လက်မခံနိုင်စရာ အမှားများလုပ်ခဲ့ဟု တန်ဟက် ဝန်ခံ

အာဆင်နယ်နှင့်ပွဲတွင် လက်ခံနိုင်စရာမရှိသည့် အမှားအယွင်းများလုပ်ခဲ့ကြောင်း မန်ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်က ပြောသည်။

ပ-အကျော့တွင် ၃-၁ ဂိုးဖြင့် အနိုင်ရခဲ့သော ယူနိုက်တက်သည် မားကပ်စ်ရက်ရှ်ဖို့ဒ်၏ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။

ထို့ကြောင့် မန်ချက်စတာကလပ်သည် တတိယနေရာမှ နယူးကာဆယ်အား ကျော်ဖြတ်နိုင်မည့် အခွင့်အရေး လက်လွှတ်ခဲ့ရသလို အာဆင်နယ်နှင့်လည်း တပွဲပို ၁၁ မှတ် လျော့နည်းလျက်ရှိသည်။

တန်ဟက်က ဦးဆောင်ဂိုး အရင်သွင်းယူပြီးမှ ရှုံးပွဲကြုံရခြင်းက လက်ခံနိုင်စရာမရှိဘဲ အမှားများမှတဆင့် သင်ခန်းစာယူရမည်ဟု ဆိုသည်။

“သူတို့သွင်းသွားတဲ့ အဖွင့် ၂ ဂိုးက ထောင့်ကန်ဘောကနေ စတင်ခဲ့တာပါ။ ကျွန်တော်တို့ ဂိုးထောင့်နားမှာ အမှားတွေအများကြီးလုပ်ခဲ့တယ်။

အဲဒါတွေက မဖြစ်သင့်ပါဘူး။ ကျွန်တော်တို့ လေ့လာသင်ယူရမယ့် သင်ခန်းစာတွေပါပဲ” ဟု တန်ဟက်က ဖွင့်ဟသည်။

Ref:fourfourtwo

Facebook Comments Box
Facebook Comment