“ လန်ဒန်မြေမှာ အမြောက်သံတွေ ရပ်တန့်သွားအောင် သရဲနီတို့ စွမ်းဆောင်နိုင်ပါ့မလား”

✍️မောင်ရဲတိုက်


(တနင်္ဂနွေည ပရီမီးယားလိဂ် စိတ်ကြိုက် ရွေးချယ်မှု)

🎯စိတ်ကြိုက်(၁) 

⚔️ အာဆင်နယ် Vs မန်ယူ

🔴 အာဆင်နယ် 

တော်ဝင်ဂန်းနားတို့အတွက် ကာလရှည်ဝေးကွာနေတဲ့ အမှတ်ပေးချန်ပီယံဆုဟာ ဒီရာသီမှာတော့ တဖြည်းဖြည်းနဲ့ လက်တစ်လှမ်းအကွာကို နီးကပ်လာပြီဖြစ်ပါတယ်။ ဒုတိယနေရာက မန်စီးတီးကို တစ်ပွဲလျော့ကစားပြီး ၅မှတ်ထိဖြတ်ထားနိုင်ခဲ့ပြီဖြစ်သလို အဆင့်(၃)၊ အဆင့်(၄)တို့နဲ့လည်း ၈မှတ်အကွာမှာ ရပ်တည်နေပါတယ်။ လူအင်အားအရလည်း နေရာစုံမှာ ကြိုက်သလိုလဲသုံးနိုင်တဲ့ အရည်အသွေးမကွာတဲ့ ကစားသမားတွေရှိနေတာမို့ ဘယ်သူပါမှ နိုင်မယ်ဆိုတာမျိုး ရှိမနေဘဲ မဖြစ်ဖြစ်အောင် နိုင်ပွဲတစ်ခု ဖော်ဆောင်နေနိုင်တာတွေ့ရပါတယ်။ ဒီညမှာတော့ ဒီရာသီမှာ သူတို့ဒူးထောက်ခဲ့ရတဲ့ တစ်ခုတည်းသောအသင်းဖြစ်တဲ့ မန်ယူနိုက်တက်ကို အိမ်ကွင်း အမ်းမရိတ်မှာ ဧည့်ခံကစားရမှာဖြစ်ပါတယ်။ မန်ယူနိုက်တက်ကလည်း ဇယားအထက်ပိုင်းကို တရွေရွေ့တက်လာနေပြီး အဆင့်(၃)က နယူးကာဆယ်နဲ့ အမှတ်တူ တစ်ပွဲလျော့ကစားထားတာမို့ အဆင့်(၃)နေရာကို အချိန်မရွေးရရှိနိုင်တဲ့အထိ ဖြစ်လာနေပါပြီ။ ဒါကြောင့် ဒီညပွဲဟာ ဂန်းနားတွေအဖို့ ပအကျော့က ရှုံးကြွေးကိုလည်း ဆပ်ရင်း ချန်ပီယံလမ်းကြောင်းပေါ်က တစ်သင်းကိုလည်း နောက်ကောက်ချနိုင်မှာမို့ နိုင်ပွဲတစ်ခုဖော်ဆောင်နိုင်ဖို့ အထူးလိုအပ်နေပါတယ်။

