လူငယ် ကစားသမား ချောင်ကို ဝါဒါဘရီမင်သို့ မန်ယူ အငှားချ

မန်ယူအသင်းမှ နယ်သာလန်တောင်ပံကစားသမား တာဟစ်ချောင်သည် ဘွန်ဒက်စ်လီဂါကလပ် ဝါဒါ ဘရီမင်အသင်းသို့ တစ်ရာသီအဌားစာချုပ်ဖြင့် ပြောင်းရွှေ့သွားခဲ့ပြီး သြစတြီးယားတွင် ရာသီကြိုလေ့ ကျင့်မှုများပြုလုပ်နေသော အသင်းဖော်အသစ်များနှင့် သွားရောက်ပူးပေါင်းနေပြီဖြစ်သည်။

အသက် ၂၀ အရွယ် တာဟစ်ချောင်သည် ၂၀၁၆ ခုနှစ်တွင် ဖီယင်နုအသင်းမှ မန်ယူလူငယ်အသင်းသို့ ရောက်ရှိလာခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် အသင်းကြီးနှင့် ပရော်ဖက်ရှင်နယ်စာချုပ် ချုပ်ဆိုခဲ့သည်။ အာဖရိ ကန်-တရုတ်နွယ်ဖွား ၎င်းသည် မန်ယူအသင်းကြီးအတွက် ပရီးမီးယားလိဂ် ၅ ပွဲအပါအဝင် ပြိုင်ပွဲစုံ ၁၆ ပွဲသာ ကစားခွင့်ရခဲ့သည်။

နယ်သာလန်ယူ-၂၁ လက်ရွေးစင် တာဟစ်ချောင်သည် မန်ယူအသင်းနှင့် ၂၀၂၂ ဇွန်လအထိ စာချုပ် ထားပြီး နောက်ထပ်တစ်နှစ် သက်တမ်းတိုးခွင့်လည်းရှိသည်။

၂၀၁၉-၂၀၂၀ ရာသီတွင် ပရီးမီးယား လိဂ် ၃ ပွဲကစားခွင့်ရခဲ့သော တာဟစ်ချောင်သည် အိုးလ်ထရက်ဖို့ဒ်အခြေစိုက်အသင်းတွင် ပုံမှန်ပွဲ ထွက်ခွင့် ပျောက်ဆုံးနေသောကြောင့် စိန်ခေါ်မှုအသစ်အတွက် ဂျာမနီသို့ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။

ဝါဒါဘရီမင် အားကစားဒါရိုက်တာ ဖရန့်ဘောမန်းက အနာဂတ်အလားအလာကောင်းများပိုင်ဆိုင် ထားသော တာဟစ်ချောင် မိမိတို့အသင်းနှင့် လာရောက်ပူးပေါင်းခဲ့၍ ဝမ်းမြောက်မိကြောင်း ပြော သည်။

၂၀၁၉-၂၀၂၀ ဘွန်ဒက်စ်လီဂါပြိုင်ပွဲတွင် အဆင့် ၁၆ သာရ၍ ဘွန်ဒက်စ်လီဂါ ၂ မှ ဟိုင်ဒန် ဟိမ်းနှင့် Relllegation play-offs ကစားခဲ့ရာ အဝေးဂိုးစည်းမျဉ်းဖြင့်အနိုင်ယူကာ တန်းတင်ကျန်ရစ်ခဲ့ သည်။

၂၀၂၀-၂၀၂၁ ဘွန်ဒက်စ်လီဂါရာသီသစ်အား စက်တင်ဘာ ၁၈ ရက်တွင် စတင်မည်ဖြစ်ပြီး တာဟစ် ချောင်အနေဖြင့် ပွဲထွက်ကစားခွင့်ရရှိရေးအတွက် ကြိုးစားရဖွယ်ရှိနေသည်။

Facebook Comments Box
Facebook Comment