ဝိန်းရွန်းနီ၏ပရီးမီးယားလိဂ်စံချိန်ကို ကျော်ဖြတ်ကာ စံချိန်သစ် ရေးထိုးလိုက်သည့် မိုဟာမက်ဆာလက်

မိုဟာမက်ဆာလက်သည် တန်းတက်လိဒ်အား အနိုင်ရရှိသည့်ပွဲတွင် လီဗာပူးအတွက် ဟက်ထရစ်သွင်းယူလိုက်နိုင်ပြီးနောက် မန်ယူဂန္ထဝင်တိုက်စစ်မှူး ဝိန်းရွန်းနီ၏စံချိန်ကို ရိုက်ချိုးကာ စံချိန်သစ်‌ရေးထိုးလိုက်နိုင်ကြောင်း သိရသည်။

အီဂျစ်လက်ရွေးစင်တိုက်စစ်သမားသည် ပရီးမီးယားလိဂ်ချန်ပီယံလီဗာပူးက လိဒ်ကို ၄-၃ဖြင့် အနိုင်ရရှိသည့်ပွဲတွင် ဟက်ထရစ်သွင်းနိုင်ခဲ့ခြင်းလည်းဖြစ်သည်။

သူသည် လိဒ်နှင့်ပွဲတွင် ဂိုးသွင်းယူနိုင်ပြီးနောက် သူ ဂိုးသွင်းနိုင်တိုင်း ပရီးမီးယားလိဂ်တွင် လီဗာပူးနိုင်ပွဲဆက်တိုက်ရရှိသည့် ပွဲ ၃၅  ပွဲအထိ ရှိလာခြင်းလည်း ဖြစ်သည်။ ယခင်က ယင်းစံချိန်ကို မန်ယူတိုက်စစ်မှူးဟောင်းဝိန်းရွန်းနီက ၂၀၀၈ ခုနှစ်၊ စက်တင်ဘာလမှ ၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီလအထိ ၃၄ ပွဲဖြင့် စံချိန်ရေးထိုးထားခဲ့ခြင်းဖြစ်သည်။ ယခုအခါ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆု နှစ်ကြိမ်ဆွတ်ခူးထားနိုင်သည့် မိုဟာမက်ဆာလက်က သူ ဂိုးသွင်းယူနိုင်တိုင်း ပရီးမီးယားလိဂ်တွင် လီဗာပူး ၃၅ ပွဲဆက်တိုက် အနိုင်ရရှိသည့် စံချိန်သစ်အား ရေးထိုးလိုက်ပြီ ဖြစ်သည်။

ထို့အပြင် မိုဟာမက်ဆာလက်သည် ၁၉၈၈–၈၉ ရာသီအဖွင့်ပွဲတွင် ဂျွန်အယ်လ်ဘရိုက်က လီဗာပူးအတွက် ဟက်ထရီသွင်းယူနိုင်ပြီးနောက် ပရီးမီးယားလိဂ်အဖွင့်ပွဲတွင် ဟက်ထရစ်သွင်းယူနိုင်သည့် ပထမဆုံး လီဗာပူး ကစားသမား ဖြစ်လာခဲ့သည်။

မိုဟာမက်ဆာလက်သည် လိဒ်နှင့်ပွဲစဉ်မှ ဟက်ထရစ်ကြောင့် ပရီးမီးယားလိဂ်ပထမဆုံးပွဲတွင် လေးရာသီဆက်တိုက် ဂိုးသွင်းနိုင်သည့် ဒုတိယမြောက် ကစားသမားအဖြစ် မှတ်တမ်း ရေးထိုးနိုင်လာခဲ့သည်။ ယခင်က ပရီးမီးယားလိဂ်အဖွင့်ပွဲ လေးရာသီဆက် ဂိုးသွင်းနိုင်သည့် ကစားသမားအဖြစ် တက်ဒီရှရင်ဂမ်က ၁၉၉၂-၉၃ ရာမှ ၁၉၉၅-၉၆ ရာသီအထိ လေးရာသီဆက်တိုက် အဖွင့်ပွဲဂိုးသွင်းကာ မှတ်တမ်း ရေးထိုးခဲ့သည်။

Facebook Comments Box
Facebook Comment