
လန်ဒန်ကလပ်တွေ အခြေအနေကောင်းပြီး ယူနိုက်တက် ရုန်းကန်ရမယ်
ပရီးမီးယားလိဂ် ပွဲစဉ် ၈ ပွဲကြို သုံးသပ်ချက်

အဲဗာတန် Vs မန်ယူနိုက်တက်
ည-ရး၀၀ နာရီ(ဂွတ်ဒီဆင်ပါ့ခ်)
အဲဗာတန်ကွင်း နောက်ဆုံး ၃ ပွဲရလဒ်
၁-၃-၂၀၂၀ အဲဗာတန် ၁-၁ ယူနိုက်တက်
၂၁-၄-၂၀၁၉ အဲဗာတန် ၄-၀ ယူနိုက်တက်
၂-၁-၂၀၁၈ အဲဗာတန် ဝ-၂ ယူနိုက်တက်
လက်ရှိအချိန်မှာ နှစ်သင်းစလုံးက ပုံစံကောင်းပျောက်ဆုံးနေသလို အဲဗာတန်က ၃ ပွဲဆက် နိုင်ပွဲပျောက်နေပြီး ယူနိုက်တက်ကလည်း ၂ ပွဲဆက်ရှုံးထားလို့ နည်းပြဆိုးလ်ရှား ဖိအားများနေပါတယ်။
အဲဗာတန်မှာ ရစ်ချာလီဆန် ပွဲပယ်ခံထားရပေမယ့်လည်း ဒစ်ဂ်နေး၊ ဟာမီးစ်ရိုဒရီဂွက်ဇ်တို့ ပြန်လည်ပါဝင်လာမှာဖြစ်လို့ အားအပျော့ကြီး မဟုတ်ပါဘူး။
ယူနိုက်တက်မှာ လင်ဒီလော့ဖ် ပါဝင်ဖို့ မသေချာသလို COVID-19 ပျောက်ကင်းလာတဲ့ တဲလက်စ်ကတော့ ပါဝင်ကစားနိုင်ဖွယ် ရှိနေပါတယ်။
လက်ရှိပုံစံအရ အဲဗာတန်က အသင်းလိုက် ကစားအားကောင်းသလို ယူနိုက်တက်ကတော့ ဝါးအစည်းပြေသလို ဖြစ်နေပါတယ်။
ယူနိုက်တက်က သရေကျရင် ၃၀ နာကျင်ရမှာဖြစ်ပြီး ဂိုးပေါင်းကြေးကတော့ ၃+၅၀ ပါ။ အဲဗာတန် အနိမ့်ဆုံး သရေကစားနိုင်မယ်လို့ ထင်ပါတယ်။
ခန့်မှန်ရလဒ် – အဲဗာတန် ၁-၁ ယူနိုက်တက်

ခရစ္စတယ်ပဲလေ့စ် Vs လိဒ်စ်ယူနိုက်တက်
ည ၉း၃၀ နာရီ(ဆဲလ်ဟတ်ပါ့ခ်)
ပဲလေ့စ်ကွင်း နောက်ဆုံး ၃ ပွဲရလဒ်
၉-၃-၂၀၁၃ ပဲလေ့စ် ၂-၂ လိဒ်စ်
၁၄-၁-၂၀၁၂ ပဲလေ့စ် ၁-၁ လိဒ်စ်
၂၅-၄-၂၀၁၁ ပဲလေ့စ် ၁-၀ လိဒ်စ်
နှစ်သင်းစလုံးက လတ်တလောမှာ ရလဒ်တွေ ဆိုးရွားနေပြီး အမှတ်ပေးဇယား အထက်အောက်နေရာမှာ ရပ်တည်လျက်ရှိပါတယ်။
အသင်းခေါင်းဆောင် မီလိုဂျီဗစ် ပွဲပယ်ခံထားရတာက ပဲလေ့စ်အတွက် အားနည်းချက်ဖြစ်ပြီး လိဒ်စ်နဲ့တွေ့ဆုံတဲ့ ပြိုင်ပွဲစုံ နောက်ဆုံး ၈ ပွဲမှာ ၁ ပွဲသာနိုင်ကာ ၂ ပွဲသရေ၊ ၅ ပွဲရှုံးထားပါတယ်။
လိဒ်စ်မှာ ရိုဒရီဂို ကိုဗစ်ကူးစက်ခံထားရပြီး တိုက်စစ်ပိုင်း အားနည်းနိုင်ပေမယ့် ဘမ်ဖို့ဒ် ရှိနေပါသေးတယ်။
ယူနိုက်တက်ကို အိုးလ်ထရက်ဖို့ဒ်မှာ အနိုင်ရထားပြီး ဇာဟာ၊ အာယူး၊ တောင်ဆန်၊ ကိုရာတေးတို့ရှိနေတဲ့ ပဲလေ့စ်ကို ဧည့်သည်လိဒ်စ်က =၃၀ ပေးထားပါတယ်။
လိဒ်စ် ကပ်နိုင်မယ်ထင်ပါတယ်။
ခန့်မှန်းရလဒ် – ပဲလေ့စ် ဝ-၁ လိဒ်စ်