⚪ မန်ယူ 

ယူနိုက်တက်ဟာလည်း ကမ္ဘာ့ဖလားပြီးကထဲက နတ်ရေကန်ထဲပစ်ချလိုက်သလို ပုံစံကောင်းတွေနဲ့ နိုးထလာတဲ့အသင်းဖြစ်ပါတယ်။ မားကပ်ရက်ရှ်ဖို့ဒ်ရဲ့ ပွဲဆက်ဂိုးသွင်းနိုင်မှုတွေနဲ့အတူ ပြီးခဲ့တဲ့မန်ချက်စတာဒါဘီမှာ မြို့ခံပြိုင်ဘက် မန်စီးတီးကို comebackနဲ့ အနိုင်ယူခဲ့တာတွေဟာ သူတို့ရဲ့ ပုံစံကောင်းကို သက်သေခံနေသလိုပါပဲ။ ဒါပေမယ့် ဒီညပွဲမှာတော့ ယူနိုက်တက်ရဲ့ ကွင်းလယ်ကျောက်ဆောင်တစ်ခုဖြစ်တဲ့ ကက်စမဲရိုး အဝါကတ်၅ကတ်ပြစ်ဒဏ်ကြောင့် မပါဝင်နိုင်သေးတဲ့အပေါ် ယူနိုက်တက်ပရိသတ်တွေအနေနဲ့ စိုးရိမ်မှု အနည်းငယ်ရှိနေကြပါတယ်။ အဆိုပါ ဘရာဇီးကွင်းလယ်လူဟာ မန်ယူနိုက်တက်ရဲ့ အောင်ပွဲတွေတိုင်းလိုလိုမှာ ပါဝင်ပတ်သက်နေခဲ့သူဖြစ်ပြီး ဒီနှစ်မှရောက်လာပေမယ့် ယူနိုက်တက်ခြံပေါက်တစ်ဦးလို passionအပြည့်နဲ့ ကစားပြနေနိုင်တာလည်း တွေ့ရပါတယ်။ ဒီညမှာ သူမပါဝင်နိုင်ပေမယ့် နောက်ထပ် ဘရာဇီးကွင်းလယ်လူတစ်ဦးဖြစ်တဲ့ ဖရက်ဒ်ကို ထည့်သွင်းကစားလာမှာဖြစ်ပြီး ဖရက်ဒ်ရဲ့ မန်ချက်စတာဒါဘီက လုပ်ဆောင်ချက်တွေကလည်း မသေးငယ်လှတာမို့ ဒီညမှာလည်း ဂန်းနားကပ္ပတိန်အိုဒီဂတ်နဲ့ ကွင်းလယ်စီးချင်းထိုးပွဲမှာ အလားတူလုပ်ပြနိုင် အားလုံးက စောင့်ကြည့်နေကြမှာဖြစ်ပါတယ်။ 

📝 သုံးသပ်ချက် 

ဒီပွဲစဉ်ကိုတော့ နိုင်ငံခြားသတင်းမီဒီယာများက “a hard match to call” ဆိုပြီး ဘယ်သူနိုင်မလဲဆိုတာ ခန့်မှန်းရခက်ကြောင်းရေးသားဖော်ပြကြပါတယ်။ အမှန်တကယ်လဲ နှစ်သင်းစလုံးက ပုံစံကောင်းတစ်ခုကို ရောက်နေပြီး အဆင့်(၁)နဲ့ (၄)ဖြစ်နေပေမယ့် မန်စီးတီး၊ နယူးကာဆယ်တို့က ခြေပြန်ကျနေချိန်ဖြစ်တာမို့ လက်ရှိဇယားထိပ်ပိုင်းမှာ ဒီနှစ်သင်းသာ ခြေမှန်နေတယ်လို့ ပြောရမှာဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့လည်း အခုလို လူအများဖတ်ဖို့ ပွဲကြိုရေးသားတဲ့အခါမှာ အများကြိုက်အသင်းတွေကို ဘက်ကန်ရေးဖို့ မရဲပါဘူး။ နိုင်သွားရင်လည်း အထင်ကြီးမခံရသလို ရှုံးတဲ့အခါကျ မိုးမွှန်အောင် အဆဲခံရတတ်ပါတယ်။ ဒါပေမယ့်လည်း ပွဲကြိုရေးသားတဲ့အခါမှာ ယုံကြည်ရာကို ရိုးသားစွာ တင်ဆက်ဖို့ ရှေ့ကစီနီယာများက ညွှန်ပြခဲ့သည့်အတိုင်း ဒီပွဲမှာတော့ ဘော်ဒီအနေနဲ့ အာဆင်နယ်ကို ရွေးချယ်ချင်ပါတယ်။ ဘော်ဒီကြေးတန်းအရ အာဆင်နယ်နဲ့ မန်ယူကြားမှာ ပြား၄၀-၆၀ကြားသာ ကွာခြားမှုရှိနေတာဖြစ်ပြီး ဒီည အာဆင်နယ်ကို အိမ်ကွင်းကြေး ပြား၅၀ထပ်ပေါင်းမှ သရေ၁၀၀ရှုံးသာ ဖွင့်လှစ်သင့်တာဖြစ်ပါတယ်။ အနီးစပ်ဆုံးအနေနဲ့ အာဆင်နယ်ဟာ နယူးကာဆယ်ကို ပြီးခဲ့တဲ့အိမ်ကွင်းမှာ (၁+၈၀)နဲ့ အကျောပေးခဲ့ပြီး ကြေးကျခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဒီညမှာ နယူးထက် တန်ကြေးပိုမြင့်တဲ့ ယူနိုက်တက်ကို (-၈၀)နဲ့ (-၁၀၀)ကြားသာ ဖွင့်လှစ်သင့်တာဖြစ်ပေမယ့် လက်ရှိ(၁+၈၀)ကြေးဟာ အနည်းငယ်မြင့်တက်နေတာမို့ အာဆင်နယ်ဘော်ဒီနဲ့ စွန့်စားကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အသင်းကြီးတွေဖြစ်တာမို့ ကျွန်တော့်လိုကောင်မပြောနဲ့ သိကြားမင်းက ပွဲကြိုပေးရင်တောင် အမာခံပရိသတ်များက ကိုယ့်အသင်းကိုယ်ပဲ အားပေးကြမယ်ဆိုတာ သိပါတယ်။ ဒါကြောင့် အသင်းစွဲအရ မစွန့်စားနိုင်ဘူးဆိုရင်တောင် ဂိုးပေါ်တစ်ကွက်ကိုပါ တွဲရွေးဖို့ အကြံပြုလိုက်ရပါတယ်။

