ဝိန်းရွန်းနီ၏ အင်္ဂလန်စံချိန်ကို ကိန်း ရိုက်ချိုးနိုင်ကြောင်း ဆောက်ဂိတ် ပြောကြား

ဂရေမီဆောက်ဂိတ်က အင်္ဂလန်အသင်းခေါင်းဆောင်ဟယ်ရီကိန်းမှာ ဝိန်းရွန်းနီ၏ အင်္ဂလန်အတွက် ဂိုးအများဆုံးသွင်းယူထားသူ စံချိန်ကို ရိုက်ချိုးနိုင်ကြောင်း ပြောကြားလိုက်သည်။ ကိန်းသည် ၂၀၁၅ ခုနှစ်တွင် အင်္ဂလန်အတွက် ပထမဆုံးပွဲကို ကစားခွင့် ရပြီးနောက် ၄၉ ပွဲကစားကာ ၃၂ ဂိုးသွင်းယူထားသည်။

လက်ရှိအချိန်တွင် စပါးစ်တိုက်စစ်မှူးထက် အင်္ဂလန်အတွက် ဂိုးအများဆုံးသွင်းယူထားသူ ၅ ဦးသာ ရှိနေပြီး ဝိန်းရွန်းနီက ၅၃ ဂိုးဖြင့် အင်္ဂလန်အတွက် ဂိုးအများဆုံးသွင်းယူထားသူအဖြစ် စံချိန်တင်ထားသည်။

ဟယ်ရီကိန်းသည် အင်္ဂလန်အသင်း၏ နောက်ဆုံး လေးပွဲဆက် ဂိုးပေါက်ပျောက်နေခဲ့သူဖြစ်သည်။ သို့ရာတွင် သူသည် စပါးစ်အတွက် နောက်ဆုံး ၁၄ ပွဲတွင် ၁၃ ဂိုးသွင်းယူထားနိုင်သည်။

အသက် ၂၇ နှစ်ရှိ တိုက်စစ်မှူးသည် ယနေ့ညတွင် ဘယ်လ်ဂျီယံအား အဝေးကွင်းသို့ သွားရောက်ကစားရမည့်ပွဲတွင် အင်္ဂလန်အတွက် ပွဲ ၅၀ မြောက်ပွဲအား ကစားရမည် ဖြစ်သည်။

ဆောက်ဂိတ်က “ဖြစ်နိုင်ခြေရှိတဲ့ အရာတွေထဲမှာ ဂိုးသွင်းစံချိန်က စိတ်ဝင်စားဖို့ အကောင်းဆုံး အရာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ အင်္ဂလန်အတွက် ဂိုးသွင်းနှုန်းကလည်း အရမ်း ကောင်းတယ်။ သူဟာ ဝိန်းရွန်းနီရဲ့စံချိန်ကို ရိုက်ချိုးနိုင်ဖို့ အချိန်လည်း ရထားပါတယ်”ဟု ပြောကြားသွားသည်။  

Facebook Comments Box
Facebook Comment