လီဗာပူးလ်သို့ ပြောင်းရန် သီယာဂို သဘောတူညီမှု ရယူထား

ဘိုင်ယန်မြူးနစ်မှ စပိန်ကွင်းလယ်လူ သီယာဂိုအယ်ကန်တာရာသည် ပရီးမီးယားလိဂ် ချန် ပီယံ လီဗာပူးလ်သို့ ပြောင်းရွှေ့ရန် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရယူထားသည်ဟု ဗြိတိန်မီဒီယာများက ဖော်ပြသည်။

အသက် ၂၉ နှစ်အရွယ် သီယာဂိုသည် ယမန်နှစ်ရာသီက ဘိုင်ယန်မြူးနစ်နှင့်အတူ ဘွန်ဒက်စ်လီဂါ၊ ဂျာမန်ပို ကယ်ဖလား၊ ချန်ပီယံလိဂ် စသည့် အဓိကဆုဖလား ၃ လုံးစလုံး ရယူနိုင်ခဲ့သည်။

ပီအက်စ်ဂျီကို အနိုင်ယူခဲ့သည့် ချန်ပီယံလိဂ် ဗိုလ်လုပွဲအပြီး ဘာစီလိုနာ ကစားသမားဟောင်း ၎င်းက မြူးနစ်အခြေစိုက်ကလပ်အား စွန့်ခွာတော့မည်ဟု ပြောကြားထားသလို စက်တင်ဘာ ၈ ရက်က စတင်သည့် ဘိုင်ယန်မြူးနစ်၏ ရာသီကြိုလေ့ကျင့်မှုသို့လည်း ပူးပေါင်းခြင်းမရှိသေးပေ။

၎င်းလိုပင် နိုင်ငံတကာပွဲစဉ်များ ကစားထားသော ဆူလေ၊ ဆာနေးတို့လို ကစားသမားများပင် ဘိုင်ယန်၏ ရာ သီကြိုလေ့ကျင့်မှုသို့ ပူးပေါင်းခဲ့ကြသော်လည်း သီယာဂိုမှာမူ မိသားစုနှင့်အတူ အပန်းဖြေနေသည့် ဓာတ်ပုံများအား လူမှုကွန်ရက်ပေါ် တင်ခဲ့သည်။

၎င်းသည် လီဗာပူးလ်နှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရယူထားသည်ဆိုသော် လည်း ဘိုင်ယန်ဘက်က ၎င်းအတွက် ပြောင်းရွှေ့ကြေးကို ယူရို သန်း ၃၀ အောက် မလျှော့ပေးနိုင်ဟု အကြောင်းပြန်ထားခြင်းက အ တားအဆီးလို ဖြစ်နေသည်ဟု ဂျာမန်သ တင်းစာ Bild က ဖော်ပြသည်။

သို့သော်လည်း ကလပ်နှစ်သင်းကြား ဆွေးနွေးမှုက အပြုသဘောဆောင်ပြီး လာမည့်ရက်အနည်းငယ်အ တွင်း တရားဝင်စာချုပ်ဖွယ် ရှိနေသည်ဟု Bild က ရေးသားသည်။

သီယာဂိုသည် လာမည့်တစ်ပတ်အတွင်း မာဆေးဆိုက်အခြေစိုက် ကလပ်သို့ ရောက်ရှိလာမည်ဟု သိရပြီး ၎င်းရောက်ရှိလာပါက နယ်သာလန်ကွင်းလယ်လူ ဝိုင်နယ်ဒမ်၏အနာတ်ကို ဆုံးဖြတ်ပေးဖွယ်ရှိနေသည်။

ဝိုင်နယ်ဒမ်ကို ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်းက စိတ်ဝင်စားနေပြီး နူးကမ့်သို့ခေါ်ယူရန် ကြိုးစားသွား မည်ဟု သိရသည်။

Ref:Bild

Facebook Comments Box
Facebook Comment