
“လက်တစ်လှမ်းအကွာကို ရောက်လာပြီဖြစ်တဲ့ မက်ဆီရဲ့ ၁၈ ကာရက် ရွှေအိပ်မက်”

✍️မောင်ရဲတိုက်
♦️FIFA 2022ကမ္ဘာ့ဖလားပြိုင်ပွဲကြီးရဲ့ နောက်ဆုံးဗိုလ်လုပွဲကြီးကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဒီညမှာတော့ သိပ်ကိုရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းတဲ့ အသင်းနှစ်သင်းရဲ့ ချန်ပီယံတိုက်ပွဲကို ရှုစားကြရမှာဖြစ်ပြီး ကြည့်ရှုသူသက်သက်သာဖြစ်တဲ့ ကျွန်တော်တို့လို ပရိသတ်တွေတောင် အင်မတန် စိတ်လှုပ်ရှားနေရင် အမှန်တကယ် ဝင်ရောက်ကစားကြမယ့် နှစ်ဖက်ကစားသမားတွေရဲ့ရင်ထဲ ဘယ်လောက်တောင် ဗြောင်းဆန်နိုင်မလဲဆိုတာ မှန်းဆကြည့်နိုင်ပါတယ်။ ဒါ့အပြင် မက်ဆီနဲ့အမ်ဘာပေ၊ ဖာနန်ဒက်နဲ့ချူအာမီနီ၊ အယ်လစ္စတာနဲ့ ဂရစ်စမန်း၊ အယ်ဗာရက်နဲ့ ဒမ်ဘီလီ စသဖြင့် သူ့နေရာနဲ့သူ အကောင်းဆုံးဖြစ်နေကြတဲ့ ကစားသမားတွေရဲ့ ထိပ်တိုက်တွေ့ဆုံမှုကိုလည်း ဒီညမှာရှုစားကြရမှာဖြစ်ပါတယ်။
ဘုရင်ကြီးမက်ဆီကပဲ ၁၈ကာရက်ရှိတဲ့ ရွှေဖလားကို သိမ်းပိုက်နိုင်သွားမလား၊ လက်ရှိချန်ပီယံပြင်သစ်ကပဲ ကမ္ဘာ့ဖလားကို နှစ်ကြိမ်ဆက်ရယူနိုင်တဲ့ တတိယမြောက်အသင်းအဖြစ် ပန်းဝင်နိုင်မလား စိတ်ဝင်တစားစောင့်ကြည့်ရပါဦးမယ်။ ဒါကြောင့် ဒီလိုကြီးကျယ်တဲ့ကစားသမားတွေရဲ့ ခမ်းနားလှတဲ့ပြိုင်ပွဲကြီးအတွက် ကျွန်တော်လေ့လာမိသမျှကို ပွဲကြိုလေးတစ်ခုအဖြစ် ရိုးသားစွာတင်ဆက်ပေးပါရစေ။ ညိုကီတို့ အမြဲပြောနေကျအတိုင်းပြောရရင် အပိုင်ပွဲဆိုတာမရှိတာမို့ ဒီပွဲကြိုလေးဟာ ဘယ်သူနိုင်မယ်မနိုင်ဘူး အတပ်ဟောနေတဲ့ပွဲကြိုမဟုတ်ဘဲ စာဖတ်သူတို့ ယုံကြည်ရာကို ရွေးချယ်နိုင်အောင် အထောက်အကူပြုပေးမယ့် ပွဲကြိုတစ်ခုအနေနဲ့ သဘောထားပေးဖို့ မျှော်လင့်မိပါတယ်။
◾ အာဂျင်တီးနား Vs ပြင်သစ်
🔵 အာဂျင်တီးနား
