
လန်ဒန်ဒါဘီမှာ အာဆင်နယ်နဲ့အတူ အောင်ပွဲခံမယ်
ကစားမည့်ရက် – ၁၉-၉-၂၀၂၀
ကစားမည့်အချိန် – ည ၁း၃၀ နာရီ
ကစားမည့်ကွင်း – အမ်းမရိတ်စ်(လန်ဒန်)
ဒိုင်လူကြီး – မိုက်ကယ်အိုလီဗာ
အဖွင့်ပွဲတုန်းက ဖူလ်ဟမ်ကို ဂိုးပြတ်အနိုင်ယူထားတဲ့ အာဆင်နယ်အတွက် နောက်ထပ် လန်ဒန်မြို့ခံ ကလပ်တစ်ခုနဲ့ ထပ်မံတွေ့ဆုံနေတာ ဖြစ်ပါတယ်။ ဝက်စ်ဟမ်းကလည်း အဖွင့်ပွဲတုန်းက န ယူးကာဆယ်ကို ရှုံးနိမ့်ထားလို့ အမှားခံလို့ မရတော့ပါဘူး။

အာဆင်နယ်ရဲ့ လက်ရှိအနေအထား
နည်းပြ အာတီတာဟာ နွေဈေးကွက်မှာ မှန်ကန်တဲ့ ကစားသမားခေါ်ယူမှုတွေ ပြုလုပ်ထားတယ်လို့ ဆိုနိုင်ပြီး ဝီလျံ၊ နောက်ခံလူ ဂါဘရီရယ်တို့က အသင်းနဲ့ အလျင်အမြန် အထိုင်ကျလာပြီလို့ ဆိုနိုင်ပါတယ်။
ဒီကစားသမားနှစ်ယောက်ဟာ ဖူလ်ဟမ်နဲ့ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့ပြီး အသင်းခေါင်းဆောင် အော်ဘာမီယန်ကို သက်တမ်းတိုးနိုင်ခဲ့တာကလည်း အာဆင်နယ်အတွက် အားတက်စရာ ဖြစ်ပါတယ်။
အာဆင်နယ်ဟာ လူငယ်ကစားသမားတွေကို အဓိကအားပြုထားပြီး တည်ငြိမ်မှုရှိရှိ ကစားနိုင်တာက အာတီအာရဲ့အားသာချက်ပါပဲ။

ဝက်စ်ဟမ်းရဲ့ လက်ရှိအနေအထား
ယမန်နှစ်က အဆင့် ၁၆ ရခဲ့တဲ့ ဝက်စ်ဟမ်းဟာ နွေဈေးကွက်အတွင်း ဆလားဗီးယားပရာဟာ ကွင်းလယ်လူ တိုမက်စ်ဆူဆက်ကို ပေါင် ၁၅ သန်းပေးကာ ခေါ်ယူထားပေမယ့် အဆိုပါ ချက် လက်ရွေးစင်အနေနဲ့ အထိုင်ကျဖို့ အချိန်အနည်းငယ် ယူရဦးမှာပါ။
အသင်းခေါင်းဆောင် မာ့ခ်နိုဘယ်ကလည်း အကောင်းဆုံး အသက်အရွယ်ကို ကျော်လွန်လာပြီ လို့ ဆိုနိုင်ပြီး တိုက်စစ်က ယာမိုလန်ကို၊ အန်ဒါဆန်၊ စတော်လာ၊ အန်တိုနီယိုတို့ကလည်း ရုန်းကန်နေရပါတယ်။
နည်းပြ ဒေးဗစ်မိုရက်စ်အနေနဲ့ အခုပွဲမှာ လန်ဒန်ပြိုင်ဘက် အာဆင်နယ်ထံက အမှတ်မရယူနိုင်ခဲ့ရင် သူ့ရဲ့အနေအထားက လှုပ်ခတ်မှုတွေ ရှိလာနိုင်ပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု
အာဆင်နယ်နဲ့ ဝက်စ်ဟမ်းဟာ ၁၂၆ ကြိမ်ဆုံဖူးပြီး အာဆင်နယ်က ၆၃ ပွဲနိုင်၊ ဝက်စ်ဟမ်းက ၂၉ ပွဲနိုင်ကာ ၃၄ ပွဲ သရေကျထားပါတယ်။ အမ်းမရိတ်စ်ကွင်း ၆၃ ပွဲမှာ အာဆင်နယ်က ၃၆ ပွဲ နိုင်၊ ၁၃ ပွဲသရေ၊ ၁၄ ပွဲ ရှုံးထားပါတယ်။
ဝက်စ်ဟမ်းကွင်း ၆၃ ပွဲမှာတော့ အိမ်ရှင်က ၁၅ ပွဲနိုင်၊ ၂၁ ပွဲသရေ၊ ၂၇ ပွဲ ရှုံးထားပါတယ်။ ထိပ် တိုက်တွေ့ဆုံမှု ၁၂၆ ကြိမ်မှာ အာဆင်နယ်က ၂၁၅ ဂိုးသွင်းထားပြီး ဝက်စ်ဟမ်းက ၁၃၉ ဂိုး သွင်းထားပါတယ်။
နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှု
