
သမိုင်းတလျှောက် ဘာစီလိုနာ၏ အဆုံးရွားဆုံး ရှုံးပွဲများ
မနေ့ညတုန်းက ဘာစီလိုနာဟာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ ဘိုင်ယန်မြူးနစ်ကို ၈-၂ ဂိုးဖြင့် အရှက်တကွဲရှုံးနိမ့်ခဲ့ပါတယ်။ ဘာစီလိုနာလို ကမ္ဘာ့အကောင်းဆုံးကလပ်စာရင်းဝင်တစ် သင်းက ဘိုင်ယန်မြူးနစ်ကို အခုလို ၈-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့မှုက အလွန်ဆိုးရွားလှတဲ့ ရလဒ်တစ်ခုဆိုတာ မငြင်းနိုင်ပါဘူး။
ဒီရလဒ်အတွက် ဘာစီလိုနာတစ်သင်းလုံး ရိုက်ခတ်မှုခံရပါမယ်။ ဘာစီလိုနာဥက္ကဌဘာတိုမြူကိုယ်တိုင်က အသင်းကို ကြီးကြီးမားမား အပြောင်း အလဲတွေ ပြုလုပ်သွားမှာဖြစ်ကြောင်း တရားဝင် ကြေညာထားပါတယ်။ ဒါပေမယ့် အဲဒီပွဲဟာ ဘာစီလိုနာသမိုင်းမှာ အဆိုးရွားဆုံး ရှုံးပွဲတော့မဟုတ်ပါဘူး။ ဘာစီလိုနာရဲ့သမိုင်းကြောင်းကို ပြန်ကြည့်လိုက်ရင် ဘိုင်ယန်မြူးနစ်ရှုံးပွဲထက် ပိုမိုခါးသီးတဲ့ ရှုံးပွဲတွေ အများကြီး ရှိပါသေးတယ်။
ဘာစီလိုနာဟာ ၁၉၄၆ ခုနှစ်တုန်း ကိုပါဒယ်ရေးမှာ ဆီဗီလာကို ၈-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ၈ ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။
ဘာစီလိုနာအတွက် အဆိုးရွားဆုံး အရှက်တကွဲရှုံးပွဲက ၁၉၄၃ ခုနှစ်တုန်းက မဟာပြိုင်ဘက် ရီးရဲလ်မက်ဒရစ်နှင့်El Clasio ပွဲမှာဖြစ်ပါတယ်။ ကိုပါဒယ်ရေး ဆီမီးဖိုင်နယ် ပထမအကျော့တုန်းက ၃-၀ ဂိုးနဲ့ အနိုင်ရထားခဲ့တဲ့ ဘာစီလိုနာဟာ ဒုတိယအကျော့မှာ ၁၁-၁ ဂိုးနှင့်ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။
အဲဒီပွဲ မတိုင်မီသုံးနှစ်တုန်းက ဘာစီလိုနာဟာ ဆီဗီလာနှင့်လာလီဂါပွဲမှာ ၁၁-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ဖူးပြီးလည်းဖြစ်ပါတယ်။ ဘာစီလိုနာဟာ ပထမပိုင်း ပွဲချိန် ၈ မိနစ်မှာ ဦးဆောင်ဂိုးရရှိခဲ့ပေမယ့်လည်း ပွဲချိန် ၂၃ မိနစ်မှ ၈၃ မိနစ်အတွင်းမှာ ဆီဗီလာရဲ့ ၁၁ ဂိုးလုံးကို ပေးခဲ့ရတာလည်းဖြစ်ပါတယ်။ ရာသီအကုန်မှာ ဘာစီလိုနာဟာ လာလီဂါမှာအဆင့် ၄ နေရာမှာ ရပ်တည်နိုင်ခဲ့ပြီး ဆီဗီလာက အဆင့် ၅ နေရာမှာဘဲ ရပ်တည်ခဲ့ပါတယ်။ ၁၉၃၅ ခုနှစ်တုန်းကလည်း ဘာစီလိုနာဟာ ရီးရဲလ်မက်ဒရစ်ကို ၂-၈ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါသေးတယ်။ ယင်းပွဲမှာ ဖာနန်ဒိုဆာနူဒိုက လေးဂိုးသွင်းခဲ့ပြီး El Clascio သမိုင်းမှာ တစ်ပွဲတည်း ပွဲအများဆုံး သွင်းယူတဲ့ ကစားသမားအဖြစ် မှတ်တမ်းရေးထိုးထားပါတယ်။ သူ့စံချိန်ကို အခုအချိန်အထိ ဘယ်သူမှ မရိုက်ချိုးနိုင်သေးပါဘူး။
ဒီရာသီက ဘာစီလိုနာအတွက် ၂၀၀၇-၀၈ ရာသီနောက်ပိုင်းမှာ ပထမဆုံး ဆုဖလားလက်မဲ့ ရာသီလည်း ဖြစ်ပါတယ်။