လွမ်ဘာဒီဒေသရှိ စီးရီးအေကွင်းများကို ပြန်ဖွင့်တော့မှာလား?

အီတလီမီဒီယာများ၏ဖော်ပြချက်အရ လမ်ဘာဒီဒေသအာဏာပိုင်တို့သည် စီးရီးအေရာသီသစ်တွင် ကွင်းများအား ပရိသတ် ၂၅ ရာခိုင်နှုန်း ဝင်ရောက် ကြည့်ခွင့်ရရှိရေးအတွက် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

Sportitalia ၏ဖော်ပြချက်အရ လွမ်ဘာဒီအုပ်ချုပ်ရေးမှူး အက်တီလီယိုဖွန်တာနာ သည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပိတ်ပင်ထားခဲ့သည့်အရာများကို ပြန်လည်ဖြေလျှော့မှုများပြုလုပ်ရန် စီစဉ်နေပြီး ယင်းအထဲတွင် ကွင်းများအား ပြန်ဖွင့်ကာ ပရိသတ်များ ပြန်လည်ဝင်ရောက်ကြည့်ခွင့်ရရှိရေးလည်း အစီအစဉ်လည်းပါဝင်သည်။

တကယ်လို့များ ဖြစ်လာခဲ့မည်ဆိုလျှင် အင်တာမီလန်နှင့် အေစီမီလန်တို့က အိမ်ကွင်းအဖြစ် အသုံးပြုနေသည့် ဆန်စီရိုကွင်းသို့ ပရိသတ် ၂၁,၀၀၀ ဝန်းကျင်အထိ လာရောက်ကြည့်နိုင်ဖွယ်ရှိသည်။

အီတလီမီဒီယာတို့၏ဖော်ပြချက်အရ အင်တာနှင့်မီလန်တို့၏ဆန်စီရို/ဂူဆက်ပီမီယက်ဇာနှင့်အတ္တလန္တာ၏ဂီဝစ်ကွင်းသို့ လာမည့် စက်တင်ဘာလ ၁၉ ရက်နေ့တွင် စတင်မည့် စီးရီးအေအဖွင့်ပွဲသို့ တစ်ရာသီစာလက်မှတ်ကိုင်ဆောင်ထားသူများ ဝင်ရောက်ကြည့်ခွင့်ရနိုင်ကြောင်း သိရသည်။

အီတလီနိုင်ငံတွင် လွမ်ဘာဒီဒေသမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှင့်ထိခိုက်မှု အများဆုံးဧရိယာဖြစ်ပြီး အကယ်၍ ယင်းဒေသမှ ကွင်းများသာ ဖွင့်လာလျှင် အခြားဒေသများမှ ကွင်းများလည်း ပြန်လည်ဖွင့်လာရန် သေချာနေသည်။ အီတလီနိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် အဆိုးရွားဆုံးထိခိုက်ခဲ့သည့် နိုင်ငံများစာရင်းတွင် ပါဝင်ခဲ့သော်လည်း ယခုအခါ ကူးစက်မှုလျှော့ကျလာမှုနှင့်အတူ Social Distaning ဖြင့် ရုပ်ရှင်ရုံများ၊ ပြဇာတ်ရုံများ ပြန်လည်ဖွင့်နေပြီဖြစ်သည်။

ထို့ကြောင့် သီအိုရီအရ ဘောလုံးကွင်းကဲ့ သို့ နေရာမျိုးသို့လည်း Social Distancing နည်းဖြင့်ပင် ပရိသတ်အကန့်အသတ်ဖြင့် ဝင်ရောက်စေပါက ဖွင့်လှစ်နိုင်ရန် သေချာနေသည်။ လက်ရှိအချိန်တွင် နာပိုလီသည် ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်၊ ခြေစမ်းပွဲများအတွက် လက်မှတ်များ ရောင်းချထားပြီးဖြစ်ကာ Social Distancing ဖြင့် အလုပ်ဖြစ်/မဖြစ်ကို စမ်းသပ်မှု ပြုလုပ်နေပါသည်။

Ref: Sportitalia

Facebook Comments Box
Facebook Comment