ရွိုင်ကိန်း၏ အရူးအပေါဟု ဝေဖန်ခဲ့သည့် ဝေါလ်ကားကို ဒီဘရိုင်း ကာကွယ်

ကီဗင်ဒီဘရိုင်းသည် ရွိုင်းကိန်းက မန်စီးတီးညာနောက်ခံလူကိုင်လီဝေါလ်ကားအား အရူးအပေါဟု ဝေဖန်ပြောကြားသွားမှုအပေါ် ကာကွယ်ပြောကြားလာသည်။ ရွိုင်ကိန်းသည် မန်စီးတီးနှင့် လီဗာပူးတို့ တစ်ဂိုးစီသရေကျသည့်ပွဲတွင် ပင်နယ်တီ ပေးရအောင် ပြုလုပ်ခဲ့သည့် ဝေါလ်ကားကို အရူးအပေါဟု ဝေဖန် ပြောကြားခဲ့သည်။

ယခုအခါ ကီဗင်ဒီဘရိုင်းက “ကိုင်လီဟာ ဒီကို ရောက်လာကတည်းက ကျွန်တော်တို့အသင်းမှာ ဆက်တိုက်ခြေစွမ်းပြနိုင်တဲ့ ကစားသမားတွေထဲက တစ်ဦး ဖြစ်ပါတယ်။ ဒဏ်ရာလည်း ဘယ်တုန်းကမှ မရပါဘူး။ ပွဲတိုင်း ကစားရတယ်။ သူက အရမ်းကောင်းတဲ့ နောက်ခံလူပါ။ သူ လုပ်ခဲ့တာတွေ အရမ်းကောင်းပါတယ်။ အခြားနေရာတွေနဲ့ နှိုင်းယှဉ်ရင်တော့ အမြင်ကွဲပြားလာပါမယ်။ ကိုင်လီ လုပ်တာနဲ့ပတ်သက်ပြီး လီဗာပူးက ထရန်းရဲ့ လုပ်ဆောင်မှုကို နှိုင်းယှဉ်လို့ မရပါဘူး။ ထရန်းက တိုက်စစ်ကို ပိုလိုက်ပါရတယ်။ ကိုင်လီက ဒီမှာ ကွဲပြားတဲ့ တာဝန်ကို ယူထားရပါတယ်။ ဒါပေမယ့် သူ အရမ်းကောင်းအောင် လုပ်နိုင်ပါတယ်။ ဒါကြောင့်လည်း သူဟာ ဒီအသင်းမှာ အချိန်တိုင်း ကစားခွင့်ရနေတာပေါ့။ ဒါကို ကြည့်ရင် သူ အရမ်းကောင်းတယ်ဆိုတာ သက်သေပြနေပါတယ်။ ရွိုင်းကိန်း ပြောတာနဲ့ပတ်သက်ပြီး ဘာပြဿနာမှ မရှိပါဘူး။ သူက မမူထူးတဲ့သူပါ။ ဒါကို လူတိုင်းလည်း သိတယ်။ ဒါက သူ့အမြင်ပါ။ သူကလည်း မေးစေ့ကို ထိုးနှက်ပါလိမ့်မယ်။ ဒါမှသာ သူ နေသာထိုင်သာ ရှိပါလိမ့်မယ်”ဟု ပြောကြားသွားသည်။

မကြာသေးမီတုန်းက အင်္ဂလန်နည်းပြဂရေမီဆောက်ဂိတ်ကလည်း ဝေါလ်ကားကို ရွိုင်ကိန်း၏ ဝေဖန်မှုအပေါ် ကာကွယ်သွားသည်။

Facebook Comments Box
Facebook Comment