လီဗာပူးလ်နဲ့ မန်စီးတီး ကစားသမားတွေပဲ အားပြိုင်ရမယ့် PFA အကောင်းဆုံးဆု

ပရော်ဖက်ရှင်နယ် ကစားသမားများ အစည်းအရုံး(PFA)က ၂၀၁၉-၂၀၂၀ ပရီးမီးယားလိဂ် အ ကောင်းဆုံး ကစားသမားဆုအတွက် ဆန်ခါတင်စာရင်း ထွက်ပေါ်လာပြီဖြစ်ရာ အကောင်းဆုံး ကစားသမားဆု ဆန်ခါတင်စာရင်းတွင် ချန်ပီယံလီဗာပူးလ်နှင့် ဒုတိယရခဲ့သည့် မန်စီးတီးအ သင်းမှ ကစားသမားများသာ ပါဝင်လာသည်။

အကောင်းဆုံး အမျိုးသား ကစားသမားဆု ဆန်ခါတင်စာရင်းတွင် လီဗာပူးလ်မှ ၄ ဦးအထိ ပါ ဝင်လာပြီး ယမန်နှစ်က ဆုရခဲ့သော ဗန်ဒိုက်၊ အာနိုး၊ ဟန်ဒါဆန်နှင့် မာနေးတို့ဖြစ်သည်။

မန်စီးတီးမှ ပါဝင်လာသူများက ကွင်းလယ်လူ ဒီဘရိုင်းနှင့် တောင်ပံကစားသမား စတာလင်းတို့ ဖြစ်သည်။

အကောင်းဆုံး လူငယ်အမျိုးသား ကစားသမားဆု ဆန်ခါတင်စာရင်းတွင် အာနိုးက ပြန်လည်ပါ ဝင်လာပြီး အေဘရာဟမ်၊ မေဆန်မောင့်(ချဲလ်ဆီး)၊ ဂရင်းဝုဒ်၊ ရက်ရှ်ဖို့ဒ်(မန်ယူ)၊ ဆာကာ (အာဆင်နယ်)တို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

PFA သည် အမျိုးသား ကစားသမားဆုများအပြင် အမျိုးသမီး ကစားသမားဆု ၂ ဆုအတွက် ဆန်ခါတင်စာရင်းကို တစ်ပါတည်း ထုတ်ပြန်ထားပြီး စက်တင်ဘာ ၈ ရက်တွင် ရွေးချယ်သွား မည်ဖြစ်သည်။

PFA အကောင်းဆုံး ကစားသမားဆုကို လီဗာပူးလ်အသင်းက ၂ နှစ်ဆက်တိုက် ရရှိထားပြီး ဆာလက် က ၂၀၁၈၊ ဗန်ဒိုက်က ၂၀၁၉ တို့တွင် ရယူထားသည်။

PFA အကောင်းဆုံး အမျိုးသားဆု ဆန်ခါတင်စာရင်း

အာနိုး၊ ဗန်ဒိုက်၊ ဟန်ဒါဆန်၊ မာနေး(လီဗာပူးလ်)၊ ဒီဘရိုင်း၊ စတာလင်း(မန်စီးတီး)

PFA အကောင်းဆုံး အမျိုးသမီးဆု ဆန်ခါတင်စာရင်း

ဘက်အင်္ဂလန်၊ ဆိုဖီအင်ဂယ်၊ ဂူရိုရိုင်တန်၊ ဂျီဆိုယွန်း(ချဲလ်ဆီး)၊ ကင်မ်လစ်တဲလ်၊ မိုင်ဒီမာ (အာဆင်နယ်)

PFA အကောင်းဆုံး အမျိုးသားလူငယ်ဆု ဆန်ခါတင်စာရင်း

အေဘရာဟမ်၊ မေဆန်မောင့်(ချဲလ်ဆီး)၊ ဂရင်းဝုဒ်၊ ရက်ရှ်ဖို့ဒ်(မန်ယူ)၊ အာနိုး(လီဗာပူးလ်)၊ ဆာ ကာ(အာဆင်နယ်)

PFA အကောင်းဆုံး အမျိုးသမီးလူငယ်ဆု ဆန်ခါတင်စာရင်း

လော်ရင်ဟမ့်၊ ခလိုးကယ်လီ၊ အယ်လီရိုဘက်၊ ဂျော်ဂျီယာစတန်ဝေး(မန်စီးတီး)၊ အီရင်ကတ်ဘတ်(ချဲလ်ဆီး)၊ လော်ရင်ဂျိမ်းစ်(မန်ယူ)

Ref:allfootball

Facebook Comments Box
Facebook Comment