သီယာဂိုရောက်လာသော်လည်း မည်သူ့ကိုမှ မရောင်းဟု ကလော့ပ် ကတိပေး

လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ဘိုင်ယန်မြူးနစ် ကွင်းလယ်ကစားသမား သီယာဂိုအယ်ကန်တာရာကို ခေါ်ယူနိုင်သောကြောင့် အသင်းအတွက် ကျေနပ်အားရမိ သည်ဟု ပြောကြားလိုက်သည်။

သို့သော်လည်း ၎င်းက စပိန်ကစားသမား ရောက်ရှိလာခြင်းကြောင့် အသင်းမှ မည်သည့် ကစားသမား၏ အနာဂတ်ကိုမဆို ထိခိုက်ခြင်းမရှိဘဲ မိမိအနေဖြင့်လည်း မည်သူ့ ကိုမှ ရောင်းချမည်မဟုတ်ဟုလည်း ကတိပေးခဲ့သည်။

အသက် ၂၉ နှစ်အရွယ် သီယာဂိုသည် ၂၀၁၉-၂၀၂၀ ဘောလုံးရာသီတွင် ဘိုင်ယန်နှင့် အတူ ဘွန်ဒက်စ်လီဂါ၊ ဂျာမန်ပိုကယ်ဖလား၊ ချန်ပီယံလိဂ် စသည့် အဓိကဆုဖလား ၃ လုံးစလုံးရယူကာ အောင်မြင်သော ရာသီတစ်ခုကို ပိုင်ဆိုင်နိုင်ပြီးနောက် အန်ဖီးလ်အခြေစိုက်ကလပ်သို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ပရီးမီးယားလိဂ် ချန်ပီယံ လီဗာပူးလ်သည် ဘာစီလိုနာ ကစားသမားဟောင်း သီယာဂိုအတွက် ပေါင် သန်း ၂၀ အသုံးပြုခဲ့ရသလို နောက်ထပ် ပေါင် ၅ သန်းကိုလည်း ထပ်မံ ပေးချေရဖွယ်ရှိနေရာ ၎င်း၏ပြောင်းရွှေ့ကြေးက ပေါင် ၂၅ သန်းအထိ ရှိလာမည်ဖြစ်သည်။

သီယာဂို ရောက်ရှိလာခြင်းကြောင့် နယ်သာလန်ကွင်းလယ်လူ ဝိုင်နယ်ဒမ်မှာ ၎င်း၏ လက်ရွေးစင်နည်းပြဟောင်း ရော်နယ်ကိုးမန်းရှိရာ ဘာစီလိုနာသို့ ပြောင်းရွှေ့ဖွယ်ရှိနေ သည်ဟု သတင်းများထွက်ပေါ်လျက်ရှိသည်။

ဝိုင်နယ်ဒမ်သည် လီဗာပူးလ်နှင့် စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့ရာ ကိုးမန်းကလည်း ၎င်းနှင့် ဘာစီလိုနာတွင် လက်တွဲခွင့်ရရန် မကြာမီ တရားဝင် ကမ်းလှမ်းဖွယ်ရှိနေသည်။

ကလော့ပ်က “သီယာဂိုကို စာချုပ်လိုက်တာက အသင်းက ဘယ်ကစားသမားရဲ့အနာ ဂတ်ကိုမှ အနုတ်သဘော သက်ရောက်တာမျိုး မရှိပါဘူး။ တကယ်လို့ တစ်ယောက်ယောက် ရောက်လာခဲ့ရင်တောင် ဒီကနေ ဘယ်သူမှ ထွက်စရာမလိုပါဘူး။ ဒါက ဘယ်သူ့အပေါ်ကိုမှ နစ်နာတဲ့သက်ရောက်မှုမျိုး မရှိစေရပါဘူး” ဟု ပြောသည်။

Ref:skysports

Facebook Comments Box
Facebook Comment