လူမစုံပေမယ့် အန်ဖီးလ်မှာတော့ လီဗာပူးလ်နဲ့ စွန့်စားမယ်

ပရီးမီးယားလိဂ် ပွဲစဉ် ၉ စူပါဆန်းဒေး ပွဲကြိုသုံးသပ်ချက်

ဖူလ်ဟမ် Vs အဲဗာတန်

ည ၆း၃၀ နာရီ(ခရာဗင်ကော့တိတ်ချ်)

ဖူလ်ဟမ်ကွင်း နောက်ဆုံး ၃ ပွဲရလဒ်

၁၃-၄-၂၀၁၉ ဖူလ်ဟမ် ၂-၀ အဲဗာတန်

၃၀-၃-၂၀၁၄ ဖူလ်ဟမ် ၁-၃ အဲဗာတန်

၂၅-၉-၂၀၁၃ ဖူလ်ဟမ် ၂-၁ အဲဗာတန်

အဆင့် ၁၇ နေရာက ဖူလ်ဟမ်ဟာ ဝက်စ်ဘရွန်းကို အနိုင်ယူပြီး ဒီရာသီ ပထမဆုံးနိုင်ပွဲ ရယူခဲ့ပေမယ့်လည်း နောက်ဆုံးပွဲမှာတော့ ဝက်စ်ဟမ်းကို ရှုံးခဲ့ပါတယ်။

ဆိုရရင် နည်းပြ စကော့ပါကားရဲ့အသင်းဟာ ခြေစွမ်းပိုင်း တစ်သမတ်တည်း မရှိတာကို ပြဆိုနေတာ ဖြစ်ပါတယ်။

အန်ဆလော့တီရဲ့အဲဗာတန်ကတော့ ပရီးမီးယားလိဂ် နောက်ဆုံး ၃ ပွဲဆက် ရှုံးခဲ့လို့ ဇယားထိပ်ဆုံးက ကျလာလိုက်တာ အခုဆိုရင် အဆင့် ၇ နေရာမှာ ရပ်တည်နေပါတယ်။

ကပ္ပတိန် ဆီမက်စ်ကိုးလ်မန်း မပါနိုင်ပေမယ့် ပွဲပယ်ပြစ်ဒဏ် စေ့သွားပြီဖြစ်တဲ့ ရစ်ချာလီဆန် ပြန်ကစားနိုင်မှာဖြစ်လို့ အဲဗာတန်တိုက်စစ်က အားကောင်းလာမှာပါ။

အဲဗာတန်က ၁+၉၀ ဖွင့်လှစ်ထားပြီး ကစားသမား စုဖွဲ့မှုပိုတောင့်တဲ့ အဲဗာတန်ကို ကြိုက်ပါတယ်။

ခန့်မှန်းရလဒ် – ဖူလ်ဟမ် ၁-၂ အဲဗာတန်

ရှက်ဖီးလ်ယူနိုက်တက် Vs ဝက်စ်ဟမ်း

ည ၈း၃၀ နာရီ(ဘရာမောလိန်း)

ရှက်ဖီးလ်ကွင်း နောက်ဆုံး ၃ ပွဲရလဒ်

၁၁-၁-၂၀၂၀ ရှက်ဖီးလ် ၁-၀ ဝက်စ်ဟမ်း

၁၄-၄-၂၀၀၇ ရှက်ဖီးလ် ၃-၀ ဝက်စ်ဟမ်း

၁၃-၂-၂၀၀၅ ရှက်ဖီးလ် ၁-၁ ဝက်စ်ဟမ်း

အမှတ်ပေးဇယား အောက်ဆုံးက ရှက်ဖီးလ်ဟာ ရမှတ် ၁ မှတ်သာရထားပြီး တိုက်စစ်ကလည်း ညံ့ဖျင်းလွန်းပါတယ်။

ခံစစ်ကလည်း ညံ့လွန်းပြီး တစ်ပွဲကို ပျမ်းမျှ ၁ ဒသမ ၅ ဂိုးနှုန်းလောက် ပေးထားရပါတယ်။

ဒေးဗစ်မွိုက်စ်ရဲ့ဝက်စ်ဟမ်းကတော့ ဖူလ်ဟမ်ကိုအနိုင်ယူပြီး လိဂ် ၃ ပွဲဆက် နိုင်ပွဲပျောက်မှုကို ရပ်တန့်နိုင်ခဲ့ပါတယ်။

မန်စီးတီး၊ စပါးတို့ကိုသရေ၊ လီဗာပူးလ်ကို ကပ်ရှုံးထားတဲ့ ဝက်စ်ဟမ်းက ရက်ဖီးလ်ကို =၂၀ သာ အကျောပေးထားတာက သံသယရှိစရာပါပဲ။

