လိုင်ယွန် တောင်ပံကစားသမား ဒီပိုင်းကို ပေါင် ၂၈ သန်းဖြင့် ဘာစီလိုနာ ခေါ်ယူ

ဘာစီလိုနာအသင်းသည် လိုင်ယွန်တောင်ပံကစားသမား မန်းဖစ်ဒီပိုင်းကို ပေါင် ၂၈ သန်းဖြင့်ခေါ် ယူရန် သဘောတူညီမှု ရယူနိုင်ခဲ့ပြီး အသက် ၂၆ နှစ်အရွယ် နယ်သာလန် ကစားသ မားသည် လာမည့်ရက်ပိုင်းအတွင်း နူးကမ့်သို့လာရောက်ကာ ဆေးစစ်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း စပိန်မီဒီယာများက ရေးသည်။

ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်းသည် နယ်သာလန် လက်ရွေးစင်အသင်းကို ကိုင်တွယ်စဉ် ဒီပိုင်း၏ခြေစွမ်းအား သိရှိထားသူဖြစ်ပြီး ဘာစီလိုနာနည်းပြ ဖြစ်လာချိန်တွင် ခေါ်ယူခွင့်ရရန် ကြိုးစားခဲ့သည်။

ပီအက်စ်ဗွီအကယ်ဒမီထွက် ဒီပိုင်းသည် ၂၀၁၅ တွင် မန်ယူသို့ ပေါင် ၂၅ သန်းဖြင့် ပြောင်းရွှေ့ခဲ့သော်လည်း အင်္ဂလန်တွင် အောင်မြင်မှုမရဘဲ ရုန်းကန်ခဲ့ရသည်။

မန်ယူတွင် ၂ ရာသီအတွင်း ပြိုင်ပွဲစုံ ၅၃ ပွဲကစားကာ ၇ ဂိုးသာ သွင်းယူနိုင်ပြီးနောက် ပြင်သစ်လီဂူးကလပ် လိုင်ယွန်သို့ ပေါင် ၁၇ သန်းဖြင့် ပြောင်းရွှေ့ကာ ခြေစွမ်းပြကစားလျက်ရှိသည်။

၎င်းသည် လိုင်ယွန်အတွက် ပြိုင်ပွဲစုံ ၁၄၀ ပွဲတွင် ၅၇ ဂိုးသွင်းကာ ယခုဘောလုံးရာသီအဖွင့် ဒီဂျွန်အား ၄-၁ ဂိုးဖြင့် အနိုင်ရသောပွဲတွင်လည်း ဟက်ထရစ် သွင်းထားသည်။

မန်ယူသည် ဒီပိုင်းကို လိုင်ယွန်သို့ရောင်းချစဉ်က ပြန်ဝယ်ခွင့်ရှိသည်ဆိုသော အချက်ကို ထည့် သွင်းချုပ်ဆိုထားသော်လည်း ပြန်ဝယ်ဖွယ်မရှိသောကြောင့် ဘာစီလိုနာသို့ ရောင်းချခဲ့ခြင်းဖြစ်သည်။

နယ်သာလန်အသင်းအတွက် ၅၄ ပွဲတွင် ၁၉ ဂိုးသွင်းထားသော ဒီပိုင်းသည် ဘာစီလိုနာတိုက်စစ် ကို မက်ဆီနှင့်အတူ ဦးဆောင်ကစားရမည်ဖြစ်ပြီး ဆေးစစ်မှုအဆင်ပြေပါက စက်တင်ဘာ ၂၇ ရက်တွင် ဗီလာရီးရဲလ်နှင့်ကစားမည့် ဘာစီလိုနာ၏ လာလီဂါအဖွင့်ပွဲစဉ်ကို ပါဝင်ကစားသွား မည်ဖြစ်သည်။

Ref:MundoDeportivo

Facebook Comments Box
Facebook Comment