🎯ရွေးချယ်မှု 

✅ အာဆင်နယ် ဘော်ဒီ 

✅ အာဆင်နယ် ဂိုးပေါ် 

⚽ ခန့်မှန်းရလဒ် = (၂-၁)

🎯 စိတ်ကြိုက်(၂) 

⚔️ မန်စီးတီး Vs ဝုဗ်ဗာဟမ်တန် 

🔵မန်စီးတီး 

ပြီးခဲ့တဲ့ပွဲမှာ စပါးကို (၀-၂)နဲ့ ရှုံးနေရာကနေ (၄)ဂိုးပြန်သွင်းနိုင်တာဟာ မန်စီးတီးအတွက် ယုံကြည်မှုပိုရှိလာစေနိုင်ပါတယ်။ဆောက်သမ်တန်ကိုရှုံးပြီး လိဂ်ဖလားကထွက်ခဲ့ရသလို မန်ယူကိုပါထပ်ရှုံးပြီး အဆင့်(၁)အာဆင်နယ်ကို လိုက်လေဝေးလေ ဖြစ်ခဲ့ရတာတွေက ဂွါဒီယိုလာအတွက်တော့ စိတ်မချမ်းမြေ့စရာပါပဲ။မန်စီးတီးရဲ့ ကစားသမားအချို့ဟာ ဒီအသင်းမှာသာ ပွဲထွက်ခွင့်ရနေပေမယ့် မန်စီးတီးရဲ့အဆင့်နဲ့ မကိုက်ညီတာတွေ အများကြီးပါ။ အထူးသဖြင့် နောက်တန်းက ရူဘင်ဒီယက်မရှိတဲ့နောက် ဝေါ်ကာ၊ အကီ၊ အကန်ဂျီတို့ကို တစ်လှည့်စီသုံးနေရပေမယ့် ပေးဂိုးတွေ ရပ်တန့်သွားအောင်တော့ မစွမ်းဆောင်နိုင်သေးပါဘူး။တိုက်စစ်မှာတော့ ဟာလန်းဟာ ဒီဘရိုင်းရဲ့ အကူအညီတွေမရတော့ရင် ဒါဝင်နူးနက်လောက်နီးနီး ပုံစံပြောင်းသွားတတ်တာကိုလည်း အသင်းအများစုက တွေ့မြင်နေကြပြီဖြစ်ပါတယ်။ ဖိုဒန်နဲ့မာရက်ဇ်တို့ဟာလည်း ခြေစွမ်းမမှန်သေးတာမို့ ဟာလန်းမှ လှုပ်မရတော့ရင် တစ်ဂိုးရဖို့ခက်ခဲသွားတာမျိုးတွေ့မြင်ရပါတယ်။

