“သင့်အတွက် အင်္ဂါညရဲ့ Lucky Colorဟာ အနီရောင်ဖြစ်နေမလား”

✍️ မောင်ရဲတိုက်

Soccer 88 ပရိသတ်အားလုံး မင်္ဂလာပါဗျ။ ပြီးခဲ့တဲ့ ‌ပွဲစဉ်(၁၈)အတွက် ကျွန်တော့်ရဲ့ ရွေးချယ်မှုတွေကတော့ မှန်တာတွေလည်း ရှိသလို မှား‌တာတွေလည်း ရှိခဲ့ပါတယ်။ စုစုပေါင်း ရိုက်ကွက်(၇)ခုရွေးချယ်ခဲ့ရာမှာ ၅ခုမှန်ပြီး ၂ခုမှားခဲ့တာဖြစ်ပါတယ်။ ရလဒ်အရ မဆိုးပေမယ့် ကျေနပ်နေလို့မရဘဲ ပိုမိုတိကျအောင် ကြိုးစားသွားပါဦးမယ်။
ဒီညမှာတော့ အင်္ဂလန် ပရီမီးယားလိဂ်ပွဲစဉ်(၁၉)ကို ကစားကြရဖို့ ရှိပါတယ်။ မနေ့ညကတော့ အဖွင့်ပွဲစဉ်အဖြစ် ဘရန်းဖို့ဒ်နဲ့ လီဗာပူးတို့ ကစားခဲ့ကြရာမှာတော့ ပျားရိုင်းလေးများက (၃-၁)ဆိုတဲ့ရလဒ်နဲ့ ကြိုးကြာတွေကို အနိုင်ရခဲ့တာမို့ လီဗာပူးရဲ့ ဥရောပဝင်ခွင့်ပြိုင်ဆိုင်မှုဟာ ပိုမိုကျပ်တည်းလာပြီဖြစ်ပါတယ်။ ဒါဟာ ထိပ်ဆုံးလေးသင်းဝင်ဖို့ ကြိုးစားနေကြတဲ့ တခြားအသင်းတွေကို အရှိန်တင်ပြီးကစားဖို့ တွန်းအားတစ်ခုလည်း ဖြစ်စေခဲ့ပါတယ်။ ဒါကြောင့် ဒီညမှာတော့ ဥရောပဝင်ခွင့်အတွက် ရုန်းကန်နေကြတဲ့ ဇယားထိပ်ပိုင်းက အသင်းတွေရဲ့ပွဲစဉ်ကို ဦးစားပေးရွေးချယ်ကြည့်ချင်ပါတယ်။

▪️ “အိမ်ကွင်းရာနှုန်းပြည့်နိုင်ပွဲကို ဂန်းနားတို့ ထိန်းသိမ်းနိုင်မှာလား”

⚔️ အာဆင်နယ် Vs နယူးကာဆယ်
🎲 အာဆင်နယ် (၁+၆၀)/ (၃+၈၀)

