ဝင်ငွေအမြင့်မားဆုံး ကစားသမားအဖြစ် လီယွန်နယ်မက်ဆီ ရပ်တည်

ဘာစီလိုနာအသင်းခေါင်းဆောင်လီယွန်နယ်မက်ဆီသည် ၂၀၂၀ ခုနှစ်တွင် ဝင်ငွေအမြင့်မားဆုံး ဘောလုံးကစားသမားအဖြစ် ရပ်တည်နေကြောင်း သိရသည်။ Forbes ၏ ဖော်ပြမှုအရ မက်ဆီသည် တစ်နှစ် ဝင်ငွေ ဒေါ်လာ ၁၂၆ သန်းဖြင့် ဝင်ငွေအများဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ပြီး ခရစ္စတီယာနိုရော်နယ်ဒိုက ဒေါ်လာ ၁၁၇ သန်းဖြင့် ဒုတိယနေရာတွင် ရပ်တည်နိုင်ခဲ့သည်။

တတိယနေရာတွင် နေမာက ဒေါ်လာ ၉၆ သန်းဖြင့် ရပ်တည်နိုင်ခဲ့သလို စတုတ္တနေရာတွင် အမ်ဘက်ပီက ဒေါ်လာ ၄၂ သန်းဖြင့် ရပ်တည်နေသည်။ လီဗာပူးစတားမိုဟာမက်ဆာလက်မှာ ဝင်ငွေ ဒေါ်လာ ၃၇ သန်းဖြင့် အဆင့် ၅ နေရာတွင် ရပ်တည်နိုင်ခဲ့သည့်အပြင် ပရီးမီးယားလိဂ်၏ဝင်ငွေအများဆုံး ကစားသမားအဖြစ်ပါ ရပ်တည်နိုင်ခဲ့သည်။

အဆင့် ၆ နေရာတွင် မန်ယူနှင့် ပြင်သစ်ကွင်းလယ်ကစားသမားပေါလ်ပေါ့ဘာက ဒေါ်လာ ၃၄ သန်းဖြင့် ရပ်တည်နေကာ အဆင့် ၇ နေရာတွင် ဂရက်ဇ်မန်းက ဒေါ်လာ ၃၃ သန်းဖြင့် ရပ်တည်နေသည်။

ဂါရတ်ဘေးလ်မှာ ရီးရဲလ်မက်ဒရစ်တွင် နေရာပျောက်ဆုံးလျက်ရှိနေသော်လည်း တစ်နှစ်ဝင်ငွေ ဒေါ်လာ ၂၉ သန်းဖြင့် ဝင်ငွေအကောင်းဆုံးကစားသမား ၁၀ ဦးစာရင်းမှာ အဆင့် ၈ နေရာတွင် ရပ်တည်နိုင်ခဲ့သည်။ အဆင့် ၉ နေရာတွင် လီဝန်ဒေါ့စကီးက ဒေါ်လာ ၂၈ သန်းဖြင့်လည်းကောင်း၊ အဆင့် ၁၀ နေရာတွင် မန်ယူဂိုးသမားဒီဂီယာက ဒေါ်လာ ၂၇ သန်းဖြင့်လည်းကောင်း ရပ်တည်နေသည်။

Facebook Comments Box
Facebook Comment