ခရိုအေးရှားနဲ့ပွဲမှာ အနားရထားတဲ့ ဒီမာရီယာကို ဒီပွဲမှာပြန်မြင်ရနိုင်ပါတယ်။ အရေးကြီးတဲ့ပွဲမှာ စီနီယာကစားသမားတွေကို လိုအပ်နေတာဖြစ်လို့ ဒီမာရီယာပါလာခြင်းက အာဂျင်အတွက် အားတက်စရာပါပဲ။ ဒါ့အပြင် LBနေရာမှာ ပွဲပယ်ပြစ်ဒဏ်ပြည့်သွားပြီဖြစ်တဲ့ အကူနာပြန်ပါဝင်လာနိုင်မှာဖြစ်လို့ နောက်တန်းမှာ ပွဲထွက်ကစားသမားလေးယောက်လုံးကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ နည်းပြစကာလိုနီဟာ ရှုံးထွက်အဆင့်ကစလို့ အသင်းရဲ့ကစားကွက်ကို ပြိုင်ဘက်အပေါ်ကြည့်ပြီး ပြောင်းလဲခဲ့တာတွေ့ရပါတယ်။
ဩစတြေးလျနဲ့ပွဲမှာ ပုံမှန် (၄-၃-၃)ကိုအသုံးပြုခဲ့ပေမယ့် နယ်သာလန်နဲ့ပွဲမှာ ဖြတ်တင်ဘောတွေကို ပိတ်ဆို့ဖို့ (၅-၃-၂)ပုံစံမျိုး ကစားခဲ့ပြီး ကွင်းလယ်ကောင်းတဲ့ခရိုအေးရှားနဲ့ပွဲမှာတော့ (၄-၄-၂)နဲ့ကစားခဲ့တာ တွေ့ရပါတယ်။ ဒါကြောင့် ဒီညဖိုင်နယ်မှာ နည်းပြစကာလိုနီ ဘယ်လိုကစားကွက်ကို သုံးမလဲမသိနိုင်သေးသလို ဝှက်ဖဲတွေလည်း ရှိကောင်းရှိနေနိုင်ပါတယ်။ အချို့က မက်ဆီကိုတည်ပြီး ကစားကွက်ကိုပုံဖော်တယ်လို့ဆိုကြသလိုပဲ နည်းပြစကာလိုနီဟာ ပြိုင်ဘက်အသင်းရဲ့ အနေအထားကိုကြည့်ပြီး မက်ဆီဝင်လမ်းထွက်လမ်းသာမယ့် ကစားကွက်ကို ဖန်တီးပေးထားတယ်လို့ပြောနိုင်ပါတယ်။ ကျန်အသင်းဖော်များဟာလည်း မက်ဆီကို အားဖြည့်ကူညီနေရတာကို ဘုရားသခင်ဆီမှာ အမှုတော်ထမ်းနေရသလို ကျေကျေနပ်နပ်ကြီးလုပ်နေကြတာဖြစ်ပါတယ်။ အထူးသဖြင့် ကွင်းလယ်လူ ဒီပေါလ်ဟာ မက်ဆီရဲ့ ဘော်ဒီဂတ်ရယ်လို့တောင် တင်စားခံရတဲ့အထိကို အားဖြည့်ကူညီနေတာ တွေ့ရပါတယ်။
🔵ပြင်သစ်
ပြင်သစ်ရဲ့ ကမ္ဘာ့ဖလားခရီးက ထင်သလောက် မလွယ်ကူခဲ့ပါဘူး။ နာမည်ကျော်ကစားသမားတွေဖြစ်တဲ့ ကန်တီ၊ ပေါ့ဘာ၊ အန်ကူကူနဲ့ ဒီနှစ်ရဲ့ ဘလွန်းဒီအောဆုရှင် ဘန်ဇီမာတို့ကို ထားခဲ့ရပြီး ချီတက်လာခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် နည်းပြဒက်ချမ့်ရဲ့ ကစားသမားတွေဟာ စီနီယာနောင်တော်ကြီးတွေရဲ့နေရာကို