🔴အာဆင်နယ်
ဇယားထိပ်ဆုံးမှာ ပြေးနေဆဲဖြစ်တဲ့ အာဆင်နယ်ဟာ အရင်ပွဲစဉ်က မန်စီးတီးရဲ့ ခြေချော်မှုကြောင့် အဆင့်(၁)မှာ (၇)မှတ်ဖြတ်ပြီး ဦးဆောင်နိုင်ခွင့်ရနေတာဖြစ်ပါတယ်။ ဂန်းနားတို့ဟာ လက်ရှိမှာ အိမ်‌ကွင်းပွဲတိုင်းကို ရာနှုန်းပြည့်နိုင်ပွဲရရှိထားတာမို့ ဒီည အမ်းမရိတ်မှာ ကစားမယ့်ပွဲအတွက် ယုံကြည်မှုမြင့်မားနေမှာလည်း ဖြစ်ပါတယ်။ စမစ်ရိုး၊ ဂျီးဆပ်တို့ ဒဏ်ရာပြဿနာကြောင့် မပါဝင်နိုင်သေးပေမယ့် မာတင်နယ်လီ၊ ဆာကာ၊ အန်ကီတီရာတို့ရဲ့ MSNတိုက်စစ်အတွဲက လန်ဒန်သားတွေအဖို့ သွင်းဂိုးတွေပြတ်လပ်မသွားအောင် တာဝန်ကျေလျက်ရှိနေပါတယ်။ အာဆင်နယ်အသင်းမှာ အထူးစောင့်ကြည့်ရမယ့် ကစားသမားကတော့ ကပ္ပတိန် အိုဒီဂတ်ဖြစ်ပြီး အဆိုပါ နော်ဝေကွင်းလယ်လူဟာ ဒီရာသီမှာ ကပ္ပတိန်အဖြစ် နည်းပြအာတီတာရဲ့ တာဝန်ပေးအပ်မှုကို ရရှိခဲ့သူဖြစ်ပြီး နည်းပြရဲ့ယုံကြည်မှုကို အကောင်းဆုံးကြိုးစားပြပြီး စိတ်မပျက်စေခဲ့သူဖြစ်ခဲ့ပါတယ်။ အာဆင်နယ်အတွက် လာမယ့်(၆)ပွဲမှာ စပါး၊ မန်ယူ၊ အဲဗာတန်၊ ဘရန်းဖို့ဒ်၊ မန်စီးတီး၊ အေဗီလာတို့နဲ့ ကစားရမှာမို့ ပွဲကျပ်ကာလထဲကို ရောက်ရှိလာပြီဖြစ်ပါတယ်။ ဒါကြောင့် ဒီညမှာ ငှက်ကျားတွေကို ဧည့်ခံရမယ့်ပွဲစဉ်ကစလို့ အာဆင်နယ်ရဲ့ ချန်ပီယံလမ်းကြောင်းကို စိန်ခေါ်မှုစတင်လာပြီလို့ ပြောရမှာဖြစ်ပါတယ်။

⚫ နယူးကာဆယ်
ငှက်ကျားတွေဟာ ပိုင်ရှင်ဆော်ဒီမင်းသားကြောင့် ကမ္ဘာ့အချမ်းသာဆုံးကလပ်လို့ ပြောနိုင်ပေမယ့် ဒီလိုအဆင့်ထိရောက်လာဖို့ ဘယ်နာမည်ကျော်ကိုမှ ငွေထုပ်နဲ့ပစ်ပေါက်ခဲ့စရာ မလိုခဲ့ပါဘူး။ နည်းပြအက်ဒီဟောင်းဟာ အသင်းရဲ့လိုအပ်တဲ့နေရာကို မှန်ကန်တဲ့ကစားသမားများနဲ့ အတိအကျဖြည့်ဆည်းနိုင်ခဲ့ပြီး ကစားသမားများရဲ့ အစွမ်းကုန်အားထုတ်မှုတွေကြောင့် အောင်မြင်မှု အသီးအပွင့်တွေကို ခံစားနေရပြီဖြစ်ပါတယ်။ လက်ရှိမှာ ပရီမီးယားလိဂ်ရဲ့ အဆင့်(၃)နေရာမှာ ရပ်တည်နေသလို အဆင့်(၂)က မန်စီးတီးကို နှစ်မှတ်အကွာမှာ ဖိအားပေးထားနိုင်တာတွေ့ရပါတယ်။ တစ်ရာသီလုံးမှာလည်း လီဗာပူးကို အဝေးကွင်းမှာ (၂-၁)နဲ့ အရေးနိမ့်ခဲ့တဲ့တစ်ပွဲသာ ရှုံးပွဲရှိထားတာဖြစ်ပါတယ်။ နောက်‌ဆုံးကစားခဲ့တဲ့ အဝေးကွင်း(၅)ပွဲမှာ (၄)ပွဲအနိုင်ရထားပြီး မန်ယူနဲ့တစ်ပွဲသာ သရေကျထားတာတွေ့ရပါတယ်။ ဒါကြောင့် ငှက်ကျားတို့ဟာ ယခင်က အမ်းမရိတ်မှာ လာကစားတိုင်း အရေးနိမ့်တတ်တဲ့ အစဉ်အလာဆိုးတွေရှိခဲ့ပေမယ့် ဒီညမှာတော့ လျှော့တွက်လို့မရတဲ့အဆင့်ကို ရောက်နေပြီဖြစ်ပါတယ်။

