“လူပြန်စုံလာလည်း အင်တာကိုကျော်ဖြတ်ဖို့ခက်ဦးမယ့် အေစီ”

(ချန်ပီယံလိဂ် ပွဲကြိုခန့်မှန်းချက်)

✍️ မောင်ရဲတိုက်

⚔️ အင်တာမီလန် Vs အေစီမီလန်
🎲 အင်တာမီလန် (=-၇၅) / (၂-၆၅)

ပထမအကျော့မှာ အင်တာက စောစောစီးစီး နှစ်ဂိုးရပြီးနောက် ပွဲကိုထိန်းလိုက်ပါတယ်။ အေစီမီလန် ဘောလုံးပိုင်ဆိုင်မှုပြန်ရလာပေမယ့် ထိရောက်တဲ့အခွင့်အရေးတော့ သိပ်မရခဲ့ပါဘူး။ အဲ့အစား အင်တာကပဲ ကောင်တာကနေ ဂိုးထပ်ဖြတ်ဖို့ ပိုများခဲ့တာတွေ့ရပါတယ်။
အဲ့ပွဲမှာ အကောင်းဆုံးကစားသမားက တစ်ဂိုးသွင်းနိုင်ခဲ့တဲ့ အင်တာမီလန်ရဲ့ ဝါရင့်ကွင်းလယ်လူ မက်ခီတာရန်၊ ဝါရင့်ဆိုပေမယ့် အင်တာကိုမနှစ်ကမှရောက်တာ။ အဲ့မတိုင်ခင် မန်ယူ၊ အာဆင်နယ်၊ ရိုးမားတို့မှာ ကျင်လည်ခဲ့တဲ့ ဆရာကြီးပေါ့။ အဲ့ပွဲမှာ အညံ့ဆုံးကစားသမားကတော့ အေစီတိုက်စစ်မှူး ‌ဂျီရူးဒ်ဖြစ်ခဲ့ရတယ်။ အင်တာရဲ့ မာကျောတဲ့ခံစစ်နဲ့ ကွင်းလယ်က သူ့ဆီဘောလုံးပေးပို့မှုတွေကို တားဆီးနိုင်ခဲ့လို့ ‌ဘောလုံးထိချက်အနည်းဆုံးနဲ့ တစ်ဂိုးမှမရခဲ့ဘူးပေါ့။
ဒီညမှာတော့ အေစီမီလန်မှာ လီယာအိုပြန်ပါလာမယ်။ သူပြန်ပါလာတာနဲ့ ပြီးခဲ့တဲ့လပိုင်းက နာပိုလီကိုတောင် အနိုင်ရခဲ့တာမျိုးတွေကို မြင်ယောင်ကြည့်နိုင်တယ်။ အင်တာမီလန်နည်းပြ အင်ဇာဂီအနေနဲ့ လီယာအိုကိုထိန်းချုပ်ဖို့ ဘယ်လိုနည်းလမ်းတွေရှိနေမလဲ။ လီယာအိုပြန်ပါလည်း ယိုယွင်းနေတဲ့ အေစီခံစစ်က ထူးခြားမသွားတာမို့ အင်တာကပဲ ဂိုးထပ်ဖြတ်သွားဦးမလား။ ဒီပွဲနဲ့ပတ်သက်ပြီး အသေးစိတ် လေ့လာကြည့်ရအောင်ပါ။

🔵 အင်တာမီလန်
ခံစစ်ကနေ စပြောရရင် ဒီမာကိုတို့ရဲ့ ဘယ်ခြမ်းခံစစ်က သိပ်ကိုအလုပ်ဖြစ်ခဲ့တာတွေ့ရတယ်။ ဘက်စတိုနီ၊ ဒီမာကိုတို့ရဲ့ နှစ်ထပ်ဆင့်ပိတ်ဆို့မှုတွေကြောင့် အေစီရဲ့တောင်ပံတိုက်စစ်မှူး ရာဖင်ဒီယက်တို့ ညာခြမ်းကနေ ထိုးဖောက်ဖို့ ဘယ်လိုမှ မရခဲ့ဘူး။ အင်တာကွင်းလယ်ကတော့ ဟိုဘက်က ဘန်နက်ကာဒဏ်ရာရသွားတဲ့ကွင်းလယ်ကို ခေါင်းတစ်လုံးအသာနဲ့ ကစားနိုင်ခဲ့တာတွေ့ရပါတယ်။ တိုက်စစ်ကတော့ မာတီနက်ဂိုးကံခေနေပေမယ့် ဒီဇီကိုကတော့ လှပတဲ့မြေမကျဘောနဲ့ တစ်ဂိုးသွင်းနိုင်ခဲ့ပါတယ်။ အင်တာရဲ့ အကောင်းဆုံးကစားအားဟာ ကွင်းလယ်မှာရှိခဲ့ပြီး တစ်ဖက်က ဘောလုံးသယ်ဆောင်လာသမျှကို ကွင်းလယ်မှာပဲ ဖျက်ချနိုင်ခဲ့ပါတယ်။ ဒဏ်ရာပြဿနာထွေထွေထူးထူးမရှိခဲ့လို့ အင်တာက ဒီလူစာရင်းကိုပဲ အနည်းငယ်အပြောင်းအလဲလုပ်ရင်း ထိန်းကစားလာဖို့ပဲရှိပါလိမ့်မယ်။