ကောင်းကောင်းကြီး ပခုံးလွှဲပြောင်းနိုင်ခဲ့ပါတယ်။ ကန်တီ၊ပေါ့ဘာ မပါတဲ့ကွင်းလယ်ဟာ ချူအာမီနီ၊ ရာဘီရော့တို့နဲ့ တင့်တယ်ခဲ့ပြီး ဂီရော့ဒ်ကလည်း ဘန်ဇီမာနေရာမှာ အဖိုးတန်သွင်းဂိုးတွေနဲ့ အသုံးတော်ခံလျက်ရှိပါတယ်။ လိပ်ကလေးအမ်ဘာပေကတော့ အထူးပြောစရာမလိုအောင် ပုံစံကောင်းရနေတာဖြစ်ပြီး အနာဂတ်ရဲ့ GOATတစ်ယောက်ဖြစ်လာမယ်ဆိုတာ ယုံမှားသံသယဖြစ်စရာမရှိပါဘူး။
ဒါပေမယ့် ပြင်သစ်အသင်းတည်းခိုတဲ့နေရာမှာ ထူးဆန်းတဲ့အအေးမိတုပ်ကွေးပိုးတစ်မျိုး ပျံ့နှံ့နေပြီး ဒီရောဂါကြောင့် အူပါမီကာနိုနဲ့ ရာဘီရော့တို့ မော်ရိုကိုနဲ့ပွဲမှာ လွဲချော်ခဲ့ရပါတယ်။ အဆိုပါကစားသမားနှစ်ဦးဟာ မနေ့ကထရိန်နင်မှာတော့ အသင်းနဲ့အတူ ပြန်ပူးပေါင်းနိုင်ခဲ့တာ တွေ့ရပေမယ့် ဂီရော့ဒ်ကတော့ လေ့ကျင့်ခန်းမှာ ခြေချင်းဝတ်ကို အနည်းငယ်ထိခိုက်သွားကြောင်း သိရှိထားရပါတယ်။ ကြီးမားတဲ့ဒဏ်ရာမဟုတ်ပေမယ့် တခြားတိုက်စစ်မှုးတစ်ဦးဖြစ်တဲ့ မားကပ်သူရမ်ကို နည်းပြဒက်ချမ့်က လေ့ကျင့်ကွင်းမှာ အနီးကပ်မှာကြားနေတာမျိုးတွေ တွေ့ရပြီး ဂီရော့ဒ်တကယ်ပဲ မကစားနိုင်တာလား၊ နည်းပြဒီဒီယာဒက်ချမ့်စ်ရဲ့ အကွက်ရွှေ့မှုလားဆိုတာ ဒီညမှပဲ ကွဲကွဲပြားပြားသိရပါလိမ့်မယ်။
📈 ကြေးဖွင့်လှစ်မှု
မူလက ပြင်သစ်ဘက်က သရေ၅ပြားရှုံးနဲ့ စတည်ခဲ့ပေမယ့် ဒီမနက်မှာတော့ အာဂျင်ဘက်က သရေ၁၀ရှုံးနဲ့ ပြန်အကျောပေးထားတာတွေ့ရပါတယ်။ ဘန်ဇီမာပြန်လာမှာ မဟုတ်ကြောင်း သေချာပြီးတဲ့နောက် ဂီရော့ဒ်ကလည်း အနည်းငယ်ဒဏ်ရာရနေတဲ့အချိန်မှာ ပြင်သစ်ဘက်က ကြေးကျသွားတာ ဖြစ်သင့်သလို အာဂျင်တီးနားဟာလည်း မက်ဆီရဲ့ဂုဏ်သတင်းကြောင့် ကြေးပေးအသင်းဖြစ်တာ သဘာဝကျပါတယ်။ ဂိုးပေါင်းကတော့ (၂-၂၀)နဲ့စတင်ခဲ့ပြီး အခုချိန်မှာ (၂-၃၀)ကို အနည်းငယ်တက်လာပါတယ်။ နှစ်ဖက်စလုံးမှာ လက်ရှိကမ္ဘာ့ဖလားရဲ့ ဂိုးသွင်းအများဆုံးကစားသမားတွေ ပါဝင်နေပြီး တစ်ဖက်ကို အနည်းဆုံး တစ်ဂိုးစီလောက်တော့ ထွက်လာဖို့ရှိမယ်လို့ ထင်မိပါတယ်။
