“ရွှေအိုရောင်အိပ်မက်တွေအတွက် ရုန်းကန်ရဦးမယ့် ဒေါ့မွန်”

(တနင်္ဂနွေည စိတ်ကြိုက်ရွေးချယ်မှု)

✍️ မောင်ရဲတိုက်

Soccer 88ရဲ့ စာဖတ်သူပရိသတ်အားလုံးမင်္ဂလာပါ။ ကျွန်တော်ကတော့ ပွဲကြိုခန့်မှန်းသူ မောင်ရဲတိုက်ဖြစ်ပါတယ်။ ဒီညမှာကစားကြမယ့် စူပါဆန်းဒေး ပွဲစဉ်တွေထဲက ကောင်းနိုးရာရာရိုက်ကွက်တွေကို ဦးစားပေးအဆင့်တွေနဲ့ မိတ်ဆွေတို့အတွက် ရွေးချယ်ထားပါတယ်။ ကျွန်တော့်ရဲ့ ရွေးချယ်မှုဟာ မိတ်ဆွေတို့အကြိုက်နဲ့ ထပ်တူကျနေမလားဆိုတာ စောင့်ကြည့်ပေးကြပါဦး။

🎯 ဦးစားပေး(၁)

⚔️ ဒေါ့မွန် Vs ဝုဖ်ဘတ်
🎲 ဒေါ့မွန် (၁-၄၅) / (၃-၅၀)

ဒေါ့မွန်ဟာ ဒီပွဲကိုအနိုင်ရခဲ့ရင် ဘိုင်ယန်နဲ့တစ်မှတ်အကွာကနေ အဆင့်(၁)နေရာကို ဆက်လက်ဖိအားပေးနိုင်မှာပါ။ ပြီးခဲ့တဲ့အပတ်က အဝေးကွင်းမှာ ဘိုချမ်ကို သရေကျခဲ့လို့ ဘိုင်ယန်ကို အမှတ်ပေးဇယားမှာ ပြန်လည်ဦးဆောင်ခွင့်ပြုလိုက်ရတာ ရင်နာစရာပါ။ ဒေါ့မွန်ဟာ အိမ်ကွင်းမှာ ပုံစံကောင်းတွေပြသရင်း ရလဒ်ကောင်းတတ်ပေမယ့် အဝေးကွင်းကိုက်ခဲမှုက သူတို့ကို ချန်ပီယံအဖြစ်နဲ့ လွဲချော်စေဖို့ ဇာတာဖန်လာပါတယ်။ ဒီညပွဲအပါအဝင် ကစားဖို့ကျန်နေတဲ့ လေးပွဲက ဝုဖ်ဘတ်၊ဂလာဘတ်၊ အော့စ်ဘတ်၊ မိန့်ဇ်တို့ဖြစ်ပြီး သုံးပွဲက အိမ်ကွင်းမှာ ကစားရမှာမို့ ချန်ပီယံအိပ်မက်အတွက် ရလိုရငြား ကြိုးစားခွင့်တော့ရှိပါသေးတယ်။ ဒီလို အရေးကြီးလာချိန်မှာ အသင်းရဲ့ အဓိကကစားသမားတွေ အစုံအလင်ရှိနေတာမို့ ငွေ့ငွေ့လေးပဲကျန်တော့တဲ့ ချန်ပီယံအိပ်မက်ကို ဆက်လက်ရှင်သန်စေနိုင်မလား စောင့်ကြည့်ရပါဦးမယ်။

ဝုဖ်ဘတ်ကလည်း အဆင့်(၇)နေရာမှာ ရှိနေပြီး ဒီညပွဲကို အနိုင်ရခဲ့ရင် ဥရောပဝင်ခွင့်တစ်နေရာကို ရရှိနိုင်ပါသေးတယ်။ ဒီအသင်းဟာ ဘွန်ဒက်လီဂါရဲ့ အဝေးကွင်းကောင်းတဲ့အသင်းတွေထဲမှာ အဆင့်(၃)နေရာမှာရှိနေပြီး နောက်ဆုံးအဝေးကွင်း(၅)ပွဲမှာလည်း တစ်ပွဲသာရှုံးနိမ့်ထားတာတွေ့ရပါတယ်။ တစ်ဖန် အဝေးကွင်းပေးဂိုးကလည်း ၁၅ဂိုးသားရှိထားလို့ အဝေးကွင်းပေးဂိုးအနည်းဆုံးအသင်းလည်း ဖြစ်နေပါတယ်။ ဒါကြောင့် ဒေါ့မွန်အတွက် ဝုဖ်ဘတ်ဟာ လုပ်ရကိုင်ရလွယ်စေမယ့် ပြိုင်ဘက်မျိုးတော့ မဟုတ်ပါဘူး။