🟡ဝု‌ဗ် 

ဝံပုလွေတို့ကတော့ လိုပက်တီဂူနဲ့အတူ လမ်းပေါ်ပြန်တက်လာနိုင်ခဲ့ပါတယ်။ လီဗာပူးကို အန်းဖီးလ်မှာ သရေခံကန်နိုင်ခဲ့ပေမယ့် နောက်တစ်ပွဲမှာတော့ (၀-၁)နဲ့ကပ်ရှုံးခဲ့ပါတယ်။ နောက်ဆုံးရလဒ်တွေအရတော့ သိပ်အားရစရာမရှိပေမယ့် ခြေစွမ်းကတော့ တစ်ပွဲနဲ့တစ်ပွဲ ပိုမိုတည်ငြိမ်လာတာကိုတွေ့မြင်ရပါတယ်။အထူးသဖြင့်တိုက်စစ်က အနည်းငယ်အသက်ဝင်လာပြီး အရင်ကဝံပုလွေတို့လို ခံစစ်ပိတ်ဆော့ပြီး တည်ကန်ဘောတွေကို အားပြုနေရတဲ့ အသင်းအဖြစ်နဲ့ အတော့်ကိုခြားနားလာပြီ ဖြစ်ပါတယ်။ ဂျီမီနက်၊ ဟွမ်ဟီချန်း၊ ပိုဒန့်တို့ တိုက်စစ်ဟာ မနှစ်ကထက် ပိုပြီးနားလည်မှုရှိရှိ ချိတ်ဆက်ကစားလာနိုင်တာကို တွေ့ရပြီး တစ်ချိန်က လူပိုကြီးလို့ထင်ခဲ့ရဖူးတဲ့ လူသန်ကြီးထရာအိုရေးဟာလည်း ပုံစံကောင်းကို ပြန်ရလာတာတွေ့ရပါတယ်။ ပထမအကျော့ ဝုဗ်အိမ်ကွင်းမှာ (၀-၃)နဲ့ ရှုံးထားခဲ့ပြီး လတ်တလောရလဒ်တွေအရ မန်စီးတီးကို သရေကျဖို့ထိ ခံဆော့နိုင်ဖို့ မျှော်လင့်ကြည့်လို့မရပေမယ့် တစ်ပွဲထက်တစ်ပွဲလျော့ရဲလာတဲ့ မန်စီးတီးခံစစ်မှာ ဝံပုလွေတို့ ဂိုးပြန်သွင်းနိုင်ဖို့ကိုတော့ မျှော်လင့်နိုင်တဲ့အနေအထားဖြစ်ပါတယ်။

📝 သုံးသပ်ချက် 

ဒီပွဲရဲ့ မူလတည်ကြေးက မန်စီးတီး(၂-၄၀)ဖြစ်ပြီး ဒီမနက်မှာတော့ (၂=)ကို ပြန်ဆင်းလာပါတယ်။ အနိမ့်ဆုံးနှစ်ဂိုးပြတ်ရုံနဲ့ ကြေးမရှုံးနိုင်ဘူးဆိုတဲ့ ဖွင့်လှစ်မှုဟာ ပြီးခဲ့တဲ့ပွဲက စပါးကိုတောင် (၄)ဂိုးပြန်လိုက်သွင်းနိုင်ခဲ့တဲ့ မန်စီးတီးကို ရွေးချယ်ဖို့ရာ မက်လုံးတစ်ခုလိုဖြစ်ပါတယ်။ အစဉ်အလာအရလည်း ဝုဗ်ဟာ တခြားအသင်းကြီးတွေကို နှစ်ဂိုးပြတ်မရှုံးဖို့ ခုခံကစားနိုင်ပေမယ့် စီးတီးနဲ့အတွေ့မှာတော့ ခဏခဏဂိုးပြတ်ရှုံးလေ့ရှိတာကိုလည်း တွေ့ရပါတယ်။ ဒါပေမယ့် လက်ရှိခြေစွမ်းနဲ့ ကြေးပြောင်းအရတော့ ဒီပွဲဟာ တစ်ခုခုတော့ အောက်သွားနိုင်တဲ့ အငွေ့အသက်ကို ရရှိနေပါတယ်။ ဒါကြောင့် လတ်တလော ခြေပြန်ငြိမ်လာတဲ့ ဝံပုလွေတို့ မိုးပြာမြေမှာ (၃)ဂိုးပြတ်တော့ မရှုံးနိုင်ဘူးလို့ ယူဆရင်း ဝုဗ်ဘော်ဒီနဲ့ ဂိုးအောက်ကို တွဲရွေးထားကြည့်ချင်ပါတယ်။

🎯ရွေးချယ်မှု 

✅ ဝုဗ် ဘော်ဒီ 

✅ ဂိုးအောက် 

⚽ခန့်မှန်းရလဒ် = (၂-၁)

အားလုံး အောင်ပွဲဆင်နိုင်ကြပါစေ။

Facebook Comments Box
Facebook Comment