📝 သုံးသပ်ချက်
မက်ဆီနဲ့ရော်််နယ်ဒိုရဲ့ ပြိုင်ဆိုင်မှုကို မမြင်ရတော့ပေမယ့် ရော်နယ်ဒိုရဲ့ အကြီးဆုံးပရိသတ်တစ်ဦးဖြစ်တဲ့ အမ်ဘာပေနဲ့ မက်ဆီရဲ့ အားပြိုင်မှုကိုတော့ တွေ့မြင်ရမှာဖြစ်ပါတယ်။ စီနီယာGOATနဲ့ ဂျူနီယာGOATတို့ထဲက ရွှေဖိနပ်ကို ဘယ်သူရသွားမလဲဆိုတာလည်း စိတ်ဝင်စားစရာပါပဲ။ ဒီပွဲမှာ အာဂျင်အနိုင် 34%၊ ပြင်သစ်အနိုင် 34%နဲ့ သရေကျဖို့ 32%တို့ ရှိနေပြီး အာဂျင်တီးနားတစ်ဂိုးရဖို့ ဖြစ်နိုင်ချေ62%၊ ပြင်သစ်တစ်ဂိုးရဖို့ ဖြစ်နိုင်ချေ62%ဆိုပြီးလည်း အချက်အလက်တွေက ညီမျှနေတာကို အံ့အားသင့်ဖွယ်တွေ့မြင်ရပါတယ်။ ဒီလောက်ခမ်းနားတဲ့ အသင်းနှစ်သင်းရဲ့ တွေ့ဆုံမှုကို မိနစ်ကိုးဆယ်ထဲကြည့်ရမှာ နှမြောမိတာကြောင့် (၁-၁)နဲ့သရေကျဖို့တောင် မျှော်လင့်မိပါသေးတယ်။
ဒါပေမယ့် နှစ်ဖက်အသင်းရဲ့ နောက်တန်းတွေက အလျော့ဓာတ်အနည်းငယ်ရှိနေသလို နှစ်ဖက်တိုက်စစ်ကစားသမားတွေရဲ့ စွမ်းဆောင်နိုင်မှုကြောင့် (၁-၁)ကနေ ဂိုးတွေထပ်တက်လာဖို့ ခက်ခဲမယ်မထင်မိပါဘူး။ ဒါ့အပြင် ဒီပွဲမှာ အာဂျင်တီးနားဟာ မက်ဆီရဲ့နောက်ဆုံးပန်းတိုင်ကို ကြည့်ရှုလိုတဲ့လူတွေကြောင့် တစ်ကမ္ဘာလုံးရဲ့ Favoriteဖြစ်နေမှာလည်း သေချာပါတယ်။ ဒီပွဲကြိုမှာ အာဂျင်တီးနားအနိုင်လို့ ပေါ့ပေါ့ပါးပါးချရေးလိုက်ရင် စာဖတ်သူတွေအများကြီး နှစ်သက်အားပေးကြမှာကိုလည်း သိပါတယ်။ ဒါပေမယ့် တစ်ခြမ်းကပ်နေရင် မှောက်တတ်တဲ့သဘောရှိတတ်တာမို့ မိနစ်ကိုးဆယ်အတွင်း ပြင်သစ်မရှုံးနိုင်ဘူးလို့ယူဆမိပြီး ရှုံးခဲ့ရင်လည်း (၂-၁)နဲ့ရှုံးဖို့များတာကြောင့် ပြင်သစ်နဲ့ ဂိုးပေါ်ဆို တစ်ကွက်တော့ရနိုင်မယ်လို့ ယူဆမိပါကြောင်း အကြံပြုရေးသားလိုက်ရပါတယ်။
🎯 ရွေးချယ်မှု
✅ ပြင်သစ်
✅ ဂိုးပေါ်
⚽ ခန့်မှန်းရလဒ် – (၁-၁)/ (၁-၂)
အားလုံး အောင်ပွဲဆင်နိုင်ကြပါစေ။