ဒီနှစ်သင်း ပထမအကျော့တွေ့ဆုံစဉ်က ဝုဖ်ဘတ်က သူတို့အိမ်ကွင်းမှာ (၂-၀)နဲ့ အနိုင်ရခဲ့ပါတယ်။ ဂျာမန်ပွဲတွေဟာ များသောအားဖြင့် ဂိုးမြူးလေ့ရှိပေမယ့် ဒီနှစ်သင်းရဲ့တွေ့ဆုံမှု နောက်ဆုံး၁၀ကြိမ်မှာ သုံးဂိုးအထက်ရောက်ခဲ့တာ နှစ်ပွဲပဲရှိပါတယ်။ ဒီရာသီမှာလည်း ဒေါ့မွန်က အိမ်ကွင်းခံစစ်အကောင်းဆုံး၊ ဝုဖ်ဘတ်က အဝေးကွင်းခံစစ်အကောင်းဆုံးမို့ ဂိုးတွေထင်သလောက် သွားနိုင်မယ်မထင်ပါဘူး။ ‌ပြီးခဲ့တဲ့အပတ်က ဘိုချမ်ကို ဒေါ့မွန်က (၁-၅၀)နဲ့ အဝေးကွင်းကနေပေးခဲ့ပြီး အဲဒီ့ဘိုချမ်ကိုပဲ ဝုဖ်ဘတ်က (=-၅၀)နဲ့ အဝေးကွင်းမှာပေးခဲ့လို့ နှစ်သင်းကြားမှာ တန်ဖိုးကွာခြားချက်က ပြား၁၀၀ရှိပါတယ်။ ဒါကြောင့် ဒေါ့မွန်အနေနဲ့ ဝုဖ်ဘတ်ကို (1D)နဲ့ ကြေးကျောပေးသင့်ပါတယ်။ ဝုဖ်ဘတ်နဲ့ကြေးတန်းတူ ဖရန့်ဖတ်ကိုလည်း ဒေါ့မွန်က (1D)နဲ့ ပေးခဲ့တာ တွေ့ရပါတယ်။ ဒါပေမယ့် ဒီညမှာတော့ ဖရန့်ဖတ်ထက် အဝေးကွင်းပိုကောင်းတဲ့ ဝုဖ်ဘတ်ကို ဒေါ့မွန်က (၁-၄၅)နဲ့ ပြင်းရှစွာဖွင့်ထားပုံအရတော့ ဒေါ့မွန် မဖြစ်မနေအနိုင်ကစားလာမယ့်ပုံပါပဲ။ ချန်ပီယံအိပ်မက်အတွက် သေချာပေါက်အားထုတ်လာမယ့် ဂျာမန်အဝါတို့ အနိုင်သေချာပြီး ဂိုးပြတ်၊မပြတ်ကိုသာ ရင်ခုန်ရမယ့်ညပါပဲ။

✅ ဒေါ့မွန် ဘော်ဒီ

🎯 ဦးစားပေး (၂)

⚔️ နယူးကာဆယ် Vs အာဆင်နယ်
🎲 နယူးကာဆယ် (=-၁၀) / (၃+၂၀)

နယူးကာဆယ်က အဆင့်(၃)မှာရှိနေပေမယ့် အဆင့်(၂)ကို ခြိမ်းခြောက်နိုင်စွမ်းတော့မရှိပါဘူး။ ကြားရက်မှာ မန်ယူက ရှုံးခဲ့တော့ သူတို့ရဲ့အဆင့်(၃)နေရာက အတော်ခိုင်မာလာပါပြီ။ နောက်ဆုံးသုံးပွဲဆက် အနိုင်ရခဲ့ပြီး ထိုသုံးပွဲမှာ ၁၃ဂိုးအထိရထားတဲ့ တိုက်စစ်က ကြောက်ခမန်းလိလိပါ။ ဒါပေမယ့် ခံစစ်က အရင်လိုကျစ်လစ်မှမရှိတော့ဘဲ နောက်ဆုံး၆ပွဲဆက် ပေးဂိုးတွေခွင့်ပြုထားရပါတယ်။ ဒီရာသီရဲ့ အိမ်ကွင်းခံစစ်အကောင်းဆုံးအသင်းက ဒီလိုပေးဂိုးတွေ စိပ်လာတာ အားရစရာတော့မဟုတ်ပါဘူး။

