
လီယိုနှင့် သူ၏သတင်းများ
မနေ့ညက
ဖီဖာကမ္ဘာ့အကောင်းဆုံး
ကစားသမားဆုအတွက်
ဆန်ခါတင် ၁၂ ဦးစာရင်း
ထွက်လာတယ်။
ဗေဒင်မေးစရာမလိုအောင်
ထိပ်ဆုံးက ပါလာသူတွေက
မက်ဆီနဲ့ ဟာလန်း။
သူတို့နှစ်ယောက်ပဲ
အကြိတ်အနယ် ဖိုက်ကြရမှာ။
ကျန်တဲ့ ၁၀ ယောက်ကတော့
တတိယကနေ ဒွါဒဿမ
အတွင်း ဝင်နိုင်ဖို့ပဲ
လုရတော့မှာ သေချာနေတယ်။
၂၀၁၆ မှာ The Best FIFA Men’s Player
ဆိုတဲ့အမည်နဲ့ ပေးအပ်တဲ့
ဖီဖာရဲ့ ဒီဆုက ရွှေဘောလုံးဆုနဲ့
အပြိုင် ကစားသမားတိုင်း
လိုချင်ကြတဲ့ ထူးချွန်ဆုပဲ။
ဒီဆုရရင် ဂုဏ်တက်တယ်။
သားစဉ်မြေးဆက်
ဂုဏ်ဆာနိုင်တဲ့ ဆုဖြစ်သလို
သမိုင်းမှတ်တမ်းထဲမှာလည်း
ရေးထိုးခံရမယ်။ ဒါပေသိ
ဒီလိုဖြစ်ဖို့က ဆန်ခါတင်
စာရင်းထဲ ဦးစွာ ပါဝင်နေဖို့
လိုတယ်။ မဟုတ်ရင်တော့
ပွဲကြည့်ပရိသတ် လုပ်တော့ပဲ။
၂၀၂၃ အတွက် ဆန်ခါတင်
စာရင်းထဲ ထိပ်သီးကစားသမား
အချို့ ပါဝင်လာခြင်းမရှိဘူး။
မြင်သာအောင် ပြရရင်
ရော်နယ်ဒို၊ လီဝမ်ဒေါစကီး၊
ဘန်ဇီးမား၊ နေမာနဲ့
ဗီနီရှက်စ်တို့ပေါ့။ ဒီတော့
အာဂျင်တိုင်းကပ္ပတိန်နဲ့
နော်ဝေသားတို့ရဲ့
တိုက်ပွဲက ပိုပြင်းထန်လာတယ်။
လော်ဘီတွေက ဖွတယ်။
မက်ဆီရဲ့ ဖန်တွေက
သူတို့ရဲ့ကစားသမား
ဘယ်လိုစွမ်းဆောင်ထားတယ်
ဆိုတာတွေကို လူမှုပလက်ဖောင်း
ပေါင်းစုံကနေ ဘေးတီး
နေသလားတောင် ထင်ရတယ်။
ဒါပေမဲ့ သူတို့
လော်နေတာတွေကလည်း
ဝမရှိဘဲ ဝိလုပ်နေတာ
မဟုတ်ဘူး။
အချက်အလက်တွေ၊
စွမ်းဆောင်ရည်မှတ်တမ်းတွေ
အတိအကျနဲ့ဆိုတော့
လက်ခံရတော့တာပါပဲ။
အမှန်တရားကို
မျက်ကွယ်ပြုလို့မှ
မရတာပဲလေ။
မက်ဆီဖန်တွေက
ရွှေဘောလုံးဆုရော၊
ဖီဖာဆုအတွက်ပါ
ဆန်ခါတင်စာရင်းဝင်တာကို
ဟိုက်လိုက်လုပ်နေတာ။
နောက်ပြီး ကမ္ဘာပေါ်မှာ
ဆုတံဆိပ်အများဆုံး
ရယူထားနိုင်သူ ဆိုပြီးတော့လည်း
အချက်အလက်တွေနဲ့
ချပြတယ်။ မက်ဆီက
ပရိုဘဝမှာ ဆုဖလား
၄၄ လုံးအထိ ရထားတာ။
အနီးစပ်ဆုံးမှာ ရှိနေသူဆိုလို့
ယူအေအီးကလပ်
အမ်းမရိတ်စ်မှာ ကစားနေတဲ့
အင်နီယေစတာပဲ ရှိတယ်။
မက်ဆီရဲ့ ဘော်ဒါဟောင်းက
၃၇ လုံး ရယူထားတယ်။
သူတို့နှစ်ယောက်ကြား
ကွာဟချက်က ၇ လုံးအထိ
ရှိနေသေးတယ်။ ဒါကို
လွယ်လွယ်နဲ့ဖြည့်ဖို့
မလွယ်သေးဘူး။
ဟာလန်းကတော့
ဖန်တွေ ဘာတွေ သိပ်မရှိဘဲ
သူ့ရဲ့ သဘောထားကိုပဲ
ရံဖန်ရံခါ ပြောပြတတ်တယ်။
ရွှေဘောလုံးဆုက ဒီနှစ်မှာတော့
သူ့အတွက် ဖြစ်ရမယ်လို့
ဆိုထားတယ်။
မက်ဆီဖန်တွေကတော့
မင်းက ကလေးပါကွာဆိုပဲ။
ဘာပဲပြောပြော
GOAT ကြီးကတော့
၃၆ နှစ်ကို ကျော်လာပေမယ့်
ဘောလုံးလောကရဲ့
တန်ဖိုးအကြီးမားဆုံး
တဦးချင်းဆိုင်ရာ
ဆုတံဆိပ်တွေကို
ရယူနိုင်စွမ်း
ရှိနေဆဲပါပဲ။