ရော်နယ်ဒို၏ ကမ္ဘာ့ဖလားခြေစစ်ပွဲဂိုးသွင်းစံချိန်ကို မက်ဆီနှင့်ဆွာရက်ဇ်လိုက်မီ

လီယွန်နယ်မက်ဆီနှင့် လူးဝစ်ဆွာရက်ဇ်တို့သည် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ဘရာဇီးဂန္ထဝင်တိုက်စစ်မှူးရော်နယ်ဒို၏ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ဂိုးအများဆုံးသွင်းယူထားသည့် စံချိန်ကို လိုက်မီခဲ့ကြသည်။

ဘရာဇီးဂန္ထဝင်တိုက်စစ်မှူးရော်နယ်ဒိုသည် တောင်အမေရိကကမ္ဘာ့ဖလား ခြေစစ်ပွဲတွင် ၃၉ ဂိုးသွင်းကာ တောင်အမေရိကကမ္ဘာ့ဖလားခြေစစ်ပွဲများ၌ သွင်းဂိုးအများဆုံးအဖြစ် ရပ်တည်နေခဲ့သူလည်း ဖြစ်သည်။ ဆွာရက်ဇ်သည် ချီလီအား ၂-၁ ဂိုးဖြင့် အနိုင်ရရှိသည့်ပွဲတွင် ပထမပိုင်း၌ ရရှိသည့် ပင်နယ်တီမှ တဆင့် ဂိုးသွင်းကာ ရော်နယ်ဒို၏ စံချိန်ကို လိုက်မီခဲ့ခြင်း ဖြစ်သည်။ ဆွာရက်ဇ်၏ဘာစီလိုနာကစားဖော်ဟောင်းမက်ဆီမှာလည်း အီကွေဒေါအား ၁-၀ ဖြင့် အနိုင်ရရှိသည့်ပွဲတွင် ပင်နယ်တီမှပင် ဂိုးသွင်းကာ လိုက်မီခဲ့ခြင်း ဖြစ်သည်။

မက်ဆီသည် အာဂျင်တီးနားအသင်းအတွက် ၇၁ ဂိုးမြောက် သွင်းနိုင်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံအတွက် စုစုပေါင်း သွင်းယူသည့် ဂိုးတွင်ပင် ဆွာရက်ဇ်၊ ရော်နယ်ဒိုတို့ထက် များပြားနေသည်။

ယခုအခါ လူးဝစ်ဆွာရက်ဇ်နှင့် မက်ဆီတို့သည် ရော်နယ်ဒိုနှင့် စံချိန်တူညီသွားပြီ ဖြစ်၍ လာမည့်ပွဲများတွင် တောင်အမေရိကကမ္ဘာ့ဖလားခြေစစ်ပွဲတွင် သွင်းဂိုးအများဆုံး ကစားသမားအဖြစ် မှတ်တိုင်သစ် ရေးထိုးရန် အခွင့်အရေး ရရှိနေပြီ ဖြစ်သည်။

Facebook Comments Box
Facebook Comment