ရော်နယ်ဒို၏ ဂျာစီကို မလျှော်နိုင်အောင် ဖြစ်နေဟု ကာမာဗင်ဂါ ဖွင့်ဟ

ပေါ်တူဂီအသင်းနှင့် ဂိုးမရှိ သရေကျသော နေးရှင်းလိဂ်ပွဲစဉ်တွင် ကမ္ဘာ့အကောင်းဆုံး ကစားသမား ၅ ဆုရှင် ရော်နယ်ဒို၏ ဂျာစီကို လက်ခံရရှိခဲ့သော ပြင်သစ် ကွင်းလယ်လူ ကာမာဗင်ဂါက အလွန်ပျော်ရွှင်မိပြီး ထိုဂျာစီကို မလျှော်ဘဲ သိမ်းဆည်းထားမည်ဟု ပြောသည်။

အသက် ၁၇ နှစ်အရွယ် ရင်းနက်စ် ကစားသမား ကာမာဗင်ဂါသည် ယူရို ၂၀၁၆ ချန်ပီယံ ပေါ်တူဂီနှင့်ပွဲတွင် အရန်လူစာရင်းမှသာ ပါဝင်ခွင့်ရခဲ့ပြီး လူစားလဲကစားခွင့် မရခဲ့ပေ။

အဆိုပါပွဲတွင် ပေါ်တူဂီကပ္ပတိန် ရော်နယ်ဒိုသည် ပွဲချိန်ပြည့် ပါဝင်ကစားသွားခဲ့ပြီး ပွဲအပြီးတွင် ကာမာဗင်ဂါက ၎င်း လေးစားအားကျရသည့် ရော်နယ်ဒို၏ ဂျာစီကို တောင်းယူခဲ့ခြင်းဖြစ်သည်။

ပြင်သစ်အသင်း၏ အသက်အငယ်ဆုံး ကစားသမား၊ အသက်အငယ်ဆုံး ဂိုးသွင်းသူအဖြစ် စံချိန်တင်ထားသော ကာမာဗင်ဂါသည် ရော်နယ်ဒိုကို လေးစားချစ်ခင်သူဖြစ်ပြီး အနာဂတ်တွင် ၎င်း၏ခြေရာအတိုင်း ရီးရဲလ်မက်ဒရစ်သို့ သွားရောက်ကစားရန် စိတ်ပိုင်းဖြတ်ထားသူဖြစ်သည်။

ပေါ်တူဂီနှင့် ပွဲအပြီးတွင် ကာမာဗင်ဂါက snapchat မှတစ်ဆင့် ရော်နယ်ဒို၏ ကျောနံပါတ် ၇ ပါ ဂျာစီကိုတင်ကာ “ဒါကို ငါမလျှော်ရက်ဘူး” ဟု ရေးသားထားသည်။

ရီးရဲလ်သည် ပြင်သစ်အသင်းအတွက် ၂ ပွဲကစား ၁ ဂိုးသွင်းထားသော ကာမာဗင်ဂါကို စိတ်ဝင်စားခဲ့သော်လည်း ကိုရိုနာဗိုင်းရပ်စ် ကာလအတွင်း ဘဏ္ဍာရေးအခြေအနေ ကန့်သတ်မှုများကြောင့် ခေါ်ယူမည့် အစီအစဉ်အား ရွှေ့ဆိုင်းထားသည်။

မန်ယူနိုက်တက်နည်းပြ ဆိုးလ်ရှားကလည်း ပေါ့ဂ်ဘာ၏နေရာတွင် ကာမာဗင်ဂါနှင့် အစားထိုးရန် ပြင်ဆင်ထားသည်ဟုလည်း သိရသည်။

Ref:dailymail

Facebook Comments Box
Facebook Comment