ဝါနာက ခြိမ်းခြောက်နေသည်ဟု မယူဆကြောင်း ဂျရူးတုံ့ပြန်

ချဲလ်ဆီးတိုက်စစ်မှူး အိုလီဗာဂျရူးက အသင်းသို့ရောက်လာသော ဂျာမနီတိုက်စစ်မှူး တီမိုဝါနာက ၎င်း၏နေရာကို ခြိမ်းခြောက်နေသည်ဟု မယူဆဘဲ အသင်းကြီးတွင် ကစားနေသူ မည်သူ မဆို မိမိနေရာအတွက် ပြိုင်ဆိုင်ရလေ့ရှိကြောင်း ပြောကြားလိုက်သည်။

ဘွန်ဒက်စ်လီဂါကလပ် လိုက်ပ်ဇစ်မှ ပေါင် ၅၃ သန်းဖြင့် ပြောင်းရွှေ့လာသော ဝါနာသည် ဘရိုက်တန်နှင့် သရေကျခဲ့သော ရာသီကြိုခြေစမ်းပွဲတွင် ချဲလ်ဆီးအတွက် ဂိုးသွင်းခဲ့သလို စပိန်နှင့် တစ်ဂိုးစီ သရေကျခဲ့သည့် နေးရှင်းလိဂ်ပွဲတွင်လည်း ဂျာမနီအတွက် အဖွင့်ဂိုး သွင်းယူပေးခဲ့သည်။

အသက် ၂၃ နှစ်အရွယ် ဝါနာ ချဲလ်ဆီးသို့ ရောက်ရှိလာခြင်းကြောင့် ပြင်သစ်ဝါရင့် ကစားသမား ဂျရူးအနေဖြင့် ပုံမှန်ပွဲကစားခွင့်ရရန် ရုန်းကန်ရတော့မည်ဆိုသော သုံးသပ်ချက်များ ထွက်ပေါ် လာသည်။

အသက် ၃၃ နှစ်အရွယ် အာဆင်နယ် ကစားသမားဟောင်း ဂျရူးသည် ယမန်နှစ်ရာသီက အ ထောင်တိုက်စစ်နေရာအတွက် လူငယ်ကစားသမား အေဘရာဟမ်နှင့် ယှဉ်ပြိုင်ခဲ့ရပြီး ပရီးမီးယားလိဂ် ၁၈ ပွဲအပါ ပြိုင်ပွဲစုံ ၂၅ ပွဲတွင် ၁၀ ဂိုး သွင်းယူနိုင်ခဲ့သည်။

ရာသီသစ်နှင့် ပတ်သက်၍ ဂျရူးက “အသင်းကြီးတိုင်းမှာ ပြိုင်ဆိုင်မှုတွေက ရှိစမြဲပါပဲ။ ကိုယ့်ရဲ့ နေရာအတွက် ယှဉ်ပြိုင်မှုတွေ ရှိနေတယ်ဆိုက ကျွန်တော့်ကို အမြဲတမ်း စိတ်ဓာတ်လှုံ့ဆော်မှု ပေးပါတယ်။ အခုတော့ အသင်းက ဝါနာကိုဝယ်တာ ကွင်းထဲ ထည့်ကစားတော့မယ်ဆိုတာ ကျွန် တော် သိပါတယ်။ ကျွန်တော်က နုံအနေတဲ့သူ မဟုတ်ပါဘူး။ ကိုယ့်နေရာအတွက် ယှဉ်ပြိုင်ရတာ ကို ကျွန်တော် နှစ်သက်ပါတယ်” ဟု ပြောသည်။

ဆက်လက်၍ ၎င်းက နည်းပြလမ်းပတ်နှင့် မိမိအကြား တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုရှိကြပြီး lockdown ကာလအပြီး လမ်းပတ်က မိမိကို အခွင့်အရေးပေးမည်ဟု ရှင်းရှင်းလင်းလင်း ပြော ထားကြောင်း၊ ထို့ကြောင့် မိမိကလည်း ကွင်းအတွင်း ခြေစွမ်းပြကစားကာ လမ်းပတ်၏ ယုံ ကြည်မှုအတွက် ပြန်လည် ပေးဆပ်သွားမည်ဖြစ်ကြောင်း ဆိုသည်။

Ref:TheSun

Facebook Comments Box
Facebook Comment