သည်းထိတ်ရင်ဖို Group C နဲ့ ပယ်နယ်တီ မဝင်ခဲ့တဲ့ မက်ဆီ

ယနေ့ည ယှဉ်ပြိုင်တဲ့ ကမ္ဘာ့ဖလား Group C ပွဲစဉ်တွေဟာ နောက်ဆုံးမိနစ် အထိ အကြိတ်အနယ် ကစားပြီး သည်းထိတ်ရင်ဖို ဖြစ်စေခဲ့ပါတယ်။

ပိုလန် ၀-၂ အာဂျင်တီးနား

အာဂျင်တီးနား အတွက် မဖြစ်မနေ နိုင်ဖို့ လိုနေတဲ့ပွဲ ဖြစ်တာကြောင့် မက်ဆီ အပါအဝင် တစ်သင်းလုံး ဂိုးရဖို့ ရုန်းကန်ခဲ့ကြပေမယ့် ပထမ တစ်ပိုင်းလုံး ကံခေနေခဲ့ ပါတယ်။ ပယ်နယ်တီ တစ်လုံး ကန်ခွင့်ရတာတောင် မက်ဆီရဲ့ ကန်ချက်ကို ပိုလန် ဂိုးသမား ရှက်ဇနီ ကာကွယ်နိုင် ခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ပိုလန်လည်း အာဂျင်တီးနားရဲ့ တိုက်စစ်ကို တောင့်မခံ နိုင်တော့ဘဲ မက်အယ်လစ်စတာနဲ့ အယ်ဗာရက်တို့ရဲ့ ဂိုးတွေကို ဆက်တိုက် ခွင့်ပြုပေးခဲ့ ရပါတယ်။ အဖွင့်ပွဲမှာ အရှုံးနဲ့ စခဲ့တဲ့ အာဂျင်တီးနားဟာ နောက်ဆုံးမှာ အုပ်စုဗိုလ် အဖြစ်နဲ့ နောက်တစ်ဆင့် တက်နိုင် ခဲ့ပါတယ်။

မက္ကဆီကို ၂-၁ ဆော်ဒီ

မက္ကဆီကိုဟာ မာတင်၊ ချာဗက်တို့ရဲ့ ဂိုးတွေနဲ့ ဆော်ဒီကို အနိုင်ရခဲ့ပေမယ့် ဂိုးကွာခြားချက် အရ အုပ်စု အဆင့် ကနေပဲ လှည့်ပြန် ခဲ့ရပါတယ်။ တကယ်ဆို မက္ကဆီကို အသင်း ရတဲ့ ဂိုး ၂ ဂိုးဟာ ဒုတိယပိုင်း အစလေးတင် ၅ မိနစ်ပဲ ခြားပြီး ရခဲ့တာ ဖြစ်ပေမယ့် နောက်တစ်ဂိုး ထပ်မရတော့လို့ အခုလို အုပ်စု ကနေ ထွက်သွားရတာပါ။

Facebook Comments Box
Facebook Comment