သီယာဂိုကို မန်ယူ ခေါ်ခွင့်ရသော်လည်း မိုရက်စ်က ဖယ်လိုင်နီကိုသာ ရွေးချယ်ခဲ့

မန်ယူအသင်းသည် စပိန်ကွင်းလယ်လူ သီယာဂိုအယ်ကန်တာရာကို ခေါ်ယူရန် အခွင့်အရေးရခဲ့သော်လည်း ထိုစဉ်က နည်းပြအဖြစ် ဆောင်ရွက်နေသည့် ဒေးဗစ်မိုရက်စ် ၎င်းအစား တပည့်ဟောင်းဖြစ်သူ ဖယ်လိုင်နီကိုသာ ခေါ်ယူခဲ့သည်ဟု ဗြိတိန်မီဒီယာများက ဖော်ပြသည်။

ESPN သတင်းဌာနနှင့် တွေ့ဆုံရာတွင် မန်ယူဂန္ထဝင်နည်းပြ ဖာဂူဆန်က ထိုစဉ်က ဘာစီလိုနာတွင် ကစားနေသော စပိန်ကွင်းလယ်လူ သီယာဂိုကို ခေါ်ယူရန်ဆွေးနွေးခဲ့ပြီး အခွင့်အရေးကောင်း ရရှိခဲ့သည်ဟု ဆိုသည်။

သို့သော်လည်း ၎င်း၏နေရာကို ဆက်ခံခဲ့သော ဒေးဗစ်မိုရက်စ်က အဆိုပါ အခွင့်အရေးကို အသုံးမချဘဲ အဲ ဗာတန်တွင် အတူလက်တွဲဖူးသော ဘယ်လ်ဂျီယံလက်ရွေးစင် ဖယ်လိုင်နီကိုသာ အိုးလ်ထရက်ဖို့ဒ်သို့ ခေါ်ယူခဲ့သည်။

မိုရက်စ်သည် မန်ယူအသင်းနှင့် ၆ နှစ်စာချုပ်ခဲ့သော်လည်း စာချုပ်ပြည့်အောင်ပင် မကိုင်တွယ်နိုင်ခဲ့ဘဲ ၂၀၁၄ ဧပြီလအတွင်း ရာထူးမှ ထုတ်ပယ်ခံခဲ့ရသည်။

မန်ယူ၏ ငြင်းပယ်ခြင်းကို ခံလိုက်ရသော သီယာဂိုသည် ဘိုင်ယန်မြူးနစ်သို့ ရောက်ရှိသွားခဲ့ပြီး ဘွန်ဒက်စ်လီဂါ ချန်ပီယံဆုကို ၇ ကြိမ် ရယူခဲ့သလို ချန်ပီယံလိဂ် ဆုဖလားကိုလည်း ရယူထားသည်။

ဖယ်လိုင်နီသည် ၂၀၁၉ တွင် တရုတ်ကလပ် ရှန်ဒေါင်းလူနန်သို့ မပြောင်းရွှေ့မီ မန်ယူနှင့်အတူ အထိုက်အ လျောက် အောင်မြင်ခဲ့ပြီး အက်ဖ်အေဖလား၊ လိဂ်ဖလားနှင့် ယူရိုပါလိဂ်တို့ကို ရယူနိုင်ခဲ့သည်။

လက်ရှိအချိန်တွင် မန်ယူသည် အသက် ၂၉ နှစ်အရွယ် သီယာဂိုကို ခေါ်ယူရန် ကြိုးစားနေသော်လည်း အ ဆိုပါ ကစားသမားက မြူးနစ်အခြေစိုက် ကလပ်တွင်သာ ဆက်ကစားဖွယ်ရှိသည်ဟု အရိပ်အမြွက် ပြောကြားထားသည်။

Ref:TheSun

Facebook Comments Box
Facebook Comment