လန်ဒန်ဒါဘီကို အနိုင်နဲ့ဖွင့်လှစ်မယ့် အာဆင်နယ်

ကစားမည့်ရက် – ၁၂-၉-၂၀၂၀

ကစားမည့်အချိန် – ည ၆း၀၀ နာရီ

ကစားမည့်ကွင်း – ခရာဗင်ကော့တိတ်ချ်(လန်ဒန်)

ဒိုင်လူကြီး – ကာဗန်နက်

၂၀၂၀-၂၀၂၁ ပရီးမီးယားလိဂ် ပွဲစဉ် ၁ အဖွင့်ပွဲအဖြစ် မနက်ဖြန် ညနေ ၆ နာရီမှာ ဖူလ်ဟမ်နဲ့ အာဆင်နယ်တို့ ဟာ ခရာဗင်ကော့တိတ်ချ်ကွင်းမှာ ယှဉ်ပြိုင်ကစားကြတော့မှာ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ယမန်နှစ်ရာသီက ပရီးမီးယားလိဂ်မှာ အဆင့် ၈ ရခဲ့သလို အက်ဖ်အေဖလား ဗိုလ်လုပွဲမှာလည်း ချဲလ်ဆီးကို အနိုင်ယူကာ ဖ လားတစ်လုံး ရယူနိုင်ခဲ့ပါတယ်။

ဖူလ်ဟမ်ရဲ့လက်ရှိအနေအထား

ချဲလ်ဆီး ကွင်းလယ်လူဟောင်း စကော့ပါကား ကိုင်တွယ်နေတဲ့ ဖူလ်ဟမ်ဟာ ယမန်နှစ်ရာသီက ချန်ပီယံရှစ်ပြိုင်ပွဲမှာ အဆင့် ၄ ရကာ play-off ကစားခွင့်ရပြီး ဗိုလ်စွဲခဲ့လို့ ပရီးမီးယားလိဂ်ကို တန်းတက်လာခဲ့တာ ဖြစ်ပါတယ်။

ဖူလ်ဟမ်ဟာ ပရီးမီးယားလိဂ်မှာ ၁၄ ကြိမ် ယှဉ်ပြိုင်ဖူးပြီး ၂၀၁၈-၂၀၁၉ ရာသီမှာ တန်းဆင်းသွားခဲ့ရပေမယ့်လည်း ချန်ပီယံရှစ်မှာ တစ်ရာသီသာကျင်လည်ကာ အင်္ဂလန်ရဲ့အဆင့်အမြင့်ဆုံး အမှတ်ပေးပြိုင်ပွဲဆီ ပြန်လည်တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပါကားဟာ နွေရာသီ အပြောင်းအရွှေ့ကာလမှာ ကစားသမားသစ် ၆ ဦးခေါ်ထားပြီး ဈေးအကြီးဆုံးက ဘရိုက်တန်ကနေ ပေါင် သန်း ၁၀ သန်းစွန်းစွန်းနဲ့ ခေါ်ယူထားတဲ့ ပြင်သစ်ညာတောင်ပံလူ အန်ထော်နီနော့ကက်ပဲ ဖြစ်ပါတယ်။ ဝီဂန်က အမေရိကန်နောက်ခံလူ ရော်ဘင်ဆင်ကိုတော့ ပေါင် ၂ သန်းနဲ့ခေါ်ယူထားသလို ပီအက်စ်ဂျီဂိုးသမား အာရီယိုလာကိုလည်း အဌားနဲ့ ခေါ်ယူထားပါတယ်။

ဖူလ်ဟမ်ရဲ့ကစားသမား ခေါ်ယူမှုကိုကြည့်ရင် ခွင့်ပြုထားတဲ့ ဘောင်အတွင်းကနေ ဈေးနှုန်းသင့်တင့်သူတွေကို သေချာခေါ်ယူထားတယ်လို့ ဆိုနိုင်ပါတယ်။ မီထရိုဗစ်၊ ကပ္ပတိန် တွမ်ကဲနေး၊ ကာဗာလီရိုတို့က အသင်းရဲ့အဓိကဒေါက်တိုင်တွေဖြစ်ပြီး ကစားသမားအများစုကို ထွက်ခွာခွင့်ပေးခဲ့တာက ထူးခြားပါတယ်။

