
လီဗာပူးလ်ကို အခက်တွေ့စေမယ့် ချဲလ်ဆီး
ကစားမည့်ရက် – ၂၀-၉-၂၀၂၀
ကစားမည့်အချိန် – ည ၁၀း၀၀ နာရီ
ကစားမည့်ကွင်း – စတမ်းဖို့ဒ်ဘရစ်ချ်(လန်ဒန်)
ဒိုင်လူကြီး – ပေါလ်တီယာနေး
ပွဲစဉ် ၁ တုန်းက ပြိုင်ဘက်တွေကို ဂိုးပြတ်တွေနဲ့ အသီးသီးအနိုင်ယူခဲ့တဲ့ ထိပ်သီးနှစ်သင်း ထိပ်တိုက်တွေ့ဆုံမှုက ပရီးမီးယားလိဂ် ပွဲစဉ် ၂ မှာ စောင့်ကြည့်ချင်စရာ အကောင်းဆုံး ပွဲတစ်ပွဲပါပဲ။ ချဲလ်ဆီးရဲ့ငွေသုံးကြမ်းမှုကို ဝေဖန်ထားတဲ့ ဂျာဂင်ကလော့ပ်ကြောင့်လည်း အခုပွဲက ပိုမို ရုပ်လုံးကြွနေတာ အမှန်ပါပဲ။

ချဲလ်ဆီးရဲ့လက်ရှိအနေအထား
ဘရိုက်တန်ကို ဂိုးပြတ်အနိုင်ယူခဲ့တဲ့ ချဲလ်ဆီးမှာ ဘန်ချီဝဲလ်၊ ဇီရက်ချ်တို့ မပါနိုင်သလို သီယာဂိုဆေးလ်ဗားက လည်း ကြံ့ခိုင်မှုအပြည့် မရသေးလို့ ပါဝင်နိုင်ဖွယ် မရှိသေးပါဘူး။
ဒါပေမဲ့လည်း အမေရိကန် တောင်ပံကစားသမား ပူလီဆစ် ဒဏ်ရာကနေ ပြန်သက်သာလာတာက နည်းပြလမ်း ပတ်အတွက် အားတက်စရာပါပဲ။
ဘရိုက်တန်နဲ့ပွဲမှာ ခြေစွမ်းမပြနိုင်တဲ့ ဟာဗက်ဇ်ကတော့ အခုပွဲမှာတော့ ခြေစွမ်းပြနိုင်ဖို့ ကြိုးစားသွားမယ်လို့ ပြောထားပါတယ်။
အသစ်ခေါ်ယူထားတဲ့ ကစားသမားတွေအနက် ဝါနာရဲ့ခြေစွမ်းက အားတက်စရာဖြစ်ပြီး လူငယ်တွေနဲ့ လန်းဆန်းနေတဲ့ ချဲလ်ဆီးရဲ့စုဖွဲ့မှုက အထင်ကြီးစရာ ကောင်းပါတယ်။

လီဗာပူးလ်ရဲ့လက်ရှိအနေအထား
ပွဲစဉ် ၁ တုန်းက တန်းတက်လိဒ်စ်ကို ခက်ခက်ခဲခဲ ကစားပြီးမှ အနိုင်ရခဲ့တဲ့ ချန်ပီယံလီဗာပူးလ်အတွက် ခက်ခဲမယ့် ပွဲတစ်ပွဲပါ။
ဘိုင်ယန်ကနေ ခေါ်ယူထားတဲ့ သီယာဂိုအယ်ကန်တာရာက အခုပွဲမှာ ပွဲထွက်လာဖွယ် ရှိနေပေမယ့်လည်း ဝုဗ် က ခေါ်ယူထားတဲ့ တိုက်စစ်မှူးဂျိုတာကတော့ အရန်လောက်ပဲ ပါလာမှာပါ။
သီယာဂို ရောက်လာတာက လီဗာပူးလ်ကွင်းလယ်အတွက် အားတက်စရာဖြစ်ပြီး မာနေး၊ ဆာလက်၊ ဖာမီနိုတို့ရဲ့တိုက်စစ်ကတော့ ပုံစံကောင်းရမှသာ အဆင်ပြေမှာပါ။
ထိပ်တိုက်တွေ့ဆုံမှု