အာဆင်နယ်အတွက်က ဒီညနိုင်ခဲ့ရင်တောင် အဆင့်(၁)က မန်စီးတီးနဲ့ တစ်ပွဲပိုကစားပြီး တစ်မှတ်အကွာမှာရှိနေဦးမှာပါ။ သင်္ချာနည်းအရ ဖြစ်နိုင်သေးပေမယ့် လက်တွေ့မှာတော့ အတော့်ကို ဝေးကွားသွားပါပြီ။ ဒါပေမယ့် နည်းပြအာတီတာကတော့ ဆက်လက်ကြိုးစားဖို့ အသင်းသားတွေကို တွန်းအားပေးထားပါတယ်။ ဒါပေမယ့် အခုထိ ဆာလီဘာနေရာကို အစားထိုးနေကြတဲ့သူတွေက အဆင်မပြေသေးပါဘူး။ ချယ်ဆီးနဲ့ပွဲမှာ ချယ်ဆီးရသွားတဲ့တစ်ဂိုးက အာဆင်နယ်နောက်ခံလူတွေရဲ့ ပေါ့ဆမှုကိုထင်ရှားစေပါတယ်။ မတော်လို့ ဒီညမှာသာ သုံးမှတ်အပြည့်မရခဲ့ရင် ချန်ပီယံအိပ်မက်က ပြီးဆုံးသွားမှာမို့ ဂန်းနားတို့ ကြိုးစားဖို့လိုနေပါပြီ။

ဒီနှစ်သင်းရဲ့ ပထမအကျော့တွေ့ဆုံမှုမှာ အာဆင်နယ်က အိမ်ကွင်းမှာ (၁+၇၀)နဲ့ အကျောပေးခဲ့လို့ ဒီညမှာ အာဆင်နယ်အနေနဲ့ အနိုင်ရဖို့သေချာမယ်ဆိုရင် (=-၇၀)နဲ့ အနိမ့်ဆုံးအကျောပေးနိုင်ပါတယ်။ ဆာလီဘာမပါလို့ ကြေးကျမယ်ဆိုရင်တောင် (=-၅၀)နဲ့ပေးလို့ရနေသေးတာကို အခုက နယူးကာဆယ်ကနေ (=-၂၀)အထိ ပေးနေတာက ပြင်းလွန်းပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းမှာ နယူးကာဆယ်က ဆောက်သမ်တန်ကို (၂+၆၀)နဲ့ အကျောပေးခဲ့ပြီး အာဆင်နယ်က (၂+၁၀)နဲ့ပေးခဲ့လို့ အခုထိ အာဆင်နယ်က ငှက်ကျားတွေထက် ကြေးမြင့်နေဆဲပါ။ ဒါကိုတောင် ငှက်ကျားတွေဘက်က ပေါက်နေတဲ့အနေအထားအရ အာဆင်နယ်ရဲ့ ငွေ့ငွေ့လေးကျန်နေတဲ့ ချန်ပီယံအိပ်မက်ဟာ စိန့်ဂျိမ်းပါ့ခ်မှာ အဆုံးသတ်ဖို့ဖြစ်လာတော့မှာပါ။ နယူးကာဆယ်ကိုပဲ ဂိုးပေါ်နဲ့တွဲရွေးထားသင့်ပါတယ်။

✅ နယူးကာဆယ် + ဂိုးပေါ်

ဒီညအတွက် ကျွန်တော့်ရဲ့ ရွေးချယ်မှုကတော့ ဒီလိုရှိပါတယ်။

🎯 ဒေါ့မွန် ဘော်ဒီ

🎯 နယူးကာဆယ် + ဂိုးပေါ်

ဒီရွေးချယ်မှုလေးတွေဟာ မိတ်ဆွေတို့အကြိုက်နဲ့ ထပ်တူကျလို့ အတူတူအောင်ပွဲဆင်နိုင်မယ်လို့ မျှော်လင့်ရင်း နှုတ်ဆက်ခဲ့ပါတယ်။ မနက်ဖြန်မှာ ကစားမယ့် စူပါဆန်းဒေး လိဂ်ပွဲစဉ်တွေနဲ့အတူ ကျွန်တော်ပြန်လာခဲ့ပါဦးမယ်။

အားလုံး အောင်ပွဲဆင်နိုင်ကြပါစေ။

soccer88

Facebook Comments Box
Facebook Comment