အာဆင်နယ်ရဲ့လက်ရှိအနေအထား

နည်းပြအာတီတာဟာ နွေရာသီ အပြောင်းအရွှေ့မှာ နောက်ခံလူတွေကို အဓိကခေါ်ယူထားပြီး ဖလာမင်ဂိုက ပက်ဘလိုမာရီ၊ ဆောက်သမ်တန်က ဆိုအာရက်စ်၊ လိုင်လီက ဂါဘရီရယ်မီဂယ်ဟေးစ်တို့ ဖြစ်ပါတယ်။ ဒါက အာဆင်နယ်အနေနဲ့ ယမန်နှစ်ရာသီက အမှားအယွင်းများခဲ့တဲ့ နောက်တန်းကို အဓိက ပြင်ဆင်ထားတဲ့ အချက်လို့ ဆိုနိုင်ပါတယ်။

ချဲလ်ဆီး တောင်ပံကစားသမား ဝီလျံကိုလည်း အလွတ်ခေါ်ယူထားပြီး အသင်းခေါင်းဆောင် ဂါဘွန်တိုက်စစ်မှူး အော်ဘာမီယန်ကို ၃ နှစ်သက်တမ်းတိုးဖို့ နီးစပ်နေပါတယ်။ လာကာဇက်က အသင်းပြောင်းမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့်လည်း အာတီတာကတော့ လက်လွတ်ခံမယ့်ပုံ မပေါ်ပါဘူး။

ယမန်နှစ်က ရီးရဲလ်မက်ဒရစ်ကနေ အဌားလာကစားတဲ့ စပိန်ကွင်းလယ်လူ ဆီဘယ်လော့စ်ကိုလည်း တစ်ရာသီ ထပ်မံသက်တမ်းတိုးနိုင်ခဲ့လို့ ကွင်းလယ်ပိုင်းက အားလျော့သွားမယ့်ပုံ မရှိပါဘူး။

ထိပ်တိုက်တွေ့ဆုံမှု

လန်ဒန်အခြေစိုက် ဖူလ်ဟမ်နဲ့ အာဆင်နယ်တို့ဟာ သမိုင်းတစ်လျှောက် စုစုပေါင်း ၅၂ ကြိမ် ဆုံတွေ့ဖူးပါတယ်။ ဖူလ်ဟမ်က ၇ ပွဲနိုင်၊ ၁၀ ပွဲသရေကျပြီး အာဆင်နယ်က ၃၅ ပွဲအထိ အနိုင်ရထားလို့ အာတီတာရဲ့အသင်းက အသာရနေတယ်လို့ ဆိုနိုင်ပါတယ်။

ဖူလ်ဟမ်ကွင်း ၂၆ ကြိမ်မှာလည်း အိမ်ရှင်က ၇ ပွဲသာနိုင်ပြီး ၅ ပွဲသရေ၊ ၁၄ ပွဲ ရှုံးနိမ့်ထားပါတယ်။ ထိပ်တိုက်ဆုံတွေ့မှု ၅၂ ပွဲမှာ ဖူလ်ဟမ်က ၅၆ ဂိုးသာသွင်းနိုင်ပြီး အာဆင်နယ်ကတော့ ၁၁၆ ဂိုးအထိ သွင်းထားပါ တယ်။

နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှု

၁-၁-၂၀၁၉ အာဆင်နယ် ၄ – ၁ ဖူလ်ဟမ်


၇-၁၀-၂၀၁၈ ဖူလ်ဟမ် ၁ – ၅ အာဆင်နယ်

၁၈-၁-၂၀၁၄ အာဆင်နယ် ၂ – ၀ ဖူလ်ဟမ်


၂၄-၈-၂၀၁၃ ဖူလ်ဟမ် ၁ – ၃ အာဆင်နယ်


၂၀-၄-၂၀၁၃ ဖူလ်ဟမ် ၀ – ၁ အာဆင်နယ်

ဖူလ်ဟမ် နောက်ဆုံး ၅ ပွဲရလဒ်

၂၉-၈-၂၀၂၀ ဖူလ်ဟမ် ၂ – ၂ အမ်ကေဒွန်းစ်


၅-၈-၂၀၂၀ ဘရန့်ဖို့ဒ် ၁ – ၂ ဖူလ်ဟမ်


၃၁-၇-၂၀၂၀ ဖူလ်ဟမ် ၁ – ၂ ကာဒစ်ဖ်


၂၈-၇-၂၀၂၀ ကာဒစ်ဖ် ၀ – ၂ ဖူလ်ဟမ်


၂၃-၇-၂၀၂၀ ဝီဂန် ၁ – ၁ ဖူလ်ဟမ်

အာဆင်နယ် နောက်ဆုံး ၅ ပွဲရလဒ်

၂၉-၈-၂၀၂၀ အာဆင်နယ် ၁ – ၁ လီဗာပူးလ်


၂၅-၈-၂၀၂၀ အမ်ကေဒွန်းစ် ၁ – ၄ အာဆင်နယ်


၁-၈-၂၀၂၀ အာဆင်နယ် ၂ – ၁ ချဲလ်ဆီး


၂၆-၇-၂၀၂၀ အာဆင်နယ် ၃ – ၂ ဝက်ဖို့ဒ်


၂၂-၇-၂၀၂၀ ဗီလာ ၁ – ၀ အာဆင်နယ်

ထူးခြားအချက်အလက်များ

ဖူလ်ဟမ်သည် အာဆင်နယ်နှင့် နောက်ဆုံးကစားသည့် ပရီးမီးယားလိဂ် ၅ ပွဲစလုံး ရှုံးနိမ့်ထား။

အာဆင်နယ်သည် ဖူလ်ဟမ်နှင့်ကစားသည့် ပရီးမီးယားလိဂ် ၁၃ ပွဲတွင် ၂၀၁၂ ဇန်နဝါရီက ခရာဗင်ကော့တိတ်ချ်တွင် ၂-၁ ဂိုးဖြင့် တစ်ကြိမ်သာရှုံးခဲ့။

ဖူလ်ဟမ်သည် နောက်ဆုံး ၂ ရာသီဆက်တိုက် ရာသီအဖွင့်ပွဲစဉ်များအား ရှုံးနိမ့်ထားပြီး ၂၀၁၉-၂၀၂၀ က ဘန်စလေကို ၁-ဝ၊ ၂၀၁၈-၂၀၁၉ က ပဲလေ့စ်ကို ၂-၀ တို့ဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်။

ဖူလ်ဟမ်တိုက်စစ်မှူး မီထရိုဗစ်သည် ၂၀၁၈-၂၀၁၉ ရာသီက ပရီးမီးယားလိဂ် ရာသီအဖွင့် ၆ ပွဲတွင် ၅ ဂိုးအထိ သွင်းနိုင်ခဲ့။

အာဆင်နယ်သည် တန်းတက်အသင်းများနှင့် ကစားသော ပရီးမီးယားလိဂ် ရာသီအဖွင့် ၄ ပွဲတွင် ရှုံးပွဲမရှိဘဲ ၃ ပွဲနိုင်၊ ၁ ပွဲသရေ ကစားထား။

ဖြစ်နိုင်ဖွယ် လူစာရင်း

ဖူလ်ဟမ်(၄-၃-၃)

ဂိုး – အာရီယိုလာ

နောက် – တီတီ၊ ရင်းမ်၊ ဟက်တာ၊ ဘရိုင်ယန်

လယ် – လီမီနာ၊ ရိဒ်၊ တွမ်ကဲနေး

ရှေ့ – နော့ကက်၊ မီထရိုဗစ်၊ ကာဗာလီရို

အာဆင်နယ်(၃-၄-၃)

ဂိုး – လီနို

နောက် – တီယာနေး၊ ဟိုလ်ဒင်း၊ ဆာလီဘာ

လယ် – ဆာကာ၊ ဆီဘယ်လော့စ်၊ ရှာကာ၊ ဘယ်လာရင်

ရှေ့ – အော်ဘာမီယန်၊ အန်ခီတီယာ၊ ဝီလျံ

ဒဏ်ရာရ/ပွဲပယ်

ဖူလ်ဟမ် – ဖာဘရီ

အာဆင်နယ် – မူစတာဖီ၊ မာတီနယ်လီ၊ ပက်ဘလိုမာရီ၊ ချမ်ဘာ၊ မီဂယ်ဟေးစ်

သုံးသပ်ချက်

ဖူလ်ဟမ်က အိမ်ရှင်အားသာချက်ရှိပေမယ့်လည်း ကစားသမားအင်အားမှာတော့ အာဆင်နယ်ကို မယှဉ်နိုင်ပါဘူး။ ဒါ့အပြင် အာဆင်နယ် လူငယ်တွေရဲ့လုပ်အားနှုန်းက လန်ဒန်ပြိုင်ဘက် ဖူလ်ဟမ်ထက် အများကြီးပိုကောင်းပါတယ်။

တစ်ဂိုးနဲ့နိုင်ရင် သရေကျမယ့် အာဆင်နယ်ကိုပဲ ရွေးချယ်ရမယ့်ပွဲပါ။

Facebook Comments Box
Facebook Comment