ချဲလ်ဆီးနဲ့ လီဗာပူးလ်တို့ဟာ သမိုင်းတစ်လျှောက် ၁၇၆ ကြိမ်ဆုံဖူးပြီး လန်ဒန်အခြေစိုက်ကလပ်က ၆၀ ပွဲနိုင်၊ မာဆေးဆိုက်အခြေစိုက်ကလပ်က ၇၅ ပွဲနိုင်ကာ ၄၁ ပွဲ သရေကျထားပါတယ်။
စတမ်းဖို့ဒ်ဘရစ်ချ်ကွင်း ၉၀ ကြိမ်မှာ အိမ်ရှင်ချဲလ်ဆီးက ၄၆ ပွဲနိုင်၊ ၂၀ ပွဲသရေ၊ ၂၄ ပွဲရှုံးထားပြီး အန်ဖီးလ်ကွင်း ၈၆ ကြိမ်မှာတော့ အိမ်ရှင်လီဗာပူးလ်က ၅၁ ပွဲနိုင်၊ ၂၁ ပွဲသရေ၊ ၁၄ ပွဲရှုံးထားပါတယ်။
ထိပ်တိုက်တွေ့ဆုံမှုအရ ချဲလ်ဆီးက ၂၄၀ ဂိုးသွင်းထားပြီး လီဗာပူးလ်က ၂၆၂ ဂိုး သွင်းထားပါတယ်။

နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှု
၂၃-၇-၂၀၂၀ လီဗာပူးလ် ၅ – ၃ ချဲလ်ဆီး
၄-၃-၂၀၂၀ ချဲလ်ဆီး ၂ – ၀ လီဗာပူးလ်
၂၂-၉-၂၀၁၉ ချဲလ်ဆီး ၁ – ၂ လီဗာပူးလ်
၁၅-၈-၂၀၁၉ လီဗာပူးလ် ၂ – ၂ ချဲလ်ဆီး
၁၄-၄-၂၀၁၉ လီဗာပူးလ် ၂ – ၀ ချဲလ်ဆီး
ချဲလ်ဆီး နောက်ဆုံး ၅ ပွဲရလဒ်
၁၅-၉-၂၀၂၀ ဘရိုက်တန် ၁ – ၃ ချဲလ်ဆီး
၂၉-၈-၂၀၂၀ ဘရိုက်တန် ၁ – ၁ ချဲလ်ဆီး
၉-၈-၂၀၂၀ ဘိုင်ယန်မြူးနစ် ၄ – ၁ ချဲလ်ဆီး
၁-၈-၂၀၂၀ အာဆင်နယ် ၂ – ၁ ချဲလ်ဆီး
၂၆-၇-၂၀၂၀ ချဲလ်ဆီး ၂ – ၀ ဝုဗ်
လီဗာပူးလ် နောက်ဆုံး ၅ ပွဲရလဒ်
၁၂-၉-၂၀၂၀ လီဗာပူးလ် ၄ – ၃ လိဒ်စ်
၅-၉-၂၀၂၀ လီဗာပူးလ် ၇ – ၂ ဘလက်ပူးလ်
၂၉-၈-၂၀၂၀ အာဆင်နယ် ၁ – ၁ လီဗာပူးလ်
၂၅-၈-၂၀၂၀ ဆဲလ်ဘတ် ၂ – ၂ လီဗာပူးလ်
၂၂-၈-၂၀၂၀ လီဗာပူးလ် ၃ – ၀ စတုဂတ်
ထူးခြားအချက်အလက်များ
ချဲလ်ဆီးသည် ပရီးမီးယားလိဂ် ရာသီအဖွင့် အိမ်ကွင်း ၂၈ ပွဲတွင် ၁၉၉၃ က ဘလက်ဘန်းကို ၁-၂၊ ၂၀၁၇ တွင် ဘန်လေကို ၂-၃ ဂိုးတို့ဖြင့် ၂ ကြိမ်သာ ရှုံးနိမ့်ဖူး။
ချဲလ်ဆီးသည် ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ ကလပ်များနှင့်ကစားသော အိမ်ကွင်း နောက်ဆုံး ၁၃ ပွဲဆက် ရှုံး ပွဲမရှိဘဲ ၇ ပွဲနိုင်၊ ၆ ပွဲသရေ ကစားထား။
