လှောင်အိမ်ထဲ နေထိုင်နေရသော သားရဲကောင်ကြီးလို ဖြစ်နေဟု ရော်နယ်ဒို ဖွင့်ဟ

COVID-19 ကူးစက်ခံထားရသော ဂျူဗင်တပ်စ် တိုက်စစ်မှူး ရော်နယ်ဒိုက နေအိမ်တွင် ကွာရန်တင်း ဝင်နေရခြင်းကို အားမလိုအားမရ ဖြစ်နေပြီး မြက်ခင်းစိမ်းထက် အမြန်ဆုံး ပြန်လည်ဝင်ရောက်ချင်နေပြီဟု ဆိုသည်။

ယှဉ်ပြိုင်ရသည်ကို ကြိုက်နှစ်သက်သော ရော်နယ်ဒိုက ကွာရန်တင်း ဝင်နေရ ခြင်းက တိုက်ခိုက်လိုစိတ် အပြည့်ရှိသော သားရဲကောင်ကြီးကို လှောင်အိမ်ထဲ ပိတ်လှောင်ထားသလို ဖြစ်နေကြောင်းလည်း မချင့်မရဲ ဆိုသည်။

အသက် ၃၅ နှစ်အရွယ် ရော်နယ်ဒိုသည် ပေါ်တူဂီအသင်းအတွက် ကစားရန် ရှိနေစဉ် အောက်တိုဘာ ၁၃ ရက်က COVID-19 ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့သည်။

ထို့ကြောင့် အီတလီသို့ ပြန်လာပြီး ကျန်းမာရေး စည်းမျဉ်းစည်းကမ်းများအရ သီးသန့်နေထိုင်ကာ အောက်တိုဘာ ၂၂ ရက်က ဆေးစစ်ခဲ့ရာ Positive ပင် ဖြစ်ခဲ့ရာ ဘာစီလိုနာနှင့် ကစားမည့် ချန်ပီယံလိဂ်ပွဲကို လွဲချော်ရန် အ ကြောင်းဖန်လာခဲ့သည်။

သို့သော် လက်မလျှော့သေးဘဲ ယမန်နေ့က တတိယအကြိမ် ဆေးစစ်ရာတွင်လည်း ဗိုင်းရပ်စ်ပိုးက မပျောက်သေးဘဲ Positive ပင် ထပ်ဖြစ်နေ၍ ယနေ့ ည ဘာစီလိုနာကို ဧည့်ခံရမည့်ပွဲအား သေချာပေါက် လွဲချော်ရမည် ဖြစ်သည်။

မည်သည့် လက္ခဏာမှ မပြဘဲ လူကောင်းပကတိ ဖြစ်နေသော်လည်း ဆေးစစ်မှုရလဒ်တွင် Positive သာ ပြနေမှုကို ရော်နယ်ဒိုက ဒေါသထွက်ကာ ဆဲရေးတိုင်းထွာမှုပင် ပြုလုပ်ခဲ့သည်။

ရော်နယ်ဒိုက followers ၂၄၁ သန်းကျော်ရှိသော သူ၏ အင်စတာဂရမ်တွင်”နေရထိုင်ရတာလည်း ကောင်းတယ်၊ ကျန်းမာရေးကလည်း ကောင်းတယ်။ ဒါပေမဲ့ ဆေးစစ်မှုရလဒ်ကတော့ bull****” ဟု ရေးသားကာ လန်းဆန်းမှုအပြည့်ဖြင့် ရိုက်ထားသောပုံနှင့် တွဲတင်ခဲ့သည်။

Ref:instagram

Facebook Comments Box
Facebook Comment