📝 သုံးသပ်ချက်
အဆင့်(၁)နဲ့ အဆင့်(၃)တို့ တွေ့ဆုံတဲ့ပွဲဖြစ်တာကြောင့် ဒီပွဲဟာ အကြိတ်အနယ်နဲ့ ကြည့်ကောင်းမယ့်ပွဲတစ်ပွဲဆိုတာ ‌သံသယဝင်စရာမရှိပါဘူး။ အာဆင်နယ်က အိမ်ကွင်းပွဲတိုင်း နိုင်ထားသလို နယူးကာဆယ်ကလည်း အဝေးကွင်းတစ်ပွဲသာ ရှုံးထားသေးတာဖြစ်ပါတယ်။ ဒါကြောင့် အာဆင်နယ်ကပဲ အိမ်ကွင်းနိုင်ပွဲ ၁၀၀%ပြည့်အောင် ဆက်လက် ထိန်းသိမ်းနိုင်မလား၊ နယူးကာဆယ်ကပဲ အနိမ့်ဆုံးသရေနဲ့ ခုခံသွားနိုင်မလား စိတ်ဝင်စားစရာပါပဲ။ ဒီပွဲရဲ့ မူလတည်ကြေးက အာဆင်နယ်ဘက်က (၁+၉၀)နဲ့ စတင်ထားပြီး ဒီမနက်မှာတော့ (၁+၆၀)ကို အနည်းငယ်တက်လာပါတယ်။ အာဆင်နယ်ရဲ့ အိမ်ကွင်းဖြစ်တည်မှု၊ ထိပ်တိုက်အစဉ်အလာတွေနဲ့ နယူးကာဆယ်ရဲ့ လက်ရှိကြွေအရ‌ကြည့်ရင် အနိမ့်ဆုံး ၁+၅၀ (-၀.၇၅)ဝင်ရိုးခန့်မှာ ကြေးပေးသင့်တာဖြစ်ပြီး ညနေကြေးပြောင်းမှာ (၁+၅၀)ဝင်ရိုးကို ထိထိမိမိဝင်သွားရင်တော့ ဆင်ပျံကြီးဘော်ဒီကို ထူထူဗျင်းဖို့သာ ရှိပါလိမ့်မယ်။ အကယ်၍ ကြေးကထပ်မတက်ရင် သို့မဟုတ် ဒီဝင်ရိုးမှာပဲ ငြိမ်နေရင်တော့ အာဆင်နယ်ဘော်ဒီကို ဂိုးပေါ်နဲ့တွဲပြီးကစားသင့်ပါကြောင်း အကြံပြုရေးသားလိုက်ရပါတယ်။

‌🎯ရွေးချယ်မှု
✅ အာဆင်နယ် ဘော်ဒီ / ဂိုးပေါ်
⚽ ခန့်မှန်းရလဒ် = (၂-၁)

▪️ “အိမ်ကွင်းနိုင်ပွဲနောက်တစ်ခုနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် အရယူမယ့် သရဲနီ”

⚔️ မန်ယူ Vs ဘုန်းမောက်
🎲 မန်ယူ (၂+၅၀) / (၃-၁၀)

🔴 မန်ယူ
လိဂ်ပွဲတွေပြန်အစမှာ အကောင်းဆုံးခြေစွမ်းတွေ ပြသထားနိုင်တဲ့ အသင်းတွေထဲ ယူနိုက်တက်လည်း တစ်သင်းအပါအဝင်ဖြစ်ပါတယ်။ လိဂ်ဖလားအပါအဝင် (၃)ပွဲကစားခဲ့ရာမှာ (၃)ပွဲလုံး clean sheetနဲ့ အပြတ်နိုင်ခဲ့ပြီး သွင်းဂိုး(၆)ဂိုးရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ တိုက်စစ်မှာ မာရှယ်ခြေပြန်တွေ့နေပြီး ရက်ရှ်ဖို့ဒ်ကလည်း သုံးပွဲဆက် ဂိုးသွင်းပြပြီး ခြေစွမ်းပြနေတာဖြစ်ပါတယ်။ အထူးချီးကျူးရမှာကတော့ သုံးပွဲလုံးမှာ clean sheetရယူထားနိုင်ခဲ့တဲ့ ဂိုးသမားဒီဂီယာ ဦးဆောင်တဲ့ ခံစစ်ဖြစ်ပြီး ဒီညမှာ အာဂျင်တီးနားနဲ့ ပွဲခံပြီးပြန်လာမယ့် မာတီနက်လည်း ပြန်ပါလာနိုင်ဖွယ်ရှိတာမို့ ယူနိုက်တက်ခံစစ်ဟာ ပိုပြီးကျစ်လစ်သွားဖို့ရှိနေပါလိမ့်မယ်။ လူစာရင်းအပြောင်းအလဲအနေနဲ့ ဝုဗ်နဲ့ပွဲမှာ အနည်းငယ်ရုန်းကန်နေခဲ့ရတဲ့ ဂါနာချိုအစား ရက်ရှ်ဖို့ဒ်ကို ပြန်မြင်ရဖွယ်ရှိနေပြီး ရက်ရှ်ဖိုဒ့်အနေနဲ့ လေးပွဲဆက်ဂိုး‌သွင်းနိုင်ဦးမလား စောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်။