ချဲလ်ဆီး Vs ရှက်ဖီးလ်ယူနိုက်တက်
ည ၁၂း၀၀ နာရီ(စတမ်းဖို့ဒ်ဘရစ်ချ်)
ချဲလ်ဆီးကွင်း နောက်ဆုံး ၃ ပွဲရလဒ်
၃၁-၈-၂၀၁၉ ချဲလ်ဆီး ၂-၂ ရှက်ဖီးလ်
၁၇-၃-၂၀၀၇ ချဲလ်ဆီး ၃-၀ ရှက်ဖီးလ်
၇-၅-၁၉၉၄ ချဲလ်ဆီး ၃-၂ ရှက်ဖီးလ်
အမှတ်ပေးဇယား အဆင့် ၇ နေရာက ချဲလ်ဆီးဟာ ပြိုင်ပွဲစုံ နောက်ဆုံး ၇ ပွဲ ဆက်တိုက် ရှုံးပွဲမရှိသေးဘဲ နောက်ဆုံး ၅ ပွဲမှာဆိုရင် ပေးဂိုးမရှိဘဲ ၁၀ ဂိုး သွင်းထားပါတယ်။
အမှတ်ပေးဇယား အောက်ဆုံးနေရာက ရှက်ဖီးလ်ကတော့ ဇူလိုင် ၁၁ ရက်က ချဲလ်ဆီးကို အိမ်ကွင်းမှာ ၃ ဂိုးပြတ် အနိုင်ရပြီးနောက်ပိုင်း ပြိုင်ပွဲစုံ ၁၁ ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေပါတယ်။
ချဲလ်ဆီးမှာ ပူလီဆစ်၊ ကိုင်ဟာဗက်ဇ်တို့ မပါဝင်နိုင်ပေမယ့်လည်း ဇီရက်ချ်၊ ဗာနာတို့က ခြေစွမ်းကောင်း ပြန်ရနေပါတယ်။
အာဆင်နယ်၊ လီဗာပူးလ်နဲ့ မန်စီးတီးတို့ကို ကျဉ်းမြောင်းတဲ့ရလဒ်နဲ့ ရှုံးနိမ့်ထားတဲ့ ရှက်ဖီးလ်ကို ချဲလ်ဆီးက ၁-၆၀ အထိ အကျောပေးထားပြီး လမ်းပတ်ရဲ့အသင်း လုံလောက်တဲ့ သွင်းဂိုးနဲ့ နိုင်ပွဲဆက်ဦးမှာပါ။
ခန့်မှန်းရလဒ် – ချဲလ်ဆီး ၃-၁ ရှက်ဖီးလ်

ဝက်စ်ဟမ်း Vs ဖူလ်ဟမ်
ည ၂း၃၀ နာရီ(လန်ဒန်ကွင်း)
ဝက်စ်ဟမ်းကွင်း နောက်ဆုံး ၃ ပွဲရလဒ်
၂၃-၂-၂၀၁၉ ဝက်စ်ဟမ်း ၃-၁ ဖူလ်ဟမ်
၂၁-၇-၂၀၁၇ ဝက်စ်ဟမ်း ၂-၁ ဖူလ်ဟမ်
၃၀-၁၁-၂၀၁၃ ဝက်စ်ဟမ်း ၃-၀ ဖူလ်ဟမ်
လန်ဒန်ဒါဘီပွဲဖြစ်ပြီး နှစ်သင်းစလုံးက နောက်ဆုံး ၅ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရယူထားတာကလည်း တူညီပါတယ်။
ဝက်စ်ဘရွန်းကို အနိုင်ရခဲ့တဲ့ ဖူလ်ဟမ်ဟာ ဒီရာသီ ပထမဆုံး လိဂ်နိုင်ပွဲ ရယူနိုင်ခဲ့လို့ စိတ်ဓာတ်တက်ကြွနေပေမယ့်လည်း လက်ရှိခြေစွမ်းအရ ဒေးဗစ်မိုရက်စ်ရဲ့ဝက်စ်ဟမ်းက ခြေစွမ်းပိုင်း ပိုကောင်းတာ အမှန်ပါပဲ။
အိမ်ရှင်ဝက်စ်ဟမ်းက ၁+၇၅ အကျောပေးထားပြီး လိဂ် ၃ ပွဲဆက် နိုင်ပွဲပျောက်ဆုံးမှုကို ရပ်တန့်ဖို့ ကြိုးစားတော့မယ့် မိုရက်စ်ရဲ့အသင်းကိုပဲ ရွေးချယ်ချင်ပါတယ်။
ခန့်မှန်းရလဒ် – ဝက်စ်ဟမ်း ၂-၀ ဖူလ်ဟမ်