လာဇီယိုနှင့်ပွဲတွင် ခရစ္စတီယာနို ရော်နယ်ဒို ခြေကျင်းဝတ် ဒဏ်ရာရရှိ

ဂျူဗင်တပ်နည်းပြအင်ဒရေပီယာလိုက လာဇီယိုနှင့် တစ်ဂိုးစီသရေကျသည့်ပွဲတွင် ခရစ္စတီယာနိုရော်နယ်ဒို ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့ကြောင်း အတည်ပြုပြောကြားသွားသည်။ ပေါ်တူဂီစတားသည် ပထမပိုင်းတွင် ဂျူဗင်တပ်အတွက် ဦးဆောင်ဂိုးအား သွင်းယူပေးခဲ့သူ ဖြစ်ပြီး ပွဲချိန် ၇၆ မိနစ်တွင် လာဇီယိုအလယ်တန်းကစားသမားလူးဝစ်အယ်ဘာတိုနှင့် ထိခိုက်မှုကာ ဒဏ်ရရှိခဲ့ကာ ပေါ်လိုဒိုင်ဘာလာ နှင့် လူစားလဲခဲ့ရသည်။

လက်ရှိအချိန်တွင် ခရစ္စတီယာနို‌ရော်နယ်ဒို၏ ခြေကျင်းဝတ်ဒဏ်ရာ အတိမ်အနက်ကို မသိရသေးပါဘူး။

ပီယာလိုက “ရော်နယ်ဒိုက တကယ့်ကို အရေးပါတဲ့ ကစားသမားပါ။ ကျွန်တော်တို့အတွက်သာမဟုတ်ပါဘူး။ သူကစားခဲ့တဲ့ ကလပ်တိုင်းမှာ အရေးပါတဲ့ ကစားသမား ဖြစ်ခဲ့သူပါ။ ကံဆိုးစွာဘဲ ခြေကျင်းဝတ်ပြဿနာတစ်ခု ရခဲ့တယ်။ ဒါကြောင့်ဘဲ လူစားလဲခဲ့ရတာပါ”ဟု ပြောကြားသွားသည်။

ဂျူဗင်တပ်သည် ပွဲချိန် ၁၅ မိနစ်တွင် ခရစ္စတီယာနိုရော်နယ်ဒိုသွင်းယူသည့် ဂိုးဖြင့် ပွဲကို ဦးဆောင်နိုင်ခဲ့သော်လည်း လာဇီယိုမှ ကိုင်စီဒိုက နာကျင်အချိန်ပိုတွင် ချေပဂိုးသွင်းယူသွားခဲ့မှုကြောင့် သရေဖြင့် ကျေနပ်ခဲ့ရသည်။

Facebook Comments Box
Facebook Comment