လာကာဇက်ကိုရဖို့ ငွေသားအပြင် ကစားသမား ၁ ဦးကိုပါ အလိုက်ပေးမယ့် တီကို

လာလီဂါကလပ် အက်သလက်တီကိုအသင်းသည် အာဆင်နယ်တိုက်စစ်မှူး အလက်ဇန္ဒားလာကာဇက်ကို ခေါ်ယူနိုင် ရန် ကြိုးစားနေပြီး ငွေသားအပြင် အသင်း၏ကစားသမား ၃ ဦးအနက် နှစ်သက်ရာတစ်ယောက်ကိုပါ အလိုက်ပေးကမ်းလှမ်းထားကြောင်း စပိန်အားကစားသတင်းစာ မာကာက ဖော်ပြသည်။

နည်းပြဆီမြွန်နီ၏ အက်သလက်တီကိုသည် ယမန်နှစ်ရာသီက လာလီဂါတွင် တတိယ၊ စပိန်ဘုရင့်ဖလားတွင် ၃၂ သင်းအဆင့်၊ ချန်ပီယံလိဂ်တွင် ကွာတားဖိုင်နယ်အဆင့်နှင့်သာ ကျေနပ်ခဲ့ရပြီး ဖလားလက်မဲ့ဖြစ်ခဲ့ရသည်။

၎င်းသည် တိုက်စစ်တွင် ဂိုးရရန် မိုရာတာတစ်ဦးတည်းအပေါ် မှီခိုနေရခြင်းအား ဖြေရှင်းနိုင်ရေးအတွက် ပြင်သစ် လက်ရွေးစင်လာကာဇက်ကို ခေါ်ယူလိုနေခြင်း ဖြစ်ပြီး ၂၀၁၉-၂၀၂၀ ရာသီအတွင်း မိုရာတာတစ်ဦးတည်းက ပြိုင်ပွဲ စုံ ၁၆ ဂိုး သွင်းနိုင်ကာ ဒုတိယအများဆုံးက ၉ ဂိုးသွင်းထားသော ယာအိုဖိလစ်ဖြစ်သည်။

အက်သလက်တီကိုသည် ၂၉ နှစ်အရွယ် လာကာဇက်ကို ငွေသားအပြင် ပြင်သစ်တောင်ပံကစားသမား သောမတ်စ် လီမာ၊ စပိန်ကွင်းလယ်လူ ဗီတိုလို၊ အာဂျင်တီး နားတိုက်စစ်မှူး ကော်ရီယာတို့အနက် နှစ်သက်ရာတစ်ဦးကိုပါ အ လိုက်ပေးမည်ဟု လန်ဒန်အခြေစိုက်ကလပ်ထံ ကမ်းလှမ်းထားသည်။

အာဆင်နယ်သည် ၂၄ နှစ်အရွယ် လီမာကို ၎င်း အက်သလက်တီကိုသို့မပြောင်းမီ မိုနာကိုတွင်ကစားနေစဉ် ၂၀၁၇ ခုနှစ်က ကမ်းလှမ်းခဲ့ဖူးသည်။ ၎င်းသည် ယမန်နှစ်ရာသီက လာလီဂါ ၂၂ ပွဲအပါအဝင် ပြိုင်ပွဲစုံ ၂၉ ပွဲကစားခွင့်ရ သော်လည်း တစ်ဂိုးမှမသွင်းနိုင်သလို ဂိုးဖန်တီးမှုလည်း မပြုလုပ်နိုင်ခဲ့ပေ။

ထို့ကြောင့် ဆီမြွန်နီက ယူရို သန်း ၇၀ ပေးကာ ခေါ်ယူထားသော ၎င်းကို လာကာဇက်၏ အပြောင်းအရွှေ့တစ်စိတ် တစ်ပိုင်းအဖြစ် အသုံးချနိုင်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။

ယမန်နှစ်ရာသီက ပရီးမီးယားလိဂ် အဆင့် ၈ ဖြင့်သာ ကျေနပ်ခဲ့ရသော အာဆင်နယ်နည်းပြ အာတီတာသည် ရာသီ သစ်တွင် ကစားသမားသစ်ခေါ်ယူနိုင်ရေးအတွက် လာကာဇက်ကိုရောင်းချကာ အသုံးစရိတ်ရှာဖွေရန် စီစဉ်နေ သည်ဟု မာကာက ရေးသည်။

Ref: Marca

Facebook Comments Box
Facebook Comment