၇-၃-၂၀၂၀ အာဆင်နယ် ၁ – ၀ ဝက်စ်ဟမ်း
၁၀-၁၂-၂၀၁၉ ဝက်စ်ဟမ်း ၁ – ၃ အာဆင်နယ်
၁၂-၁-၂၀၁၉ ဝက်စ်ဟမ်း ၁ – ၀ အာဆင်နယ်
၂၅-၈-၂၀၁၈ အာဆင်နယ် ၃ – ၁ ဝက်စ်ဟမ်း
၂၂-၄-၂၀၁၈ အာဆင်နယ် ၄ – ၁ ဝက်စ်ဟမ်း
အာဆင်နယ် နောက်ဆုံး ၅ ပွဲရလဒ်
၁၂-၉-၂၀၂၀ ဖူလ်ဟမ် ၀ – ၃ အာဆင်နယ်
၂၉-၈-၂၀၂၀ အာဆင်နယ် ၁ – ၁ လီဗာပူးလ်
၂၅-၈-၂၀၂၀ အမ်ကေဒွန်းစ် ၁ – ၄ အာဆင်နယ်
၁-၈-၂၀၂၀ အာဆင်နယ် ၂ – ၁ ချဲလ်ဆီး
၂၆-၇-၂၀၂၀ အာဆင်နယ် ၃ – ၂ ဝက်ဖ်ု့ဒ်
ဝက်စ်ဟမ်း နောက်ဆုံး ၅ ပွဲရလဒ်
၁၆-၉-၂၀၂၀ ဝက်စ်ဟမ်း ၃ – ၀ ချာလ်တန်
၁၃-၉-၂၀၂၀ ဝက်စ်ဟမ်း ၀ – ၂ နယူးကာဆယ်
၅-၉-၂၀၂၀ ဝက်စ်ဟမ်း ၃ – ၅ ဘုန်းမောက်
၂၉-၈-၂၀၂၀ ဝက်စ်ဟမ်း ၂ – ၁ ဘရန့်ဖို့ဒ်
၂၅-၈-၂၀၂၀ ဝိုင်ကမ်ဘီ ၁ – ၅ ဝက်စ်ဟမ်း
ထူးခြားအချက်အလက်များ
အာဆင်နယ်သည် လန်ဒန်မြို့ခံပြိုင်ဘက် ဝက်စ်ဟမ်းအား ဧည့်ခံကစားထားသည့် ပြိုင်ပွဲစုံ အိမ်ကွင်း နောက်ဆုံး ၁၁ ပွဲတွင် ၁၀ ပွဲအနိုင်ရထား။
နည်းပြ အာတီတာ၏အသင်းသည် ပရီးမီးယားလိဂ် အိမ်ကွင်းနောက်ဆုံး ၇ ပွဲတွင် ၆ ပွဲအနိုင်ကစားထား။
ဝက်စ်ဟမ်းသည် ပရီးမီးယားလိဂ် အဝေးကွင်း နောက်ဆုံး ၁၀ ပွဲတွင် ၉ ပွဲ နိုင်ပွဲပျောက်ကာ ၁ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၇ ပွဲရှုံးခဲ့။
အဆိုပါ ၁၀ ပွဲတွင် ဝက်စ်ဟမ်းက ၁၁ သွင်းကာ အိမ်ရှင်အသင်းများက ၁၈ ဂိုး သွင်းယူခဲ့။
ဖြစ်နိုင်ဖွယ် လူစာရင်း
အာဆင်နယ်(၃-၄-၃)
ဂိုး – ဘန်းလီနို
နောက် – ဟိုလ်ဒင်း၊ ဂါဘရီရယ်၊ တီယာနေး
လယ် – ဘယ်လာရင်၊ အယ်နီနီ၊ ဆီဘယ်လော့စ်၊ မိတ်လန်းနိုင်းစ်
ရှေ့ – ဝီလျံ၊ လာကာဇက်၊ အော်ဘာမီယန်
ဝက်စ်ဟမ်း(၄-၂-၃-၁)
ဂိုး – ဖေဘီယန်စကီး
နောက် – ခရက်စ်ဝဲလ်၊ အော့ဘွန်နာ၊ ဒိုင်အုပ်၊ ဖရီးဒရစ်
လယ် – ဒက်ကလန်ရိုက်စ်၊ ဆူဆက်၊ နိုဘယ်
ရှေ့ – အန်ဒါဆန်၊ ဘိုဝင်၊ စတော်လာ
ဒဏ်ရာရ/ပွဲပယ်စာရင်း
အာဆင်နယ် – ဒေးဗစ်လူးဝစ်ဇ်၊ မူစတာဖီ၊ မာတီနယ်လီ၊ ပက်ဘလိုမာရီ၊ ချမ်ဘာ
ဝက်စ်ဟမ်း – မရှိ
သုံးသပ်ချက်
အာဆင်နယ်မှာ ဒဏ်ရာရ ကစားသမားတွေ အများအပြားရှိနေပေမယ့်လည်း ဝက်စ်ဟမ်းကတော့ ဒဏ်ရာကင်းစင်နေပါတယ်။ ကစားသမား စုစည်းမှု၊ အသင်းလိုက် ကစားပုံတွေမှာ အာဆင်နယ်က အသာရနေတာ အမှန်ပါပဲ။
ဝီလျံနဲ့တိုးအားနဲ့ လာကာဇက်၊ အော်ဘာမီယန်တို့ရဲ့တိုက်စစ်ကို ဝက်စ်ဟမ်းနောက်တန်း ရေရှည်တောင့်ခံနိုင်ဖို့ မလွယ်ပါဘူး။ အာဆင်နယ်က ၁-၁၀ ဖွင့်လှစ်ထားပြီး အိမ်ရှင်အသင်းကိုပဲ အ ကြိုက်တွေ့မိပါတယ်။