လူမည်းကစားသမားများအား မှတ်ချက်ပြု ပြောကြားခဲ့မှုကြောင့် အက်ဖ်အေဥက္ကဌဂရက်ကလပ်ခ်နုတ်ထွက်ခဲ့ရ

အက်ဖ်အေဥက္ကဌဂရက်ကလပ်ခ်သည် ပါလီမန်အမတ်များနှင့် ဆွေးနွေးမှု ပြုလုပ်စဉ် လူမည်းကစားသမားများဟူသည့် အသုံးအနှုန်းဖြင့် သုံးကာ ပြောဆိုဆွေးနွေးခဲ့မှုအတွက် ရာထူးမှ နုတ်ထွက်ခဲ့ရသည်။

ဂရက်ကလပ်ခ်သည် ယင်းဆွေးနွေးမှုတွင် လူမည်းကစားသမားများအား ရည်ညွှန်းပြောဆိုမှု ပြုလုပ်ခဲ့အပြင် Gay တစ်ဦး ဖြစ်နေခြင်းမှာလည်း လူနေမှုဘဝစတိုင် တစ်ခု ရွေးချယ်ခြင်းမျှသာ ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ဂရက်းလပ်ခ်သည် ယင်းသို့ ပြောဆိုမှုများအတွက် တောင်းပန်မှုများ ပြုလုပ်ခဲ့ရပြီး နာရီအနည်းငယ်အကြာတွင် ရာထူးမှ နုတ်ထွက်ရန် ဆုံးဖြတ်လိုက်ခြင်းလည်း ဖြစ်သည်။

သူသည် ယင်းသို့ ပြောဆိုမှုများ ပြုလုပ်ပြီးနောက် Kick it Out အပါအဝင် အသားအရောင်ခွဲခြား ဆက်ဆံမှု တိုက်ဖျက်ရေး အဖွဲ့များ၏ ဝေဖန်မှုများ အပြင်းအထန်ခံရပြီးနောက် ရာထူးမှ နုတ်ထွက်လိုက်ခြင်းလည်း ဖြစ်သည်။

ဂရက်ကလပ်ခ်က “ဘောလုံးကို ချစ်မြတ်နိုးတဲ့ သူတစ်ယောက် အဖြစ် ဘောလုံးလောကအတွက် ဆယ်စုနှစ်ပေါင်းများစွာ အလုပ်လုပ်လာခဲ့ပြီးပါပြီ။ ဘောလုံးကိုဘဲ ပထမဦးစားပေးအဖြစ် လုပ်ဆောင်လာခဲ့တာပါ။ ၂၀၂၀ ခုနှစ်က စိန်ခေါ်မှုတွေ ရင်ဆိုင်ရတဲ့ နှစ်ပါ။ အပြောင်းအလဲ တစ်ခု ဖြစ်မြောက်လာဖို့အတွက် နုတ်ထွက်ဖို့လည်း အကြိမ်ကြိမ် စဉ်းစားခဲ့ဖူးပါတယ်။ ပါလီမန်အမတ်တွေရှေ့မှာ ကျွန်တော့်ရဲ့ လက်ခံနိုင်စရာမရှိတဲ့ စကားလုံးတွေကြောင့် ကျွန်တော်တို့ ဘောလုံးလောကအတွက် အကျိုးမဲ့စေခဲ့ပါတယ်။ ပွဲကြည့်သူတွေ၊ ကစားသမားတွေ၊ ဒိုင်လူကြီးတွေ၊ စီမံခန့်ခွဲသူတွေကို နာကျင်စေခဲ့ရပါတယ်။ ကျွန်တော့်ကြောင့် ဘောလုံးလောကနစ်နာရမှုအတွက် အရမ်းစိတ်မကောင်း ဖြစ်ရပါတယ်။ ဘောလုံးလောကက ကျွန်တော့်သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေကို အတူလက်တွဲလာခဲ့တဲ့နှစ်တွေအတွက် အရမ်းကျေးဇူးတင်ပါတယ်။ ကျွန်တော် အက်ဖ်အေကနေ နုတ်ထွက်လိုက်ပါပြီ”ဟု ပြောကြားသွားခဲ့သည်။

ဂရတ်ကလပ်ခ်သည် ပါလီမန်အမတ်များနှင့် ထိပ်တန်း Gay ဘောလုံးကစားသမားများ နည်းပါးနေမှုအတွက်  မေးခွန်းကို ဖြေဆိုရာတွင် အသားအရောင်ရှိ ကစားသမားများဟူသည့် အသုံးအနှုန်းသုံးခဲ့ခြင်းလည်း ဖြစ်သည်။ ဂရတ်ကလပ်ခ်သည် အသားအရောင်ရှိ ကစားသမားဟူ၍ သုံးနှုန်းမှုအတွက် တောင်းပန်ရန် ပါလီမန်အမတ်တစ်ဦး၏ ပြောကြားခြင်း ခံခဲ့ရသော်လည်း တောင်းပန်ရန် ငြင်းဆိုခဲ့သည်။

Facebook Comments Box
Facebook Comment