အိမ်ကွင်း လိဂ် ၆ ပွဲဆက် အနိုင်ရထားသော ချဲလ်ဆီးသည် ယခုပွဲကို အနိုင်ရပါက ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ နောက်ပိုင်း လိဂ်အိမ်ကွင်း ၇ ပွဲဆက်တိုက် အနိုင်ရမှု ဖြစ်လာမည်။
လီဗာပူးလ်သည် ယခုတွင် အနိုင်ရပါက ၃ ရာသီဆက်တိုက် လိဂ်အဖွင့် ၂ ပွဲဆက် အနိုင်ရသည့်စံချိန်ကို ပထမဆုံးအကြိမ် တင်နိုင်မည်ဖြစ်။
ဖာမီနိုနှင့် အာနိုးတို့သည် ယမန်နှစ်က ချဲလ်ဆီးနှင့်ကစားသည့် ပရီးမီးယားလိဂ် အိမ်ကွင်း၊ အဝေးကွင်း ၂ ပွဲစလုံး ဂိုးသွင်းထားပြီး ချဲလ်ဆီးဘက်သို့ ၃ ပွဲဆက်တိုက် ဂိုးသွင်းနိုင်သော လီဗာပူးလ် နောက်ဆုံးကစားသမားက အီရန်ရက်ရှ်ဖြစ်ကာ ၁၉၈၉ ဒီဇင်ဘာမှ ၁၉၉၀ အောက်တိုဘာအတွင်း သွင်းယူခဲ့ခြင်းဖြစ်။
လီဗာပူးလ်တိုက်စစ်မှူး မာနေးသည် အသင်းအတွက် ပါဝင်ကစားခဲ့သည့် စတမ်းဖို့ဒ်ဘရစ်ချ်ကွင်း ပြိုင်ပွဲစုံ ၅ ကြိမ်စလုံး အိမ်ရှင်ချဲလ်ဆီးဘက်သို့ ဂိုးသွင်းနိုင်ခြင်း မရှိသေး။
ဖြစ်နိုင်ဖွယ် လူစာရင်း
ချဲလ်ဆီး(၄-၃-၃)
ဂိုး – ကီပါ
နောက် – ဂျိမ်းစ်၊ ခရစ္စတန်ဆန်၊ ဇူးမား၊ အက်စပီလီကွေတာ
လယ် – ကန်တီ၊ ကိုဗာချစ်၊ မေဆန်မောင့်
ရှေ့ – အေဘရာဟမ်၊ ဝါနာ၊ ဟာဗက်ဇ်
လီဗာပူးလ်(၄-၃-၃)
ဂိုး – အလစ်ဆန်
နောက် – ရောဘတ်ဆန်၊ ဗန်ဒိုက်၊ ဂိုမက်ဇ်၊ အာနိုး
လယ် – သီယာဂို၊ ဝိုင်နယ်ဒမ်၊ ဟန်ဒါဆန်
ရှေ့ – မာနေး၊ ဖာမီနို၊ ဆာလက်
ဒဏ်ရာရ/ပွဲပယ်
ချဲလ်ဆီး – ဘန်ချီဝဲလ်၊ ဇီရက်ချ်၊ သီယာဂိုဆေးလ်ဗား
လီဗာပူးလ် – ချိန်ဘာလိန်
သုံးသပ်ချက်
နှစ်သင်းစလုံးက တိုက်စစ်ကောင်းတဲ့ အသင်းတွေဖြစ်တာကြောင့် ပြိုင်ဆိုင်မှုပြင်းထန်မှာ သေချာပါတယ်။ အဆုံးအဖြတ်ပေးမှာက ကွင်းလယ်ပိုင်းဖြစ်ပြီး ဖန်တီးမှု ပိုကောင်းတဲ့အသင်း အနိုင်ရသွားမှာပါ။
ချန်ပီယံဆိုတဲ့ အရှိန်ကြောင့် ဧည့်သည်လီဗာပူးလ်က =၆၀ အကျောပေးထားပါတယ်။ ချဲလ်ဆီးကလည်း အိမ်ကွင်းမှာ အကောင်းဆုံး ကစားလာမှာဖြစ်လို့ လမ်းပတ်ရဲအသင်း အနိမ့်ဆုံး သရေကစားနိုင်မှာပါ။