညာထောင့်သို့ အနိမ့်ဘောကန်ကာ ဒုတိယဦးဆောင်ဂိုး သွင်းခဲ့ပါတယ်။ နောက် ၂ မိနစ်အကြာမှာ ဝက်စ်ဘရွန်းတို့ တတိယဂိုး ရခဲ့ပါတယ်။ ထောင့်ကန်ဘောကနေ ဖော်လောင်းရဲ့ ခေါင်းတိုက် ချပေးမှုကနေ ဘာတလေက အနီးကပ်ပိတ်သွင်းခဲ့တာ ဖြစ်ပါတယ်။

ဒုတိယပိုင်း ပွဲချိန် ၅၅ မိနစ်မှာ မောင့်က ကိုက် ၂၀ အကွာမှ အပြင်းကန်ပြီး ချဲလ်ဆီး ပထမချေပဂိုးကို သွင်းယူခဲ့ပါတယ်။ ပွဲချိန် ၇၀ မိနစ်မှာ ဟောက်ဆန်အိုဒွိုင်းက ဟာဗတ်ဇ်နဲ့ ဝမ်းတူး ရိုက်ပြီး အနိမ့်ဘော လှလှပပကန်ကာ ချဲလ်ဆီးအတွက် ဒုတိယ ချေပဂိုးကို သွင်းယူခဲ့ပါတယ်။ နာကျင်အချိန်ပိုမှာ အေဘရာဟမ်က ဂိုးပုတ်ထုတ်လိုက်တဲ့ ဘောလုံးကို အနီးကပ် ပိတ်သွင်းပြီး အဖိုးတန် ရမှတ် ၁ ရမှတ် ရရှိစေမယ့် ချေပဂိုးကို သွင်းယူပေးသွားခဲ့ပါတယ်။

ဖရန့်လမ်းပတ် ဦးဆောင်တဲ့ ချဲလ်ဆီးဟာ ယခုနွေရာသီမှာ ပေါင်သန်း ၂၀၀ ကျော် အသုံးပြုပြီး ကစားသမားကောင်းတွေ ခေါ်ယူအားဖြည့်ထားပေမယ့် လိုအပ်ချက်တွေ ရှိနေဆဲဖြစ်သလို ပြုပြင်စရာတွေလည်း အများကြီး ရှိနေတုန်းပါ။ ၎င်းတို့အနေဖြင့် ယခုရာသီမှာ ထိပ်ဆုံးလေးသင်းစာရင်းဝင်ပြီး ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့အတွက် အများကြီး အလုပ်လုပ်ဖို့ လိုပါသေးတယ်။ ယခုပွဲသရေကျမှုကြောင့် ချဲလ်ဆီးဟာ နောက်ဆုံး ပရီးမီးယားလိဂ်နှစ်ပွဲမှာ ရမှတ် ၅ မှတ်အထိ ဆုံးရှုံးထားရပြီးဖြစ်ပါတယ်။

ပွဲထွက်လူစာရင်း
ဝက်စ်ဘရွန်းလူစာရင်း
ဂိုး – ဂျွန်စတုန
်းနောက်တန်း – ဖော်လောင်း၊ အဂျာယီ၊ ဘာတလေ၊ အိုးရှီးယား။
အလယ်တန်း – တောင်းဆင့်၊ ကော့စတာပီရီယာ (ဖီးလ် ၉၀)၊ လီဗာမိုး ၊ ဆောယာ။
ရှေ့တန်း – ဒီယန်ဂါနာ (ဖီးလစ် ၇၄)၊ ရော်ဘင်ဆင် (ရော့ဘ်ဆင်ကနူး ၆၆)။
ချဲလ်ဆီးလူစာရင်း
ဂိုး – ကာဘယ်လီရို။
နောက်တန်း – ဂျိမ်းစ်၊ ခရစ္စတန်ဆင်၊ ဆေးလ်ဗား (ဂီရောက် ၇၃)၊ အလွန်ဆို (အက်ဇ်ပီလီကူတာ ၄၅)။
အလယ်တန်း – ကန်တီ၊ ကိုဗာဆစ်၊ (ဟောက်ဆန်အိုဒွိုင်း ၄၅)၊ မောင့်၊ ဟာဗတ်ဇ်။
ရှေ့တန်း – ဝါနာ၊ အေဘရာဟမ်။