ရော်နယ်ဒို အယောင်ပြပြီး ဘရူနိုနဲ့ သုံးမှတ် အပြည့်ယူ ခဲ့တဲ့ ပေါ်တူဂီ

ပေါ်တူဂီ ၂-၀ ဥရုဂွေး

ရော်နယ်ဒို ကတော့ ရော်နယ်ဒို လုပ်နေကျ အတိုင်း လုပ်သွားပါပြီ။ သူ့ကို ဥရုဂွေး တစ်သင်းလုံး အာရုံ စိုက်နေကြတဲ့ အချိန်မှာ ဘရူနို ဖာနန်ဒက်က နှစ်ဂိုး သွင်းပြီး ၁၆ သင်းရှုံးထွက် အဆင့်ကို တက်သွားခဲ့တာ ဖြစ်ပါတယ်။

ပထမဂိုး ဆိုရင် ဘရူနို ကန်တင်တဲ့ ဘောလုံးကို ခေါင်းနဲ့ ဖြတ်တိုက်ရာမှာ မထိဘဲ ဂိုးထဲ တန်းဝင်သွားခဲ့ ပါတယ်။ ဒါပေမယ့် အဲဒီဂိုးကို ဘရူနိုဆိုတဲ့ နာမည် ပြောင်းပြီး မထိုးခင် အထိ ကွင်းထဲမှာ သူသွင်းသလို အောင်ပွဲခံနေ ခဲ့တာပါ။

ဂိုးသွင်းနိုင်တာ မသွင်းနိုင်တာထက် ကွင်းထဲမှာ ကစားခွင့် ရချိန်တိုင်း အသင်း အတွက် ရာနှုန်းပြည့် ကြိုးစားရုန်းကန် နေတဲ့ ရော်နယ်ဒိုကို ပြိုင်ဘက်တွေ အထူး အာရုံစိုက်မှုဟာ အသင်းဖော်တွေ အတွက် အကောင်းဆုံး အထောက်အပံ့ ပါပဲ။

ဒုတိယဂိုးကိုတော့ ပွဲပြီးခါနီးမှာ ရတဲ့ ပယ်နယ်တီ လက်ဆောင်ကို ဘရူနိုက သွင်းယူပေးခဲ့ ပါတယ်။ ပေါ်တူဂီဟာ ကမ္ဘာ့ဖလား ချန်ပီယံဆုကို ကောင်းကောင်း စိန်ခေါ်နိုင်ကြောင်း သက်သေပြခဲ့တဲ့ ပွဲတစ်ပွဲ ဖြစ်ပါတယ်။

Facebook Comments Box
Facebook Comment