လီဗာပူးနှင့် ကွာဟမှု ကျဉ်းမြောင်းရေးကိုသာ လမ်းပတ် ပစ်မှတ်ထား

ဘရိုက်တန်နိုင်ပွဲဖြင့် ပရီးမီးယားလိဂ်ကို စတင်ဖွင့်လှစ်ပြီးနောက် သူ၏ပြန်လည်စုဖွဲ့မှု ပြုလုပ်ထားသည့် ချဲလ်ဆီး၏အဓိက ရည်မှန်းချက်မှာ ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးနှင့်ကွာဟ ချဉ်းမြောင်းလာရေးဖြစ်ကြောင်း ချဲလ်ဆီးနည်းပြဖရန့်လမ်းပတ်က ပြောကြားလိုက်သည်။

ချဲလ်ဆီးသည် ပြီးခဲ့သည့် ရာသီတုန်းက ချန်ပီယံလီဗာပူးနှင့် ၃၃ မှတ်အထိ ကွာဟခဲ့သည့်အပြင် ပရီးမီးယားလိဂ်နှစ်ကျော့လုံး ရှုံးနိမ့်ခဲ့သည်။ သို့ရာတွင် ချဲလ်ဆီးသည် ယခုနွေရာသီတွင် ပေါင်သန်း ၂၀၀ နီးပါးအထိ အသုံးပြုကာ ကစားသမားအားဖြည့်မှု ပြုလုပ်ထားသည်။

ချဲလ်ဆီး၏ကစားသမားသစ်များ ဖြစ်ကြသည့် တီမိုဝါနာ၊ ကိုင်ဟာဗတ်ဇ်တို့သည် တနင်္လာနေ့တုန်းက ဘရိုက်တန်ကို ၃-၁ ဖြင့် အနိုင်ရရှိသည့်ပွဲတွင် ချဲလ်ဆီးအတွက် ပထမဆုံးပွဲအဖြစ် ပါဝင်ကစားခဲ့ပြီး အနိုင်ရရှိရန် အစွမ်းကုန် ကြိုးစားခဲ့ကြသည်။

ချဲလ်ဆီးသည် ပွဲချိန် ၂၃ မိနစ်တွင် ဝါနာကြောင့် ရရှိသည့် ပင်နယ်တီမှ တစ်ဆင့် ဂျော်ဂျင်ဟို၏ပင်နယ်တီဂိုးဖြင့် ပွဲကို ဦးဆောင်နိုင်ခဲ့သည်။ ဂျာမနီတိုက်စစ်မှူးသည် ဘရိုက်တန်ဂိုးသမားမတ်ရိုင်ယန်၏ဆွဲလှဲခံရမှုကြောင့် ရေခဲအုံခဲ့ရသော်လည်း ပွဲချိန် ပြည့်ကစားခဲ့ရာ ဒဏ်ရာမှ စိုးရိမ်စရာဟု ယူဆရသည်။ သူသည် လာမည့် တနင်္ဂနွေနေ့တွင် စတမ်းဖို့ဒ်ဘရစ်ချ်၌ လီဗာပူးအား ဧည့်ခံကစားရမည့်ပွဲတွင် ပါဝင်ရန် သေချာနေသည်။

ဘရိုက်တန်သည် ပွဲချိန် မိနစ် ၅၄ မိနစ်တွင် ထရိုဆက်၏ဂိုးဖြင့် ချေပနိုင်ခဲ့သော် လည်း ပွဲချိန် ၅၆ မိနစ်နှင့် ပွဲချိန် ၆၆ မိနစ်မှာ ဂျိမ်းစ်နှင့် ဇူးမားတို့က ချဲလ်ဆီး အတွက် အနိုင်ဂိုးကို သွင်းယူခဲ့သည်။

ဖရန့်လမ်းပတ်က “လီဗာပူးနဲ့ ကွာဟချက် ကျဉ်းမြောင်းသွားချင်ပါတယ်။ အမှတ်ပေးဖလားရယူဖို့ တောင်းဆိုမှုရှိပေမယ့် ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က လီဗာပူးနဲ့ ကွာဟချက်ကျဉ်းမြောင်းဖို့ပါ။ ကျွန်တော်က အခု သူတို့ရဲ့နောက်မှာပါ။ တစ်ဆင့်ပြီး တစ်ဆင့် ကြိုးစားသွားပါမယ်။ ကျွန်တော် ခြေလှမ်းကျယ်တွေလှမ်းနိုင်ဖို့ မျှော်လင့်နေပါတယ်”ဟု ပြောကြားသွားသည်။

Facebook Comments Box
Facebook Comment