သရေကျမယ်လို့ ထင်ပါတယ်။

ခန့်မှန်းရလဒ် – ရှက်ဖီးလ် ၁-၁ ဝက်စ်ဟမ်း

လိဒ်စ်ယူနိုက်တက် Vs အာဆင်နယ်

ည ၁၁း၀၀ နာရီ(အီလန်ရုတ်ဒ်)

လိဒ်စ်ကွင်း နောက်ဆုံး ၃ ပွဲရလဒ်

၂၀-၁-၂၀၁၁ လိဒ်စ် ၁-၃ အာဆင်နယ်

၁-၁၁-၂၀၀၃ လိဒ်စ် ၁-၄ အာဆင်နယ်

၂၈-၉-၂၀၀၂ လိဒ်စ် ၁-၄ အာဆင်နယ်

ဝါရင့်နည်းပြကြီး ဘီယဲလ်ဆာရဲ့လိဒ်စ်ဟာ ရာသီအစပိုင်းမှာ ခြေစွမ်းပြနိုင်ပေမယ့် နောက်ပိုင်းမှာ ခြေစွမ်းကျဆင်းသွားပြီး လိဂ် နောက်ဆုံး ၄ ပွဲမှာ ၁ ပွဲနိုင်၊ ၃ ပွဲရှုံးထားပါတယ်။

လိဒ်စ်မှာ ရိုဒရီဂို ကိုဗစ်ပျောက်ကင်းသွားပေမယ့်လည်း ပက်ဘလိုဟာနန်ဒက်ဇ်၊ ရှကယ်တန်၊ လော်ရန်တေးတို့ကတော့ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

အာဆင်နယ်မှာလည်း ကိုလာစီနက်နဲ့ အယ်နီနီတို့ ကိုဗစ်ကြောင့် ပါဝင်နိုင်မှာ မဟုတ်သလို ပါတေးကလည်း ပေါင်ဒဏ်ရာကြောင့် လွဲချော်ရမှာပါ။

အာဆင်နယ်က =၅၀ အကျောပေးထားပြီး မရှုံးနိုင်လို့ အမြောက်တပ်သားတွေနဲ့ပဲ အရဲစွန့်ချင်ပါတယ်။

ခန့်မှန်းရလဒ် – လိဒ်စ် ၁-၂ အာဆင်နယ်

လီဗာပူးလ် Vs လက်စတာ

ည ၁း၄၅ နာရီ(အန်ဖီးလ်)

လီဗာပူးလ်ကွင်း နောက်ဆုံး ၃ ပွဲရလဒ်

၅-၁၀-၂၀၁၉ လီဗာပူးလ် ၂-၁ လက်စတာ

၃၁-၁-၂၀၁၉ လီဗာပူးလ် ၁-၁ လက်စတာ

၃-ဝ-၁၂-၂၀၁၇ လီဗာပူးလ် ၂-၁ လက်စတာ

အမှတ်ပေးဇယားထိပ်က စပါးကို လိုက်မီနိုင်ဖို့အတွက် လီဗာပူးလ်တို့ အနိုင်ရဖို့ လိုအပ်နေပေမယ့်လည်း ဆာလက်၊ ဟန်ဒါဆန်၊ ဗန်ဒိုက်၊ ဂိုမက်ဇ်၊ အာနိုးတို့ ပါဝင်နိုင်မှာမဟုတ်ပါဘူး။

ထိပ်တိုက်တွေ့ဆုံမှုအရတော့ လက်စတာဟာ အန်ဖီးလ်မှာ လီဗာပူးလ်ကို အနိုင်ရဖို့ ခက်ခက်ခဲခဲ ရုန်းကန်ရလေ့ရှိပါတယ်။

ဘရန်ဒန်ရော်ဂျာရဲ့လက်စတာကတော့ ပြိုင်ပွဲစုံ ၅ ပွဲဆက်တိုက် အနိုင်ရထားပြီး ဗာဒီကလည်း ဂိုးမြူးနေပါတယ်။

အဓိက ကစားသမားအများစု မပါနိုင်ချိန်မှာ လီဗာပူးလ်က ၁+၈၀ ဖွင့်လှစ် ထားပြီး ဒီယိုဂိုယိုတာရဲ့အစွမ်းကို ယုံကြည်ရမှာပါ။

ခန့်မှန်းရလဒ် – လီဗာပူးလ် ၂-၁ လက်စတာ

Facebook Comments Box
Facebook Comment