ရှက်ကင်ဒီယာနှင့်ပွဲမတိုင်မီ ဂိုးပေါက်ကျဉ်းနေမှုကြောင့် မော်ရင်ဟို စောဒကတက်ခဲ့

စပါးစ်နည်းပြဟိုဆေးမော်ရင်ဟိုသည် ရှက်ကင်ဒီယာအား ၁-၃ ဂိုးဖြင့် အနိုင်ရရှိသည့်ပွဲမတိုင်မီ ကွင်း၏ဂိုးမှာ ငယ်နေမှုကြောင့် ယူအီးအက်ဖ်အေကို စောဒကတက်ခဲ့ရာ အောင်မြင်မှု ရရှိခဲ့သည်။

စပါးစ်သည် ယူရိုပါလိဂ်တတိယအဆင့်ခြေစစ်ပွဲတွင် အဲရစ်လာမီလာ၊ ဆန်ဟောင်မင်း၊ ဟယ်ရီကိန်းတို့၏ သွင်းဂိုးများဖြင့် ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

မော်ရင်ဟိုသည် ပွဲမတိုင်မီ သွေးပူလေ့ကျင့်ခန်း ပြုလုပ်နေစဉ် ဂိုးသမားများ ဖြစ်သည့် ဂျိုးဟတ်နှင့် ဟူဂိုလိုရစ်တို့က ဂိုးပေါက်မှာ အနည်းငယ် ငယ်နေကြောင်း အသိပေးလာမှုကြောင့် ယူအီးအက်ဖ်အေမှ တာဝန်ရှိသူများကို တင်ပြခဲ့ခြင်း ဖြစ်သည်။ တကယ်တမ်းတွင်လည်း ဂိုးပေါက်မှာ ၅ စင်တီမီတာ ငယ်နေခဲ့သည်။

မော်ရင်ဟိုက “ပွဲမတိုင်ခင် ရယ်စရာအဖြစ် ကြုံခဲ့တယ်။ ကျွန်တော့်ဂိုးသမားတွေက ဂိုးပေါက် အနည်းငယ်ငယ်နေတယ်လို့ လာပြောကြတယ်။ ကျွန်တော်လည်း သွားကြည့်တော့ ဂိုးပေါက်ကျဉ်းနေတာ တွေ့ရတယ်။ ဂိုးသမားတွေက ဂိုးပေါက်မှု နာရီပေါင်းများစွာ ကုန်ဆုံးလာခဲ့ကြတဲ့သူတွေပါ။ ဂိုးက ပုံမှန်အခြေအနေမဟုတ်ဘူးဆိုတာ သူတို့ သိကြပါတယ်။ ကျွန်တော်က ဂိုးသမားမဟုတ်ပေမယ့် ငယ်စတည်းက ဘောလုံးအကြောင်းသိလာခဲ့တဲ့သူပါ။ ဂိုးမှာ လက်ဆန့်ပြီး ကြည့်လိုက်ရင် အကွာအဝေးကို သိနိုင်ပါတယ်။ ကျွန်တော်လည်း တစ်ခုခု မှားနေပြီဆိုတာ သိလိုက်ရတယ်။ ယူအီးအက်ဖ်အေက တာဝန်ရှိသူတွေကို အသိပေးလိုက်တယ်။ ဂိုးက ၅ စင်တီမီတာ ငယ်နေတယ်။ ဒီတော့ ကျွန်တော်တို့လည်း ဂိုးတိုင်အမှန်နဲ့ လဲလှယ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်”ဟု ပြောကြားသွားခဲ့သည်။

ယင်းပွဲနှင့်ပတ်သက်၍ မက်စီဒိုးနီးယားကလပ် ရှက်ကင်းဒီယား၏အမှားမဟုတ်ဟု ယူဆရသည်။ ရှက်ကင်းဒီယာတို့၏အိမ်ကွင်းမှာ ယူအီးအက်ဖ်အေ၏သတ်မှတ်ချက် နှင့် ကိုက်ညီမှု မရှိ၍ အခြားကွင်းတွင် ကစားခဲ့ရ ခြင်းလည်း ဖြစ်သည်။

Facebook Comments Box
Facebook Comment