လေ့ကျင့်ခန်းအစီအစဉ်တွင် ဒဏ်ရာရရှိ၍ ဘယ်လ်ဂျီယံပွဲကို ဟယ်ရီကိန်း လွဲမည်

ဟယ်ရီကိန်းသည် ယနေ့ညတွင် ဘယ်လ်ဂျီယံနှင့် ကစားမည့် Nations League ပွဲကို လွဲချော်မည် ဖြစ်ကြောင်း သိရသည်။ အင်္ဂလန်အသင်းခေါင်းဆောင်သည် လေ့ကျင့်ခန်းအစီအစဉ်တွင် ကြွက်သားဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ဝင်ဘာလေပွဲစဉ်တွင် လွဲချော်ရမည့် အရေးနှင့် ကြုံနေရသည်။

ကိန်းသည် ယခုရာသီတွင် စပါးစ်၌ အကောင်းဆုံးပုံစံ ရရှိနေသူဖြစ်ပြီး ဒဏ်ရာမရရှိအောင် အထူးဂရုစိုက် ကစားနေသူလည်း ဖြစ်သည်။

သူသည် နောက်ဆုံးအကြိမ် ဒဏ်ရာရရှိခဲ့သည်မှာ ဇန်နဝါရီလ ၁ ရက်နေ့တုန်းက ဆောက်သမ်တန်နှင့်ပွဲစဉ်မှာ ဖြစ်ပြီး ဇွန်လ ၁၉ ရက်နေ့က ယူနိုက်တက်နှင့်ပွဲတွင် ပြန်ကစားနိုင်ခဲ့သည်။

ဆောက်ဂိတ်သည် ယနေ့ည ဝင်ဘာလေပွဲစဉ်တွင် အတောင့်တင်းဆုံးလူစာရင်းနှင့် ပွဲထွက်ရန် စီစဉ်ထားသော်လည်း ဟယ်ရီကိန်း ဒဏ်ရာရရှိသွားမှုမှာ ကြီးမားသည့် ဆုံးရှုံးမှုတစ်ခု ဖြစ်လာမည် ဖြစ်သည်။

အင်္ဂလန်နည်းပြသည် ဘယ်လ်ဂျီယံနှင့်ပွဲတွင် တိုက်စစ်သမားသုံးဦးဖြင့် ပွဲထွက်ရန် စီစဉ်ထားပြီး ကိန်း ဒဏ်ရာရရှိနေမှုကြောင့် မောင့်၊ ရပ်ရှ်ဖို့ဒ်နှင့် ကာဗတ်လီဝင်းတို့နှင့် ပွဲထွက်လာဖွယ်ရှိသည်။

ယခုရာသီတွင် အဲဗာတန်နှင့်အတွက် ၉ ဂိုး သွင်းယူထားသည့် ကယ်ဗတ်လီဝင်းသည် ဝေးလ်အား ၃-၀ဂိုးဖြင့် အနိုင်ရရှိသည့်ပွဲတွင် အင်္ဂလန်အတွက် ပထမဆုံးပွဲကစားခဲ့ရာ၌ ဂိုးသွင်းနိုင်ခဲ့သူဖြစ်သည်။

Facebook Comments Box
Facebook Comment