လေ့ကျင့်ရေးမလာခဲ့တဲ့ မက်ဆီ ဒဏ်ကြေး ပေါင် တစ်သန်းကျော် ပေးရဖွယ်ရှိ

ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ်မက်ဆီသည် ယနေ့ပြုလုပ်သည့် အသင်း၏ လေ့ကျင့်ရေးအစီအစဉ်သို့ လာ ရောက်ခြင်းမရှိရာ ၃ ရက်တာအတွင်း အသင်းသားများနှင့် ပူးပေါင်းဆောင်ရွက်ရမည့် ကိစ္စရပ် ၂ ခုကို ငြင်းပယ် ခဲ့ခြင်းလည်း ဖြစ်သည်။

ဘာစီလိုနာအသင်းမှ ထွက်ခွာရန် ကြိုးစားနေသော မက်ဆီသည် တနင်္ဂနွေက ပြုလုပ်သည့် ကိုရိုနာဗိုင်းရပ်စ် စစ် ဆေးမှု အစီအစဉ်ကို မတက်ခဲ့သလို ယနေ့ပြုလုပ်သည့် ရာသီကြို လေ့ကျင့်ရေးအစီအစဉ်ကိုလည်း လာရောက်ပူး ပေါင်းခြင်း မရှိပေ။

စပိန်ဘောလုံးလောကတွင် ကစားသမားတစ်ဦးသည် အကြောင်းပြချက်မရှိဘဲ အသင်းနှင့် ၂ ကြိမ် မပူးပေါင်းပါက ကြီးလေးသည့်ပြစ်မှုအဖြစ် သတ်မှတ်ထားသည်ဟု သိရသည်။

ထို့အပြင် ၁၁ ရက်အတွင်း ၃ ကြိမ်ပျက်ကွက်ပါက ပျက်ကွက်သော ကစားသမား၏ လစာ ၂၅ ရာခိုင်နှုန်းအား ၎င်း ၏ကလပ်က ဒဏ်ကြေးရိုက်နိုင်သလို တစ်လစာလုံးကိုလည်း ဒဏ်ရိုက်နိုင်သည်။

မက်ဆီသည် ဘာစီလိုနာအသင်းတွင် တစ်နှစ်လစာ ပေါင် ၅၄ သန်းရရှိနေပြီး တစ်လလျှင် ပေါင် ၄ ဒသမ ၅ သန်း ရ ရှိနေသည့်သဘောဖြစ်သည်။

ထို့ကြောင့် ၎င်းအနေဖြင့် လာမည့် ၈ ရက်အတွင်း ဘာစီလိုနာနှင့် ပူးပေါင်းခြင်းမရှိပါက ဒဏ်ကြေး ပေါင် ၁ ဒသမ ၁ သန်းကျော် ပေးဆောင်ရဖွယ်ရှိနေသည်။

အသက် ၃၃ နှစ်အရွယ် မက်ဆီသည် ဆယ်ကျော်သက်အရွယ်ကတည်းက သစ္စာရှိရှိ ကစားလာသည့် ဘာစီလိုနာ အသင်းကို စွန့်ခွာရန်စီစဉ်နေရာ လေ့ကျင့်ရေးကွင်းသို့ မလာရောက်သည့် ယနေ့အဖြစ်အပျက်က နှစ်ဦးနှစ်ဖက် အကြား ပိုမိုတင်းမာလာသည့် သဘောလည်းဖြစ်သည်။

ဘာစီလိုနာအသင်း၏ ထာဝရ ဂိုးသွင်းအများဆုံး ကစားသမားဖြစ်သည့် မက်ဆီကို ပရီးမီးယားလိဂ် ထိပ်သီးက လပ် မန်စီးတီးအသင်းက ခေါ်ယူရန် ကြိုးစားနေသည်။

Ref:dailystar

Facebook Comments Box
Facebook Comment