⚫ ဘုန်းမောက်
ဘုန်းမောက်ရဲ့ လက်ရှိအနေအထားက ယူနိုက်တက်နဲ့ ဆန့်ကျင်ဘက်ပါပဲ။ လိဂ်ပွဲတွေပြန်အစမှာ (၃)ပွဲကစားခဲ့ပြီး (၃)ပွဲလုံးရှုံးနိမ့်ခဲ့သလို တစ်ဂိုးမှလည်း မသွင်းနိုင်ခဲ့ပါဘူး။ ဘုန်းမောက်ဟာ လက်ရှိပရီမီးယားလိဂ်ရဲ့ ခံစစ်အညံ့ဆုံးအသင်းအဖြစ် ပေးဂိုး(၃၆)ဂိုးနဲ့ ရပ်တည်နေတာလည်းတွေ့ရပါတယ်။ အဆိုပါ(၃၆)ဂိုးမှာ အဝေးကွင်းပေးဂိုးက (၂၆)ဂိုးထိရှိပြီး အဝေးကွင်း(၈)ပွဲမှာ (၅)ပွဲရှုံးထားတဲ့ ရလဒ်တွေအရ ဘုန်းမောက်ဟာ ဒီည အိုးထရက်ဖို့ဒ်မှာ သရေတစ်မှတ်ရဖို့တောင် မလွယ်တဲ့အနေအထားကိုလည်း တွေ့ရပါတယ်။

📝 သုံးသပ်ချက်
ဒီပွဲရဲ့ မူလတည်ကြေးက မန်ယူ(၁-၁၀၀)ပါ။ ဒါပေမယ့် ဒီမနက်မှာ (၂+၅၀)ဆိုပြီး ပြား(၅၀)ခန့်တက်လာတာမို့ အံ့အားသင့်မိပါတယ်။ ဂိုးပေါင်းကြေးကတော့ (၃=)ကနေ (၃-၁၀)ဆိုပြီး ပြောင်းလဲမှုသိပ်မရှိပါဘူး။ လက်ရှိမှာ မန်ယူဟာ clean sheetတွေနဲ့ နိုင်ပွဲဆက်နေသလို ဘုန်းမောက်ကလည်း ရဂိုးမဲ့အနေအထားနဲ့ ဘဲဥမကွဲရှုံးပွဲတွေချည်း ကြုံတွေ့နေရတာဖြစ်ပါတယ်။ ဒါကြောင့် ဒီညမှာ ဘုန်းမောက်ရဲ့ဂိုးတွေ ပါဝင်ဖို့နည်းနေသလို ဘုန်းမောက်ရဲ့ တစ်ဂိုးရနိုင်ချေကလည်း ၈%သာရှိတာမို့ မန်ယူရဲ့ ဂိုးပြတ်နိုင်ပွဲကိုသာ မြင်တွေ့ရဖို့များနေတယ်လို့ ယူဆမိပါတယ်။ ဂိုးပေါင်းအနေနဲ့တော့ ဂိုးပေါ်ဖို့ဆိုရင် ယူနိုက်တက်တစ်သင်းတည်းက carryလုပ်နေရမှာမို့ လေးဂိုးမပြည့်နိုင်ဘူးလို့ယူဆရင်း ဂိုးအောက်ကို‌ နှစ်သက်မိပါတယ်။ ဒါကြောင့် ဒီပွဲမှာတော့ မန်ယူဘော်ဒီကို ဂိုးအောက်နဲ့တွဲပြီး ရွေးချယ်ကြည့်ချင်ပါတယ်။

🎯ရွေးချယ်မှု
✅ မန်ယူ ဘော်ဒီ / ဂိုးအောက်
⚽ ခန့်မှန်းရလဒ် = (၃-၀)

အားလုံးအောင်ပွဲဆင်နိုင်ကြပါစေ။

#soccer88

Facebook Comments Box
Facebook Comment