လုပ်ခ ပေါင် ၄ သန်းကျော်အထိ လျှော့ချကာ ဆီဗီလာသို့ ရာကီတစ် ပြောင်းမည်

အိုင်ဗန်ရာကီတစ်သည် ယခုနွေရာသီတွင် ဘာစီလိုနာမှ ထွက်ခွာသည့် ပထမဆုံး ထိပ်တန်းကစားသမားဖြစ်လာရန်နေပြီး သူသည် အသင်းဟောင်းဆီဗီလာသို့ ပြန် လည်ပြောင်းရန် သဘောတူညီမှု ရရှိထားပြီး ဖြစ်သည်။

ခရိုအေးရှားလက်ရွေးစင်ကစားသမားသည် ရော်နယ်ကိုးမန်းက ဘာစီလိုနာအနာဂတ်စီအစဉ်တွင် မပါဝင်ကြောင်း ပြောကြားခြင်းခံထားရသည့် ကစားသမားများထဲမှ တစ်ဦးဖြစ်သည်။

သူသည် ဆီဗီလာနှင့် ၂ နှစ်စာချု်ပချု်ပဆိုရန် သဘောတူညီမှုရရှိထားသည်။ သူသည် ဆီဗီလာသို့ ပြောင်းရန် လုပ်ခများစွာ လျှော့ချခဲ့ရပြီး စာချုပ်တွင် နောက်ထပ် တစ်နှစ်သက်တမ်းတိုးနိုင်မည့်အချက်ကိုလည်း ထည့်သွင်းသွားမည် ဖြစ်သည်။

ရာကီတစ်သည် ဆီဗီလာတွင် တစ်နှစ်လုပ်ခ ပေါင် ၂.၇ သန်းသာရရှိမှာဖြစ်ပြီး ဘာစီလိုနာတွင် ကစားစဉ်က ပေါင် ၇ သန်း ရရှိခဲ့ရာမှ လုပ်ခ များစွာ လျှော့ချကာ ဆီဗိလာသို့ ပြောင်းရမည်ဖြစ်သည်။

အသက် ၃၂ နှစ်ရှိ ရာကီတစ်သည် ဆီဗီလာတွင် သုံးရာသီ ကြာကစားခဲ့ဖူးပြီး ယူရိုပါဖလားဆွတ်ခူးခဲ့ပြီးနောက် ၂၀၁၄ ခုနှစ်မှာ ဘာစီလိုနာသို့ ပြောင်းခဲ့သူ ဖြစ်သည်။

ရာကီတစ်ကို ဇန်နဝါရီလတုန်းက မန်ယူအပါအဝင် စီးရီးအေကလပ်များစွာတို့ ခေါ်ယူရန် ကြိုးပမ်းခဲ့ဖူးကြသော်လည်း မည်သည့်ကလပ်မျှ အောင်မြင်ခဲ့ခြင်း မရှိချေ။

Ref:Goal

Facebook Comments Box
Facebook Comment