ဝါနာမှာ ချဲလ်ဆီး၏ ပင်နယ်တီကန်သူ နံပါတ် တစ် ဖြစ်လာပြီဟု ဖရန့်လမ်းပတ် အတည်ပြု

ချဲလ်ဆီးနည်းပြဖရန့်လမ်းပတ်က ဂျော်ဂျင်ဟိုကို ချဲလ်ဆီး၏ ပင်နယ်တီကန်သူ နံပါတ် တစ်နေရာမှ ဖယ်ရှားလိုက်ပြီး တီမိုဝါနာအား ရွေးချယ်လိုက်ပြီဖြစ်ကြောင်း အတည်ပြုသွားသည်။ ဂျာမနီတိုက်စစ်မှူးသည် ဗုဒ္ဓဟူးနေ့တုန်းက ရန်းနက်စ်အား ၃-၀ ဂိုးဖြင့် အနိုင်ရရှိသည့်ပွဲတွင် ပင်နယ်တီမှ ၂ ဂိုးသွင်းယူခဲ့သည်။ ချဲလ်ဆီးအတွက် ကျန်အနိုင်ဂိုး ၁ ဂိုးကို အေဘရာဟမ်က သွင်းယူခဲ့သည်။

အီတလီကွင်းလယ်ကစားသမားဂျော်ဂျင်ဟိုသည် ချဲလ်ဆီး၏ ပင်နယ်တီကန်သွင်းသူ နံပါတ်တစ် အဖြစ် ကန်ခွင့် ရရှိလာသူဖြစ်ပြီး ခရက်စ်နိုဒါနှင့် ချန်ပီယံလိဂ်ပွဲတွင် ပင်နယ်တီ လွဲခဲ့သည်။ ဂျာမနီလက်ရွေးစင်တိုက်စစ်မှူးသည် ရန်းနက်စ်နှင့်ပွဲတွင် ကွင်းအတွင်း ဂျော်ဂျင်ဟို ရှိနေသော် လည်း ပင်နယ်တီကန်သွင်းသွားခဲ့ခြင်း ဖြစ်သည်။

ပွဲအပြီးတွင် ဖရန့်လမ်းပတ်က “သူက ပင်နယ်တီကန်တာ အရမ်းကောင်းတာဆိုတော့ ပထမဆုံး ဂျော်ဂျင်ဟိုနဲ့ စကားပြောခဲ့ပါတယ်။ သူက နောက်ဆုံးနှစ်ကြိမ် လွဲချော်ထားတာ ဆိုတော့ အ ပြောင်းအလဲ လုပ်ရမယ့် အချိန်လို့ ယူဆလို့ စကားပြောခဲ့တာပါ။ ဂျော့ရဲ့အဖြေကလည်း ကျွန်တော်မျှော်လင့်ထားသလိုဘဲ ပရော်ဖက်ရှင်နယ်ဆန်တဲ့ အဖြေပါ။ သူလည်း ကန်ချင်ပေးမယ့် ဒါနဲ့ပတ်သက်ပြီး အဆင်ပြေပါတယ်။ ဒီကနေ့လိုဘဲ တီမိုကန်တယ်ဆိုရင်လည်း သူပျော်ပါမယ်။ အခု တီမိုက ဦးစားပေးဖြစ်သွားပါပြီ”ဟု ပြောကြားသွားသည်။

ဝါနာ၏ ဒုတိယပင်နယ်တီ ဆုံးဖြတ်ချက်မှာ အငြင်းပွားဖွယ်ရာ ကောင်းနေသည်။ ရန်းနက်စ် နောက်ခံလူဒယ်ဘတ်သည် ဘောလုံးမတော်တဆ လက်ထိခြင်းဖြစ်သော်လည်း ပင်နယ်တီ ပေးခံခဲ့ရသည့်အပြင် ဒုတိယအဝါကတ်ပါ ပြသခြင်းခံခဲ့ရသည်။

Facebook Comments Box
Facebook Comment