🔴 အေစီမီလန်
ပကျော့ပွဲမှာ formအောက်ခဲ့တာက ဂျီရူးဒ်ပါပဲ။ ဒါကလည်း အထောင်တိုက်စစ်မှူးတစ်ဦးအနေနဲ့ အသင်းဖော်တွေရဲ့ အခွင့်အရေးဖန်တီးမှုအပေါ်မှာ မူတည်နေရတာမို့ သူ့ရဲ့လုပ်အားနှုန်းမကောင်းခဲ့တာ မဆန်းပါဘူး။ ဒါ့အပြင် ညာတောင်ပံက ရာဖင်ဒီယက်လည်း ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။ အင်တာရဲ့ တောင်ပံခံစစ်တွေမှာ ကွင်းလယ်လူတွေပါဆင်းကူပြီး ပိတ်ဆို့ခဲ့တာမို့ သူလည်း အခွင့်အရေးမရခဲ့ပါဘူး။ ဒါပေမယ့် ဒီညမှာတော့ လီယာအိုပြန်ပါလာနိုင်မှာမို့ အခြေအနေတွေတစ်မျိုးပြောင်းသွားနိုင်ပါတယ်။ သူ့ရဲ့ခြေစွမ်းကလည်း ကြောက်စရာကောင်းကြောင်းကို နာပိုလီကို တစ်ကိုယ်တော်ခြေစွမ်းပြခဲ့တဲ့ပွဲမှာ တွေ့မြင်နိုင်ပါတယ်။ ဒါပေမယ့် ပကျော့ပွဲရဲ့ ၁၈မိနစ်မှာ ဒဏ်ရာရသွားလို့ လူစားလဲခံလိုက်ရတဲ့ ကွင်းလယ်အဖျက် ဘန်နက်ကာကတော့ ပြန်မပါနိုင်တော့ပါဘူး။ ဒီကစားသမားဟာ အေစီရဲ့ တိုက်စစ်-ခံစစ် အကူးမှာ tempoထိန်းပေးရသူပါ။ အဲ့ပွဲက သူ့နေရာဝင်လာတဲ့ မက်ဆီယက်က ခြေသိပ်မပေါ်တာကြောင့် အေစီကစားပုံက ရပ်ကွက်ထဲက ကလေးတွေလို အုပ်စုလိုက်တက်ပြီး အုပ်စုလိုက်ပြန်ဆင်းနေရတာမျိုး တွေ့ခဲ့ရပါတယ်။ ဒီပြဿနာကို နည်းပြ ပီအိုလီ ဘယ်လိုဖြေရှင်းမလဲ‌စောင့်ကြည့်ရပါဦးမယ်။

🎯 ရွေးချယ်မှု
‌ဒီပွဲဟာ ဆန်စီရိုမှာပဲ ကစားရမှာမို့ အိမ်ကွင်း၊အဝေးကွင်းဖိအားတော့မရှိပါဘူး။ ဒါဘီပွဲရဲ့ အရှိန်အဟုန်တစ်ခုကတော့ နှစ်သင်းလုံးမှာ ရှိနေမှာပေါ့။ ဒါ့အပြင် ပအကျော့မှာ ဂိုးပြတ်ရှုံးထားလို့ ဂိုးလိုအပ်နေတဲ့ အသင်းက ‌အေစီမီလန်ဖြစ်ပါလျက်နဲ့ အင်တာဘက်က သရေဆိုပြား၇၀ပေးရမယ့် ဖွင့်လှစ်မှုက ကြမ်းပါတယ်။ ဒါ့အပြင် လီယာအိုပြန်ပါလာလို့ နှစ်သင်းစလုံးရဲ့တိုက်စစ်က အလုပ်ဖြစ်လာနိုင်မယ့်အချိန်မှာ ဂိုးပေါင်းကြေး (၂-၆၀)ဆိုတာက ပျော့လွန်းပါတယ်။ ဒါ့အပြင် လီယာအိုပြန်ပါလာလည်း စူပါကွန်ပျူတာရဲ့ ဖော်ပြချက်မှာ အင်တာရဲ့ အနိုင်ရနိုင်ချေက မူလ ၄၈%ကနေ ကျမသွားဘဲ ၄၉.၁%နဲ့ ပိုတောင်မြင့်လာပါတယ်။ အေစီမီလန်အနေနဲ့ အင်တာကို သုံးဂိုးပြတ်နဲ့ပြန်နိုင်ဖို့ကိုတော့ ၅%သာရှိကြောင်းဖော်ပြထားပါတယ်။ ဒါကြောင့် ချန်ပီယံလိဂ်မှာ ဆရာတစ်ဆူဖြစ်ခဲ့ဖူးတဲ့ အေစီမီလန်တို့ ဒု‌ကျော့မှာလည်း အင်တာကို ကျော်ဖြတ်နိုင်ဖို့ ခက်ခဲဦးမယ်လို့ ယူဆမိပါတယ်။ ထိန်းကစားမယ့် အင်တာနဲ့ ဂိုးအောက်ကိုပဲ ပြန်တွဲကြည့်ရပါဦးမယ်။

🎯 အင်တာမီလန်
🎯 ဂိုးအောက်

⚽ ခန့်မှန်းရလဒ် = (၁-၀)

အားလုံးအောင်ပွဲဆင်နိုင်ကြပါစေ။

soccer88

Facebook Comments Box
Facebook Comment